Main menu

Background

အရည်အသွေးမြှင့်ပေါင်းစပ်ရောနှောဆီ

Tue, 11/07/2023 - 11:28 -- journal_editor

ကမ္ဘာပေါ်တွင် စားသုံးဆီကို အင်အားဖြစ်စေသော ပင်မ အစားအစာအဖြစ် သတ်မှတ်၍ ချက်ပြုတ်ခြင်းနှင့် မုန့်ဖုတ်ခြင်းတို့တွင်  အဓိက အသုံးပြုကြသည်။   ချက်ပြုတ်ခြင်းအတွက် ဆီအရည်ပိုင်း များသော မပြည့်ဝဆီများကိုအသုံးပြုလေ့ရှိကြပြီး မုန့်ဖုတ်လုပ်ငန်း များတွင် လုပ်ငန်းသဘာဝ လိုအပ်ချက်အရ အခဲပိုင်းပါသော ပြည့်ဝ အဆီများကို အသုံးပြုလေ့ရှိသည်။ 
စားသုံးဆီတို့၏  အရည်ပုံသဏ္ဌာန်ဖြစ်တည်မှု (သို့)အခဲပျစ်ပျစ် ပုံသဏ္ဌာန်ဖြစ်တည်မှုတို့၏ အကြောင်းတရားသည် ဆီ၏ ဓာတုဗေဒ ဆိုင်ရာ  ဖွဲ့စည်းပုံကြောင့်ဖြစ်သည်။ စားသုံးဆီသည် ဂလစ်စရော မော်လီကျူးနှင့် ဖက်တီးအက်ဆစ် သုံးမျိုးတို့ တွဲဆက်နေသော ထရိုင် ဂလစ်စရိုက်ပင်ဖြစ်သည်။ ဖက်တီးအက်ဆစ်များဖြစ်ကြသော ပြည့်ဝ အဆီအက်ဆစ်၊ မိုနိုမပြည့်ဝအဆီအက်ဆစ်နှင့် ပိုလီမပြည့်ဝ အဆီ အက်ဆစ်တို့သည် အချိုးအမျိုးမျိုးဖြင့် ပေါင်းစပ်ပါဝင်နေလေ့ရှိကြ သည်။ ထို့ပြင် ပေါ်လီဖီနောအုပ်စုဝင် အရောင်ပေးပစ္စည်းများ၊ အနံ့ ပေးပစ္စည်းများအပြင် ဆီအမျိုးအစားပေါ်မူတည်၍ ဗီတာမင်အီး၊ ဂမ်မာအိုရီဇနော၊ ကလိုရိုဖီးလ် စသည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ လည်း တွဲဆက်ပါဝင်နေလေ့ရှိသည်။
စားသုံးဆီတွင် သဘာဝအတိုင်း ပါဝင်ပေါင်းစပ်ထားကြသော ဖက်တီးအက်ဆစ်အမျိုးမျိုးတို့၏ ပေါင်းစပ်ပုံအချိုး (Fatty Acid Profile)  တို့သည် ဆီတစ်မျိုးနှင့်တစ်မျိုး မတူညီကြပေ။ ထို့ကြောင့် ဆီတစ်မျိုးချင်းစီ၏ ဝိသေသလက္ခဏာနှင့် ပင်ကိုအရည်အသွေးတို့ ကွဲပြားနေရခြင်းဖြစ်သည်။ စားသုံးဆီ၏ ပင်ကိုအရည်အသွေးများ သည် စားသုံးသူတို့၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် လည်း ဆက်နွှယ်လျက်ရှိရာ အဓိကအားဖြင့် နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါတို့သည် ဆီစားသုံးမှု  မမှန်ကန်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization-WHO ၏ ၂၀ဝ၈ ခုနှစ် ပြဋ္ဌာန်းချက်အရ စားသုံးဆီ၏ သဘော သဘာဝပေါ်မူတည်၍ ကျန်းမာရေးအထောက်အကူပြု  စားသုံးဆီ Healthy Oil)တွင် (က) ပြည့်ဝအဆီအက်ဆစ်၊ မိုနိုမပြည့်ဝ အဆီ အက်ဆစ်နှင့် ပိုလီမပြည့်ဝအဆီ အက်ဆစ်တို့၏ အချိုးသည် ၁ ါ် ၁.၅ ါ် ၁ ရှိရ မည်။  (ခ) မရှိမဖြစ်လိုအပ်သော အဆီအက်ဆစ် (Essential Fatty Acid) များဖြစ်ကြသောLinoleic (အိုမီဂါ ၆) နှင့် Linolenic  (အိုမီဂါ ၃) တို့၏ အချိုးသည်5:1 မှ 10:1 အတွင်းရှိရမည်။  (ဂ)ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ရမည်ဟု ဖော်ပြထားသော်လည်း စားသုံးဆီတစ်မျိုးချင်းစီ၏ အဆီအက်ဆစ်ဖွဲ့စည်းပုံများအရ ယင်း ပြဋ္ဌာန်းချက် အမှတ်စဉ် (က)နှင့်(ခ)တို့ကို မည်သည့် ဆီအမျိုးအစား ကမျှ ကိုက်ညီခြင်းမရှိကြောင်း လေ့လာတွေ့ရှိနိုင်သည်။ ထို့ပြင် ပြည့်ဝဆီ၊ မိုနိုဆီနှင့် ပေါ်လီဆီတို့တွင် မပြည့်ဝမှုပိုများ သောဆီအမျိုး အစားက လူတို့၏ကျန်းမာရေးအတွက် ပို၍သင့်လျော်သော ဂုဏ် သတ္တိရှိသော်လည်း အပူကြောင့်ဓာတ်တိုးခြင်း Thermal Oxidation)) ဖြစ်စဉ်၌မူ မပြည့်ဝမှုများသော ဆီအမျိုးအစားက တည်ငြိမ်မှုအား နည်းကြသည်။ ဆီသား တည်မြဲမှုအားနည်းခြင်းကြောင့် ဆီ၏အထား ခံနိုင်မှုသက်တမ်း (Shelf Life) ကိုပါ ကျဆင်းလာစေသည်။ 
စားသုံးဆီသုံးစွဲခြင်းမှ ရရှိလာမည့် အာဟာရဆိုင်ရာ အချက် အလက်များသည် ၎င်းတွင်ပါဝင်သော  ဖက်တီးအက်ဆစ် အမျိုး အစားနှင့် ပေါင်းစပ်မှုအချိုးအစား၊ မပြည့်ဝအဆီအက်ဆစ် ပမာဏ နှင့် ဖက်တီးအက်ဆစ်များ၏ တည်ဆောက်ပုံ စသည်တို့ပေါ်တွင် မူတည်နေသည်။ ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲခန်းများ၏ စမ်းသပ် ချက်များအရ    ပြည့်ဝအဆီများသည်  သွေးတွင်းအဆီဓာတ် (Cholesterol) ကို မြင့်တက်စေပြီး မိုနိုဆီနှင့်ပိုလီဆီကဲ့သို့ မပြည့်ဝ အဆီများကမူ ဆန့်ကျင်ဘက်အာနိသင်ရှိကြကြောင်း သိရှိရသည်။ 
စားသုံးသူတို့၏ ခေတ်နှင့်အညီ ပြောင်းလဲလာသော လူနေမှု  ပုံစံများနှင့်   စားသောက်မှုပုံစံများကြောင့်  ဆီစားသုံးမှုပေါ်တွင် ရွေးချယ်မှု များနှင့် သုံးစွဲမှုနည်းစနစ်များသည်လည်း လိုက်ပါပြောင်း လဲလာကြရသည်။ စားသုံးသူများသည် ]]အစာလည်းဆေး၊ ဆေး လည်းအစာ}}ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ပြုလာကြပြီး ကျန်း မာရေးအတွက် သင့်လျော်ရုံသာမက ဆီသားတည်မြဲမှု မြင့်မားသော စားသုံးဆီကို အလိုရှိလာကြသည်။ ထို့ကြောင့် ဆီသားတည်မြဲမှုကို အားကောင်းစေပြီး ဆီ၏ အထားခံနိုင်မှု သက်တမ်းကိုလည်း ကြာ ရှည်စေကာ အာဟာရဆိုင်ရာတန်ဖိုးလည်း မြင့်မားသော စားသုံးဆီ အမျိုးအစားသစ်ကို ဖန်တီးရန်အလို့ငှာ သင့်လျော်သည့် ဆီအချင်း ချင်းကို နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍ ပေါင်းစပ်လာကြသည်။ ထိုသို့ ရောနှောပေါင်းစပ်ပြီးသည့်အခါ ရရှိလာသော ဆီအမျိုးအစား သစ်သည် မူလပေါင်းစပ်ရာတွင် ပါဝင်သော ဆီအမျိုးအစားများ ထက် သာလွန်ကောင်းမွန်သော ဂုဏ်အရည်အသွေးရှိပြီး စီးပွားရေး အရလည်း တွက်ချေကိုက်စေသည်။ 
ရောနှောပေါင်းစပ်ဆီ၏ ဆီသားတည်မြဲမှု အားကောင်းစေ ရန်နှင့် အထားခံနိုင်မှု သက်တမ်း ကြာရှည်နိုင်ရန် တစ်နည်းအားဖြင့် ဆီသားတည်မြဲမှုရှိသော အဆီအက်ဆစ် အချိုးအစား (Fatty Acid Profile))ကို  ရရှိစေရန် ဆီများကို စနစ်တကျ ရောနှောပေါင်းစပ်ရ မည်။ သဘာဝ အအေးကြိတ်ဆီထုတ်နည်းဖြင့် ရရှိလာသော စားသုံး ဆီ (Cold Pressed Oil) များသည် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ် အောက်၌သာ ထုတ်လုပ်ထားခြင်းဖြစ်သည့်အပြင် ဓာတုပစ္စည်းများ လည်း အသုံးပြုထားခြင်းမရှိသောကြောင့်  ၎င်းဆီတွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို တည်မြဲစေ၍ ၎င်းဆီအမျိုးအစား ဖြင့် ရောစပ်ပါက ဆီသားတည်မြဲမှု အားကောင်းစေကြောင်း လေ့လာ  တွေ့ရှိရသည်။
ဟင်းသီးဟင်းရွက်ဆီအုပ်စုဝင် မပြည့်ဝမှုများသော ဆီများကို အထားခံနိုင်မှုသက်တမ်း   ကြာမြင့်စေရန်ရည်ရွယ်၍   ဆီထဲသို့                     ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ဖြတ်သန်းစေခြင်း Hydrgenation)ဖြင့် ဆီခဲ ပြုလုပ်ထားလေ့ရှိသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် လူတို့၏ ကျန်းမာ ရေးအတွက် အန္တရာယ်ဖြစ်စေသော ပုံပြောင်းအဆီအက်ဆစ် Trans Fatty Acids) များကို ဖြစ်ပေါ်စေသည်။ ဆီအမျိုးအစားများကို မှန် ကန်စွာသုံးသပ်ပြီး အချင်းချင်း ရောနှောပေါင်းစပ်ရာမှ ရရှိလာသော ပေါင်းစပ်ဆီအသစ်သည် ပုံပြောင်းအဆီအက်ဆစ်ကို ဖြစ်ပေါ်စေ ခြင်းမရှိဘဲ ဆီ၏အထားခံနိုင်မှုကို ကြာရှည်စေနိုင်မည်ဖြစ်သည်။ 
အပူကြောင့် ဓာတ်တိုးခြင်း (Thermal Oxidationနှင့် အလင်း ကြောင့် ဓာတ်တိုးခြင်း (Photo Oxidationတို့ကြောင့် ဆီသားတည် ငြိမ်မှုကို ကျဆင်းစေပြီး ဆီပျက်စီးခြင်းမှ ကင်းဝေးစေရန် ရောနှော ပေါင်းစပ်သင့်သော ဆီအမျိုးအစားနှင့် အချိုးအစားများမှာ အဆင့် မြင့်စားအုန်းဆီ ((Palm Olein)နှင့် ကနိုလာမုန်ညင်းဆီ (Canola Oil) ) 50:50)၊ အဆင့်မြင့်စားအုန်းဆီနှင့် နှမ်းဆီ (50:50)၊ ဖွဲနုဆီနှင့် အဆင့်မြင့်စားအုန်းဆီ  (80: 20) သို့မဟုတ် (70:30)၊ ဖွဲနုဆီနှင့် သံလွင်ဆီ Olive Oil (70:30) နေကြာဆီနှင့် ရိုးရိုးစားအုန်းဆီ (Palm Oil)(65:35) စသည်ဖြင့် သုတေသနပညာရှင်များက အကြံပြု ထားကြသည်။ Chem.Sci Rev Lett 2018, 7(27), 840-847)
ပေါင်းစပ်ရောနှောဆီများသည် ၎င်းတို့၏ မူလပါဝင်ဘက် အဆီအက်ဆစ်တစ်မျိုးချင်းစီထက်   အာဟာရတန်ဖိုးနှင့်တကွ ကျန်းမာရေးအတွက်ပါ အကျိုးသက်ရောက်မှု ပို၍မြင့်မားစေပြီး သေချာစွာ စီမံရောနှောပေါင်းစပ်ထားသည့် ဟင်းသီးဟင်းရွက်ဆီ အမျိုးအစားသစ်တစ်ခုပင်ဖြစ်သည်။ ၎င်းတွင် ကျန်းမာရေးနှင့်ညီ ညွတ်သော အဆီအက်ဆစ်ဖွဲ့စည်းပုံအသစ် ရှိလာခြင်း၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ပါဝင်မှုနှုန်းများလာခြင်း၊ အိုမီဂါ ၆ နှင့် အိုမီဂါ ၃ အချိုးအစား မှန်ကန်လာခြင်းတို့ကြောင့် သွေးတိုးရောဂါ၊ နှလုံး ရောဂါနှင့် ဆီးချိုရောဂါ စသည့်နာတာရှည် ဝေဒနာသည်များအတွက် အကျိုးရှိစေမည့် ကျန်းမာရေးဆီလည်းဖြစ်သည်။ 
ဟင်းသီး ဟင်းရွက်ဆီများကို မူလဆီအတိုင်း စားသုံးခြင်း မပြု ဘဲ သင့်လျော်သည့် ဆီအမျိုးအစားများကို အချိုးတစ်ခုဖြင့်ရောနှော ပြီး ပေါင်းစပ်ရောနှောဆီ Blended Oil) ပြုလုပ်ရခြင်း၏ အဓိကရည် ရွယ်ချက်များမှာ မိမိတို့အလိုရှိသော အဆီအက်ဆစ် ဖွဲ့စည်းပုံအသစ် ကို  ရရှိလာစေရန်၊ ဆီသားတည်ငြိမ်မှုရရှိစေရန်နှင့် လူသားတို့၏ ကျန်းမာရေးကို အထောက်အကူပြုရန်တို့အပြင်  စွမ်းဆောင်ရည် ပိုမိုမြင့်မား၍ စီးပွားရေး  တွက်ခြေကိုက်စေရန်တို့လည်း ပါဝင်နေ သည်။ 
အချုပ်အားဖြင့်ဆိုရလျှင် စားသုံးဆီများကို ရောနှောပေါင်း စပ်ခြင်း Blending))သည် ဆီ၏ ဓာတုဖွဲ့စည်းပုံကို  ပြောင်းလဲရန်၊ ဆီသားတည်ငြိမ်မှုကို မြှင့်တင်ရန်၊ ကျန်းမာရေးကို အထောက်အကူ ပြုစေရန်တို့အတွက် ရိုးရှင်းသော နည်းလမ်းတစ်ခုဖြစ်သည်။ ရော နှောပေါင်းစပ်ဆီ ထုတ်လုပ်မည့် လုပ်ငန်းရှင်များအနေဖြင့် ဤနည်း လမ်းကို အသုံးပြုရာတွင်  ရောနှောပေါင်းစပ်ရမည့် သတ်မှတ်ရာခိုင် နှုန်း အချိုးအစားများအတိုင်း ရောစပ်ရန်၊ ရောစပ်ဆီဟူသည့် စကား ရပ်ကို ထုတ်ကုန်၏ အပြင်ထုပ်ပိုးပုံတွင် ထုပ်ပိုးပစ္စည်း အရွယ်အစား နှင့် လိုက်လျောညီထွေဖြစ်စေမည့် စာလုံးအရွယ်အစား၊ အရောင်တို့ ဖြင့် သိသာထင်ရှားစွာ ဖော်ပြရန်၊ အသင့်ထုပ်ပိုးထားသည့် ရောစပ် ဆီများ၏ အမှတ်တံဆိပ်တွင် ရောစပ်ထားသည့် ဆီအမျိုးအစားကို ပဲ-စားအုန်းရောစပ်ဆီ၊ နှမ်း-စားအုန်းရောစပ် ဆီ၊ ပဲရောဆီစသည် ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ် ပါကြောင်းနှင့် စားသုံးသူများအတွက် ဈေးနှုန်းသင့်တင့်ပြီး ဘေး အန္တရာယ်ကင်းရှင်းသည့် ရောနှောဆီ Blending Oil  များ ထုတ်လုပ် ဖြန့်ဖြူးနိုင်စေရေး ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။

အိအိချော (CTQM)