Main menu

Background

ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ ကြိမ်၊ ဝါး၊ ဗေဒါ MSME လုပ်ငန်းများနှင့်ဈေးကွက်ရောင်းချမှု

Tue, 11/07/2023 - 13:08 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ရှိ အောင် မိသားစု Bamboo and Rattan Handmade Bags Production & Trading Centreမှ ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါ ကုန်ကြမ်း များကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက် ဝယ်လိုအား ရှိသော မြန်မာ့လက်မှုရိုးရာHandMade ပစ္စည်းများထုတ်လုပ်ရောင်းချလျက်ရှိပြီး ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့ များသည် ကြိမ်၊ဝါး၊ဗေဒါလက်မှုလုပ်ငန်းများကို  အဓိက လုပ်ကိုင်လျက်ရှိရာ လက်ရှိစီးပွားရေးလုပ်ငန်းရှင် လက်ကြီး သမား ၁၀ဦးကျော် လုပ်ငန်းရှင်အသေး ၁၀ဝ ကျော်နှင့်မြို့ နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာပေါင်း ၅၀ ကျော်မှ ကျေး လက်နေ ဒေသခံပြည်သူ၂၀ဝ၀ကျော်အားMSME လုပ်ငန်း များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ ကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်၊
ဈေးကွက်အတွင်းလုပ်ငန်းရှင်မှထုတ်လုပ်ထားသော ပစ္စည်းများအပြင် ဝယ်ယူသူမှ အော်ဒါမှာယူသော ဒီဇိုင်းပုံစံ များကိုလည်း ပြုလုပ်ပေးရပြီး ဦးထုပ်အမျိုးမျိုး၊ ခမောက်၊ ဆွဲခြင်းအမျိုးမျိုး၊ တောင်း၊ ပလုံး၊ ဆန်ကော၊ ဆန်ခါ၊ စားပွဲ တင်ပန်းအိုး၊ ဘောပင်ခြင်း၊ တစ်ရှူးဘောက်၊ ပိုက်ဆံအိတ် အမျိုးမျိုး၊ အမျိုးသမီးအိတ်မျိုးစုံ၊ ခြင်းလုံး၊ အလှခတ်ခြင်း၊ ဟိုတယ်သုံးကော်ဖီခွက်   အောက်ခံပြား၊  အမှိုက်ခြင်း၊ ကျောင်းသုံးဆွဲခြင်းအမျိုးမျိုး ၊ ပန်းအိုးအကြီး၊ အသေးမျိုးစုံ ဟိုတယ်သုံးအဝတ်အစားထည့် ခြင်း၊ သစ်သီးခြင်း၊ လက် ဆောင်ခြင်း၊ ဇွန်းခရင်းထည့်သောခွက် ဟိုတယ်သုံးစောင်၊ ခြင် ထောင်ထည့်သောခြင်း၊ ခေါင်းအုံး စသည့်အပြင် ပစ္စည်း တစ်ခုချင်းအတွက် ဆိုဒ်မျိုးစုံ အမျိုးအစားပေါင်း ရာဂဏန်း ကျော်ပြုလုပ်၍ မြန်မာပြည်အတွင်း အမှာစာရရှိသောနေရာ များသို့ ပေးပို့ရာတွင် ငွေဆောင်၊ ချောင်းသာ၊ ကမ်းခြေဒေသ များနှင့်တန်ခိုးကြီးဘုရားများရှိသော မန္တလေး၊ ပုဂံ၊ ညောင် ဦး၊ ကျိုက်ထီးရိုး၊ မကွေး၊ စစ်ကိုင်းမြို့၊ ပြည်မြို့များတွင် အဓိက လာရောက်လည်ပတ်သော ပြည်တွင်းပြည်ပ ဧည့် ခရီးသွားများမှအများဆုံးလာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်၊
ဦးထုပ်ကျားဆောင်းတစ်လုံး ကျပ် ၂၀ဝ၀-၅၀ဝ၀ဈေး၊ မဆောင်း ဦးထုပ်  ကျပ် ၄၅၀ဝ-၅၀ဝ၀ဈေး ၊ ဗန်းအသေး အကြီး ကျပ် ၄၅၀ဝ -၂၅၀ဝ၀  ဈေးအတွင်း ဘောပင်ထဲ့ခွက် ကျပ် ၂၀ဝ၀-၂၇၀ဝ ၊  သစ်သီးခြင်း ကျပ် ၄၅၀ဝ-၇၅၀ဝဈေး၊ ဗေဒါအိတ် အကြီးအသေး ကျပ် ၆၅၀ဝ-၁၇၀ဝ၀ဈေး၊ စားပွဲ တင်ပန်းအိုး ကျပ် ၄၅၀ဝ ဈေးနှင့် ပစ္စည်းအမျိုးအစားအကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ကြိမ်၊ ဝါး၊ လက်မှုပစ္စည်းများကို ပြည်တွင်း၌ အိမ်အသုံးအဆာင်၊ ရုံးသုံးနှင့် ဟိုတယ်သုံးပစ္စည်းများအပြင် ပြည်ပဈေးကွက်မှ လည်း   ဝယ်ယူသူကြိုက်နှစ်သက်မှုရှိကြောင်း ၎င်းအပြင် သညူငညန မှလည်း ဂျပန်၊ စင်ကာပူ၊  သြစတြေးလျနှင့် အခြား နိုင်ငံများမှလည်း အမျိုးသမီးသုံး အိတ်မျိုးစုံ  ဖိနပ်နှင့်ဦးထုပ် ကို အများဆုံး မှာယူလျက်ရှိကြောင်း လုပ်ငန်းရှင်က ပြော ကြားသည်။ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများသည် ကျေးရွာ နေ လူတန်းစားများအတွက် အိုးမကွာ၊ အိမ်မကွာဝင်ငွေရှိပြီး ဒေသထွက်ကုန် သယံဇာတများကို အသုံးပြုလျက် ကုန်ချော များ ပြုလုပ်ရောင်းချနိုင်ခြင်းဖြင့် ပြည်တွင်းပြည်ပဝင်ငွေ ရရှိ နေသလို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး   One Village One Product တစ်ခုဖြစ်ပြီး  လုပ်သားများအနေဖြင့်လည်း တစ်နေ့လျှင် ကျပ် ၅၀ဝ၀  မှ ၁၀ဝ၀ဝ အတွင်း ဝင်ငွေရရှိနေ သော ြှနြ လုပ်ငန်းများအကြောင်း   ရေးသားတင်ပြ လိုက်ပါသည်၊                    

 

မင်းမင်းဦး(ပသ)