Main menu

Background

ဖွဲနုဈေးကွက်နှင့် ဖွဲနုတွင်ပါဝင်သော အာဟာရတန်ဖိုးများ

Tue, 11/07/2023 - 11:57 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ သောနိုင်ငံဖြစ်ပြီး စပါးကို အဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်သည်။   စပါးများကို ခေတ်မီဆန်စက်များ တွင် ကြိတ်ခွဲ၍ ထွက်ရှိလာသော ဆန်၊ဆန်ကွဲ၊  ဖွဲနု၊ ဖွဲကြမ်းများကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြုလျက်ရှိ ကြသည်။ ဆန်သည် လူတို့အတွက် အရေးအကြီး ဆုံး အာဟာရဖြစ်ပြီး ဖွဲနုသည်လည်း တိရစ္ဆာန်များ အတွက် အစားအစာအဖြစ် အသုံးပြုရသည်။   ငါး၊ ကြက်၊ ဝက်၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် အရေးပါသည့် အစားအစာတစ်မျိုးဖြစ်သည်။
ဖွဲနုတွင်ပါဝင်သော အာဟာရတန်ဖိုးများမှာ ပရိုတင်း၊ ဖိုင်ဘာနှင့် စွမ်းအင်တို့ မြင့်မားစွ ပါဝင် ပြီး ဗိုက်တာမင်နှင့် သတ္တုဓာတ်များလည်း များစွာ ပါဝင်ကြောင်း သိရသည်။ ထို့အပြင် အစာကြေ ညက်လွယ်ခြင်း၊  အူလမ်းကြောင်း  ကျန်းမာရေး ကောင်းမွန်စေခြင်းနှင့်Antioxidant တို့ပါဝင်သည့်  အတွက် တိရစ္ဆာန်များ ကိုယ်ခံအားစနစ်ကို တိုး တက်ကောင်းမွန်စေသည်။   သို့သော်  ဖွဲနုသည် အဆီထုတ်ထားသည့် ဖွဲနုမဟုတ်ပါက အဆီဓာတ် မြင့်မားစွာ ပါဝင်နေမည်ဖြစ်ပြီး အဆီမထုတ်ထား သော ဖွဲနုများကို ကာလကြာရှည်စွာ မလှောင် ထားသင့်ဘဲ လျင်လျင်မြန်မြန် အသုံးပြုသင့်သည်။ အဆီထုတ်ထားသော ဖွဲနုဖြစ်ပါက ကြာရှည်စွာ သိုလှောင်ထားနိုင်သည်။
သို့သော် ဖွဲနုတွင် သတ္တုဓာတ်များ စုပ်ယူမှု ကို အဟန့်အတားဖြစ်စေသည့်  Phytate  ပါဝင်မှုမြင့် မားသည့်အတွက်  Phytate  ကို ချေဖျက်ဖြိုခွဲပေး နိုင်သည့်  Phytate များကို ဖွဲနုအစာနှင့် တွဲဖက် အသုံးပြုသင့်သည်။ ဖွဲနုကိုတိရစ္ဆာန် အစာ များတွင် သင့်တင့်မျှတစွာ ထည့်သွင်းအသုံးပြုခြင်း က တိရစ္ဆာန်များအတွက် လွန်စွာ အာဟာရပြည့်ဝ စေ သည်။ ဖွဲနုတွင် အာဟာရတန်ဖိုးအဖြစ်  Crude Protein/  Crude Fat/ Crude Fiber တို့အပြင် Calcium / Phosphorus/  Methionine/ Lysine/ Choline/ Linoleic Acid  နှင့်  Metabolic Energy တို့ ပါဝင်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင်  မိုးစပါးများ လှိုင်လှိုင်ထွက်ရှိလာသောကြောင့် ဖွဲနု   ဈေးများလည်း  ကျဆင်းလျက်ရှိသည်။  ယခင် စက်တင်ဘာလက တစ်ပေါင်လျှင် ကျပ် ၄၂၀ ရှိခဲ့ သော်လည်း ယခုအခါတွင် ဈေးနှုန်း ကျဆင်းလျက် ရှိသည်။ ဖွဲနု  ၆၅ ပေါင်  တစ်အိတ်လျှင် ကျပ် ၂၄၀၅၀ဖြင့် အရောင်းအဝယ်ဖြစ်ပြီး အဓိကဝယ် လက်များမှာ ဒေသတွင်းငါးမွေးမြူရေးကန်များမှ ငါးစာအဖြစ် ဝယ်ယူသုံးစွဲလျက်ရှိပြီး ပိုလျှံသည့် ဖွဲနု များကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ အောက်တို ဘာ ပထမပတ်နှင့် ဒုတိယပတ်များတွင် တစ်ပေါင် လျှင် ကျပ် ၃၇၀ ဖြစ်ပြီး တတိယပတ်နှင့် စတုတ္ထ ပတ်များတွင်  ၃၇၅  ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။ 

 

ကျော်မျိုးထွန်း(သာယာဝတီ)