Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 11/07/2023 - 11:46 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၂၆ ရက်တွင် ရွှတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၈၆ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှနိုဝင်ဘာ ၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၇၈ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရပြီး ပြည်တွင်းရွှေဈေးသည်လည်း အောက်တိုဘာ ၂၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၄၃၆၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁ ရက်တွင်ကျပ် ၃၄၇၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီးGDP သည် - ၁၈ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏GDP  သည် ၁ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားသည်ကို သိရသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန် တစ်ဒေါ်လာနှင့်ညီမျှသော နိုင်ငံတကာ ငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်။ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ရက်ထိ ရက်သတ္တပတ်အတွင်း ကျပ် ၃၂၅၀ မှ ၃၂၆၀ ကြားရှိနေကြောင်းသိရသည်။

P&S