Main menu

Background

ဒီဇင်ဘာလအတွင်း စတင်ဝင်ရောက်လာမည့် ကြံရည်ချက် ပွက်သားအသစ်များ

Tue, 11/07/2023 - 11:59 -- journal_editor

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အင်းရွာ၊ မြတောင်၊ တွင်းငယ်စိုက်ကွင်းများမှ ရိတ် သိမ်းထွက်ရှိမည့် ကြံများကို ကျိုချက်မည့်ပွက်သားများ၊  သကြားနှင့်သကာရည် ကုန်စည်ဒိုင်အသင်း (မန္တလေး)  သို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးကုန်စည်ဒိုင် ဈေးကွက်အတွင်းသို့  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း  ငါးအိုး၊   မိုးဒါး၊  ရွှေကူစိုက်ကွင်းများမှ ရိတ်သိမ်းထွက်ရှိသော ကြံများကို ကျိုချက်မည့် ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။ 
ကုန်စည်ဒိုင်အတွင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်တွင် လက်ကျန် ပွက်သား (၈၅ ပိဿာဝင်) ပေပါပိုင်းပြတ် ၃၀ဝ၀ ခန့်သာ ကျန်ရှိသောကြောင့် လက်ကျန် နည်းပါးမှုအပေါ် ပွက်သားဈေး အနည်းငယ် ပြောင်းလဲကြောင်း ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌ ဦးမွန်နား၏ပြောပြချက်အရ သိရသည်။  
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကြံစိုက်ဒေသများမှ ယခုနှစ် ကြံရိတ်သိမ်းမည့်  ရာသီတွင် ဝေမာလ်သကြားစက်အပြင် ပုဂ္ဂလိကပိုင်ဖြစ်သော ငွေထိုက်အောင် သကြားစက်၊ ချိုထိပ်ထားသကြားစက်၊ မြတောင်သကြားစက်နှင့်  ြှဃ အများပိုင်ကုမ္ပဏီ သကြားစက်လေးခု တိုးချဲ့လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။  ယခုနှစ် မန္တလေးသကြားနှင့် သကာရည်ကုန်စည်ဒိုင်သို့  ကြံ ရည်ချက်ပွက်သား ဝင်ရောက်နိုင် မှုမှာ သကြားစက်လေးခု တိုးချဲ့လည်ပတ်ခြင်း၊ ပွက်သားဈေးကွက် လိုအပ်ချက်နည်းပါးခြင်း၊ ကြံဝယ်ယူ မည့်စက်ရုံ များပြားလာခြင်း၊ အလုပ်သမားရရှိမှုနှင့် ရာသီဥတုအခြေအနေအပေါ် မူတည်၍ယခုနှစ်ရာသီ တွင် ပွက်သားအသစ်ရရှိမှု နည်းပါးနိုင်ကြောင်း  သိရသည်။

 

ယဉ်ယဉ်ရွှေ