Main menu

Background

အွန်လိုင်းမှတ်ပုံတင်စနစ်၏ ပထမခြေလှမ်း

Tue, 11/07/2023 - 11:38 -- journal_editor

မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများ စနစ်တကျရှိစေရေးအတွက် စပါးတင်း ၅၀ဝ၀ (သို့) ဆန်တန် ၅၀ အထက် ဆန်စပါးသိုလှောင်မှု အခြေအနေများအား  ဒီဂျစ်တယ်နည်းလမ်း  အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online(MyRo) ဖြင့် မှတ်ပုံတင်နိုင်ရေး၊ သိုလှောင်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဆန်စပါး ဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျ မှတ်ပုံတင်စာရင်း ပြုစုထားနိုင်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းစီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့်Myanmar Rice Online(MyRo)၏Key User Trainingသင်တန်းကို အောက် တိုဘာ ၂၃ တနင်္လာနေ့  မွန်းလွဲ ၁း၃၀ နာရီမှ ညနေ ၅ နာရီအထိ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (အစည်းအဝေးခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့ရာ  ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များမှ သင်တန်းသား ၂၅ ဦးဖြင့် ဖွင့်လှစ်တက်ရောက်ခဲ့ကြသည်။ 
Key User Training သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက Warehouse Registration User Manual Version No:2.0 နှင့်ပတ်သက်၍ တက်ရောက် လာကြသူများသို့ ရှင်းလင်းမိတ်ဆက်ပေးခဲ့သည်။ 
အဆိုပါ လွယ်ကူလျင်မြန်သော ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်စာရင်းတင်ပြဆောင်ရွက်နိုင်မည့် Online Regi- stration   (MyRo) ကို  ၂၀၂၃ ခုနှစ်အတွင်း မကြာမီ စတင်အသုံးပြုနိုင်ရေးအတွက်  Digital Certificate ထုတ်ပေးနိုင်သည့် ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့သည့်Myanmar  Rice Online(MyRo)၏ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိနိုင်မည့် Key User Training  သင်တန်း Warehouse Registration User Manual Version No:2.0 ရှင်းလင်းမိတ်ဆက်ပွဲကို ပထမခြေလှမ်းအနေဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့်  အသေးစိတ် သိရှိလိုပါက www.Myron.com.mm  သို့ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သိရသည်။                

 

 စန္ဒာဝင်း၊ စားသုံး(ရန်ကုန်)