Main menu

Background

နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၉၁ ရာခိုင်နှုန်းကျော် ရောင်းချခဲ့ရ

Tue, 11/07/2023 - 12:29 -- journal_editor

ယခု ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲတွင်   ကျောက်စိမ်းအတွဲပေါင်း ၃၇၀ဝ ကျော်၊ ရာခိုင်နှုန်းအားဖြင့်  ၉၁ ရာခိုင်နှုန်း ကျော်ကို ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲဗဟိုကော်မတီ မှ သိရသည်။  
ကျောက်စိမ်းတွဲများအနေဖြင့်   အုပ်စု (A) အဖြစ် ကျောက်စိမ်း အတွဲပေါင်း ၅၂၀၊ အုပ်စု (B) အဖြစ် ကျောက်စိမ်းအတွဲပေါင်း    ၁၇၃၃ တွဲနှင့် အုပ်စု(C)အဖြစ် ကျောက်စိမ်းအတွဲပေါင်း  ၁၇၉၂ တွဲ၊ စုစုပေါင်း   ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက်  ရောင်းချခဲ့ရာ ယင်းတို့မှ ကျောက်စိမ်းအတွဲ ၃၇၀၄တွဲကို ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြပွဲအတွင်း ပုလဲအတွဲ ၃၀ဝ ကို ပြသ ရောင်းချရာတွင်လည်း အတွဲ ၃၀ဝလုံးနှင့် ကျောက် မျက်အတွဲ ၁၆၀ အနက်မှ ကျောက်မျက်အတွဲ ၇၃ တွဲကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။  
အဆိုပါပြပွဲများတွင် ကျောက်စိမ်းတွဲများကို ဝယ်ယူရာ၌ ယခင်က ယူရိုဖြင့်  သတ်မှတ်ထားခဲ့ ရာမှ  ယခုနှစ်   နှစ်လယ်ပြပွဲတွင် အမေရိကန် ဒေါ်လာ၊ ယွမ်၊ ဘတ်ငွေကြေးများဖြင့်ပါ  ရောင်းချ ပေးခဲ့ပြီး အဆင့်နိမ့်အသားကျောက် ကျောက်စိမ်း တွဲများကိုလည်း မြန်မာကျပ်ငွေနှင့် သီးသန့် ရောင်း ချပေးခဲ့ကြောင်း သိရသည်။
ထို နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမ တွင် အောက်တိုဘာ၂၀ရက်မှ ၂၈ရက်အထိ ကိုး ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်      မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁ ၉၆၄ ခုနှစ်မှ စတင်ပြီး ကျင်းပ ခဲ့ရာ ယခု  ၂၀၂၃ခုနှစ်အထိ     နိုင်ငံခြားငွေဖြင့် ရောင်းချခဲ့သည့်      မြန်မာ့ကျောက်မျက်ရတနာ ပြပွဲပေါင်း ၉၉ ပွဲ   ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

 

ပန်းဆု