Main menu

Background

လက်ဖက်ရည်ကြမ်းသောက်သုံးနှင့်သတိပြုသင့်သော မှိုဆိပ်

Tue, 11/07/2023 - 13:13 -- journal_editor

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက် မှာလက်ဖက်ဟုဆိုသည့်အတိုင်း  လက်ဖက်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်  မြန်မာတို့၏ ချစ်စရာ ဓလေ့ကို   ဖော်ထုတ်ပြသနိုင်သည့် ရိုးရာအစား အစာတစ်ခုဖြစ်သည်။      မြန်မာနိုင်ငံတွင် လက်ဖက် ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်ဟူ၍ နှစ်မျိုး အသုံးပြုကြသည်။ 
လက်ဖက်ခြောက်တွင်   ကာရိုတင်းဓာတ်၊ အမျှင်ဓာတ်နှင့် အခြားအာဟာရဓာတ်များ  ပါဝင် သည်။ လက်ဖက်ခြောက်ကို   ရေနွေးပူထဲထည့် ကာ  လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း၊ ရေနွေး ကြမ်း၊ အခါးရည်အဖြစ်   သောက်သုံးလေ့ရှိကြပါ သည်။ လက်ဖက်ခြောက်တွင် ပါဝင်သည့် သီအင်း ဓာတ်သည် ကော်ဖီတွင် ပါဝင်သော  ကဖိန်းဓာတ် နှင့်အတူတူပင်ဖြစ်သည်။   ကျန်းမာရေး ကောင်း ကျိုးများအနေဖြင့် အမိုင်နိုအက်ဆစ်၊ ဗီတာမင် ဘီ နှင့်ဗီတာမင်အီးတို့     ပါဝင်သည့်အတွက်  သွေး ဖိအားကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ရှိ အဆီပိုများ ကိုလည်း လျော့နည်းစေသည်။ 
လက်ဖက်ရည်ကြမ်းတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ  ပါဝင်သောကြောင့်   လက်ဖက်ရည် ကြမ်းကို တစ်ရက်လျှင်   အနည်းဆုံး နှစ်ခွက်ခန့် သောက်သုံးပေးခြင်းအားဖြင့် ကင်ဆာရောဂါ ဖြစ် ပွားမှုနှုန်းကို    လျော့နည်းစေနိုင်ဟုသည်လည်း   လေ့လာချက်များအရ သိရှိရသည်။ လက်ဖက်ရည် ကြမ်းတွင် အမိုင်နိုအက်ဆစ်၏ အနွှယ်ဖြစ်သော သိုင်ယာနင်းဓာတ် အများဆုံးပါဝင်ပြီး ဦးနှောက်ကို ငြိမ်းအေးစေသည့် ဂုဏ်သတ္တိရှိသောကြောင့် စိတ် ဖိစီးမှုကို သက်သာလျော့နည်းစေနိုင်သည်။ 
လက်ဖက်ရည်ကြမ်းကို နေ့စဉ်သောက်သုံး ပေးခြင်းဖြင့် ကျောက်ကပ်ရောဂါကို မဖြစ်ပွားစေ ရန် ကာကွယ်ပေးနိုင်ကြောင်းကိုလည်း   သိရှိရ သည်။ ၎င်းတွင် ပါဝင်သော သဘာဝဆေးဖက်ဝင် ဓာတ်များသည် သွေးတွင်း ကိုလက်စထရောများကို ကျဆင်းစေရန်  ကူညီပေးပြီး သွေးသန့်မှုကိုလည်း ဆောင်ရွက်ပေးသည်။ ထို့ပြင် ခန္ဓာကိုယ်မှ မလို လားအပ်သော အညစ်အကြေးများကို ဖယ်ရှားရာ တွင်လည်း    အထောက်အကူပြုပြီး သွေးတွင်း သကြားဓာတ်ကိုလည်း လျော့နည်းစေသည်။ 
လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်အထောက် အကူပြုသော လက်ဖက်ရည်ကြမ်း  ရရှိရန်အတွက် အရည်အသွေးကောင်းသော လက်ဖက်ခြောက်ကို အသုံးပြုရန် လိုအပ်ပါသည်။  လက်ဖက်ခြောက် အရည်အသွေးကောင်းမွန်ရန် အဓိကလိုအပ်ချက် များမှာ ရေငွေ့အစိုဓာတ်ကင်းစင်ခြင်းနှင့် မှိုပေါက် ပွားမှုကင်းစင်ခြင်းတို့  ဖြစ်ပါသည်။     လက်ဖက် ခြောက်သည် အချိန်ကြာမြင့်စွာ  သိုလှောင်၍ထား ရသော    ထုတ်ကုန်အမျိုးအစားတစ်ခုဖြစ်သော ကြောင့် အစိုဓာတ် (ာသငျအကမန) ကင်းစင်ရေးနှင့် မှို ကျရောက်မှု လျော့ပါးစေရန်   ဂရုစိုက်ဖို့ လိုအပ်ပါ သည်။ 
အစိုဓာတ်ပါဝင်မှု  (ာသငျအကမန ခသညအနညအ)ဆို သည်မှာ အစားအသောက်    ထုတ်ကုန်တစ်ခုထဲ တွင် ရေမော်လီကျူးလ်များ   ပါဝင်နေခြင်းဖြစ်ပါ သည်။     အစိုဓာတ်ပါဝင်မှုသည်  ထုတ်ကုန်၏အရောင်၊ အရသာ၊ ထိတွေ့ခံစားမှု၊ပုံသဏ္ဌာန်တို့ကို ပြောင်းလဲစေနိုင်ပါသည်။ ထို့ပြင် ထုတ်ကုန်၏ သက်တမ်း၊ လတ်ဆတ်မှု၊ အရည်အသွေးနှင့် ဘက် တီးရီးယားကြောင့် ဖြစ်ပေါ်လာသော ညစ်ညမ်းမှု ကို ခုခံနိုင်မှု  စသည့် သက်ရောက်မှုများရှိနိုင်သည်။
လက်ဖက်ခြောက်   ပြုလုပ်ရာတွင်လည်း လက်ဖက်ကို ခူးဆွတ်ပြီးနောက် မိရိုးဖလာနည်း လမ်းကို အသုံးပြု၍ဖြစ်စေ၊ စက်များကို  အသုံးပြု ၍ဖြစ်စေ၊ လက်ဖက်ကို   အခြောက်ခံပြီးနောက် ထုပ်ပိုးမှု ပြုလုပ်ကြသည်။ ထုပ်ပိုးသည့်အခါတွင် လည်း အစိုဓာတ် (ာသငျအကမန) ကင်းစင်ရန်အတွက် ဂရုစိုက်ရန်  လိုအပ်ပါသည်။ ထုတ်ကုန်တစ်ခုတွင် အစိုဓာတ်သည်  နည်းလမ်းများစွာဖြင့် ဝင်ရောက် နိုင်ရာ    ယင်းတို့မှာ  ထုတ်ကုန်ထုတ်လုပ်သည့် အပိုင်းတွင်လည်းကောင်း၊ အစားအစာ ထုတ်လုပ် သည့် ဧရိယာအတွင်းရှိ  လေထုမှလည်းကောင်း၊ ထုတ်ကုန်ထုပ်ပိုးခြင်းနှင့်အစားအစာများ သိုလှောင် ချိန်တွင်လည်းကောင်း ဝင်ရောက်နိုင်ပါသည်။ 
ယေဘုယျအားဖြင့် လက်ဖက်ခြောက်တွင် အစိုဓာတ်    ဝင်ရောက်မှု ရှိ/မရှိကို  မျက်စိဖြင့် အလွယ်တကူမြင်နိုင်ပြီး တွေ့ရှိနိုင်သော်လည်း မှို ကျရောက်ခဲ့မည်ဆိုပါက သိသာမြင်သာနိုင်ရန်မှာ ခက်ခဲလှသည်။ မှိုသည် နေရာဒေသမရွေး ဖြစ်ပေါ် နိုင်သည့်အတွက် မှိုကျရောက်မှုကို ကာကွယ်ရန် လိုအပ်ချက်မှာ မသိုလှောင်မီကုန်ပစ္စည်းနှင့်အစား အစာတို့ကို လုံလောက်စွာခြောက်သွေ့အောင်ထား ခြင်းနှင့်    အစိုဓာတ်ဝင်ရောက်ခြင်း၊ အစိုဓာတ် ပြောင်းလဲခြင်းတို့ကို ကာကွယ်ရန် သင့်တော်သော ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်း ဖြင့်လည်း မှိုဆိပ်ပေါက်ပွားရှင်သန်ကြီးထွားမှုကို ကာကွယ်နိုင်မည်ဖြစ်သည်။ 
လက်ဖက်ခြောက်တွင် အစိုဓာတ်ဝင်ရောက် နေခဲ့ပါက လက်ဖက်ခြောက်သည် ပုံမှန်အရောင် ထက် နီညိုရောင်ဖျော့ဖျော့ လေးသန်းနေမည်ဖြစ် ပါသည်။ ယင်းလက်ဖက်ခြောက်ကို လက်ဖက်ရည် ကြမ်းအတွက် အသုံးပြုခဲ့မည်ဆိုလျှင်  လက်ဖက် ရည်ကြမ်း၏   အရသာတွင်  လက်ဖက်ခြောက် အရသာ အပြည့်အဝ မပါဝင်နိုင်တော့ပါ။ အရောင် မှာလည်း ရွှေဝါရောင်အဖြစ် ကျန်ရှိမနေဘဲ အနံ့ မှာလည်း အစိုဓာတ်ပါဝင်နေသည့်အတွက် မှိုအနံ့ ဖြစ်နေပြီး   ကောင်းမွန်သော လက်ဖက်ရည်ကြမ်း ကို မရရှိနိုင်သည်အထိ ဖြစ်နိုင်သည်။  
သိုလှောင်ထားသော ကုန်ပစ္စည်းများတွင် မှိုမျိုးစေ့များ ကျရောက်နိုင်သည့်အတွက်ဂရုတစိုက် ဖြင့်ကိုင်တွယ်ထိန်းသိမ်းရန်လည်း လိုအပ်ပါသည်။ မြင့်သောအပူချိန်၌  ထုတ်လုပ်သော အစားအစာ များပင်လျှင် ထုတ်လုပ်မှုပြီးပြီးချင်း မှိုကင်းစင်မှုရှိ သော်လည်း အိတ်သွပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင် ခြင်းအဆင့်တို့တွင် မှိုမျိုးစေ့များ ပြန်လည်ကျရောက် နိုင်ပါသည်။ သို့ဖြစ်ပါ၍ သိုလှောင်ထားသည့် ကုန် ပစ္စည်းများအပေါ်တွင် မှိုမျိုးစေ့များ ပေါက်ပွား ရှင်သန်မှုများမှ သတိပြုရန် လိုအပ်ပါသည်။ 
ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေး စီမံခန့်ခွဲမှုဌာနစု (လှည်းကူး)ရှိ  မှိုဆိပ် ဓာတ်ခွဲခန်းတွင်     သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းထုတ် လက်ဖက် ခြောက်အချို့ကို ကျပန်းနမူနာကောက်ယူ၍ အာဖ လာတော့ဆင်   မှိုဆိပ်ပါဝင်မှုကို    ကနဦး ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် ဓာတ် ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အာဖလာတော့ဆင်မှိုဆိပ် ြ၁ပါဝင်မှုရှိသည်ကို တွေ့ရှိသော်လည်း    နိုင်ငံ တကာ စံချိန်စံညွှန်း ဃသိနထ ှအညေိမေိ သတ်မှတ် ထားသော ပမာဏထက်    ကျော်လွန်ခြင်း မရှိ ကြောင်းကို တွေ့ရှိခဲ့သည်။
မှိုဆိပ်အန္တရာယ်အပါအဝင် မှိုဆိပ်ကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို ကင်းစင်သည် အထိ လျှော့ချရန်မှာ လွန်စွာ  ကုန်ကျစရိတ်များ သည့်အပြင် လက်တွေ့တွင်လည်း   ခက်ခဲသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။     သို့ရာတွင် စား သောက်ကုန်တစ်ခုကို   အသုံးပြုသော စားသုံးသူ ပြည်သူများ    ဘေးဥပဒ်အန္တရာယ် မဖြစ်စေရေး အတွက် ထုတ်လုပ်သူလုပ်ငန်းရှင်များတွင် တာဝန် ရှိသည်ဖြစ်ရာ လက်ရှိအသုံးပြုနေသော ကျင့်စဉ် များကို   ဆောင်ရွက်စဉ်တွင် မလိုလားအပ်သော မှိုဆိပ်များ မဖြစ်ပေါ်စေရေးကို  ထိန်းချုပ်နိုင်ရန် ရှေးရှုဆောင်ရွက်ပါက     ပိုမိုလုံခြုံစိတ်ချရသော ထုတ်ကုန်များကို ရရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ပြည်တွင်းဈေးကွက်တွင် လက် ဖက်ခြောက် ထုတ်လုပ်ရောင်းချသူများအနေဖြင့် ထုတ်လုပ်သည့် နည်းစဉ်တစ်လျှောက်တွင် အာဖ လာတော့ဆင် မှိုဆိပ်ပါဝင်မှု ပိုမိုလျော့ပါး သက် သာစေရန် စတင်စိုက်ပျိုးချိန်မှစ၍ ဈေးကွက်သို့ တင်ပို့သညှ့်ကစစူပ ဃ့ငေညလုပ်ငန်းစဉ် အဆင့်ဆင့် တွင် ကျင့်စဉ်ကောင်းများကို ကောင်းမွန်စွာ လိုက် နာဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြု တိုက် တွန်း ရေးသားတင်ပြလိုက်ရပါသည်။ 

 

ယုယု‌အောင်