Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီ သိုလှောင်ကန်များနှင့် အပြည်အပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသို့ ကြည့်ရှုစစ်ဆေး

Tue, 11/07/2023 - 10:28 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီရောက်ရှိ  သိုလှောင်ထားရှိမှု အခြေအနေများ၊ ဆီအရည်အသွေးစစ်ဆေးမှု အခြေအနေများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ဖြန့်ဖြူးပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  သတ်မှတ်အရည်အသွေးအတိုင်း ထိန်းသိမ်းဖြန့်ဖြူးရေး၊ လျော့နည်းမှုမဖြစ်စေရေး၊ သတ်မှတ်အချိန်အတွင်း ဖြန့်ဖြူးရေးမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနရှိ အသေးစားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများ ပြခန်းပြန်လည်မွမ်းမံနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များမှာကြားခဲ့ကြောင်း သိရသည်။                                                                                                                              

 

MOC(IR)