Main menu

Background

မွန်ပြည်နယ်မှဝဉစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

Tue, 11/07/2023 - 13:16 -- journal_editor

၀ဥပင်သည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ အရိပ် အာဝသကောင်းပြီး အစိုဓာတ်ကောင်းသည့်နေရာများတွင် အများ အပြား ပေါက်ရောက်လျက်ရှိကြသည်။  ယခင်က သဘာဝအလျောက် ပေါက်ရောက်သော ဝဥများကို တူးဖော်စားသောက်ခဲ့ရာမှ ယခုအခါ ပြည်ပဝယ်လိုအား ရှိလာသဖြင့် စနစ်တကျ စိုက်ပျိုးလာကြပြီး ပြည်ပ တင်ပို့မှုများလည်းရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင်  ချင်းပြည်နယ်၌ ဝဥအများဆုံးထွက်ရှိပြီး  မွန်ပြည် နယ်သည် ဝဥ ဒုတိယ အများဆုံးထွက်ရှိသောပြည်နယ်တစ်ခုဖြစ်သည်။
မွန်ပြည်နယ် ဝဥ စိုက်ပျိုးထွက်ရှိမှုအခြေအနေ
မြန်မာနိုင်ငံတွင် ဝဥ စိုက်ပျိုးလျက်ရှိသော ဒေသများတွင် မျိုး ကွဲငါးမျိုးခန့်ရှိသော်လည်း အဓိကအားဖြင့်  အဖြူမျိုး၊ အနီမျိုး၊ အဝါ မျိုးများကိုသာ ဈေးကွက်ဝင်မျိုးများအဖြစ် မျိုးပွားစိုက်ပျိုးလျက်ရှိကြ သည်။ မွန်ပြည်နယ်မှထွက်ရှိသော (အဝါ)မျိုးသည် အမှုန့်ထွက်အား ကောင်းပြီး အစေးဓာတ် ကောင်းသောကြောင့် ပြည်ပဝယ်လက်များမှ ဈေးကောင်းပေး ဝယ်ယူမှုများရှိသည်။   မွန်ပြည်နယ်တွင်   အဝါ ရောင် အမျိုးအစားကို  အဓိကစိုက်ပျိုးကြသည်။ မွန်ပြည်နယ် မြေ စာရင်းဦးစီးဌာန၏စာရင်းများအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဝဥ စိုက်ပျိုးထွက်ရှိမှုမှာ အောက်ပါအတိုင်း တွေ့ရှိရသည်-
 စဉ်                           ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်        ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်
 ၁။          စိုက်ဧက             ၅၁၀                             ၅၁၀
 ၂။          ရိတ်ဧက             ၅၁၀                             ၅၁၀ 
 ၃။        တစ်ဧက          ၁၁၄၀.၆၈                        ၁၁၄၁.၅၇
        အထွက်နှုန်း(ပိဿာ)
 ၄။        အထွက် (ပိဿာ)  ၅၈၁၇၄၉                     ၅၈၂၂၀၂
 ၅။        အထွက် (တန်)     ၉၄၉                            ၉၅၀
ဈေးနှုန်းဈေးကွက်အခြေအနေ
မွန်ပြည်နယ်မှ ထွက်ရှိသော ဝဥ(အဝါ) သည် ပြည်ပဝယ်လက် များတွင် အရည်အသွေး ကောင်းမွန်သောကြောင့် ဈေးကွက် ကျယ် ကျယ်ပြန့်ပြန့်ရရှိနေသည်။ မွန်ပြည်နယ်တွင် ယခင်နှစ်များက ဝဥ အစိုတစ်ပိဿာလျှင် ကျပ် ၉၀ဝ မှ ၁၁၀ဝ နှင့် ဝဥအခြောက် တစ် ပိဿာလျှင် ကျပ် ၈၅၀ဝ မှ ၁၁၅၀ဝထိ သာရရှိကြပြီး ယခုနှစ် တစ်ရာ သီလုံး အစိုတစ်ပိဿာလျှင် ကျပ် ၁၁၀ဝ မှ ၁၅၀ဝ နှင့် ဝဥအခြောက် တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀ မှ ၁၃၀ဝ၀ ထိရရှိကြောင်း သိရသည်။ ဝဥအခြောက်ထုတ်လုပ်မှုအနေဖြင့် မွန်ပြည်နယ် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနတွင် စက်မှုလုပ်ငန်း မှတ်ပုံတင်ထားရှိသော ဝဥခြောက်လုပ်ငန်းနှင့် အမှုန့်ကြိတ်လုပ်ငန်းထုတ်လုပ်သည့် စက်ရုံ များမှာ ရေးမြို့နယ်တွင်လေးရုံ၊ မော်လမြိုင် ကျောက်တန်းစက်မှုဇုန် တွင် နှစ်ရုံ၊ စုစုပေါင်း စက်ရုံခြောက်ရုံရှိသည်။ ဝဥခြောက်နှင့်အမှုန့်ထုတ် လုပ်ရာတွင် ဈေးကွက်ဝယ်လိုအား  ကောင်းသောကြောင့် ဝဥသီးနှံ စိုက်ပျိုးသူ တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကြသည်။   ယခုလာမည့် ၂၀၂၄ ဝဥရာသီတွင် ဈေးကောင်းပြန်လည် ရရှိနိုင်မည် ဖြစ်ကြောင်း မျှော်မှန်းရသည်။ အရည်အသွေးမြှင့် ပြည်ပပို့ကုန်တင်ပို့ နိုင်ရန် စက်ကိရိယာ အသုံးပြု၍ ဝဥရေဆေးခြင်း၊ အခွံခွာခြင်း၊ အပါး လွှာခြင်း၊  အခြောက်ခံခြင်းများ  ဆောင်ရွက်နေပြီဖြစ်သော်လည်း အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြားခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်  ထုတ် လုပ် တင်ပို့နိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၊ ဌာနဆိုင်ရာများ၊ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို  မွန်ပြည်နယ် ကုန် စည်ဒိုင်ခန်းမ၌ အောက်တိုဘာ၁၇ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတကာတွင် ဝဥကို ခေါက်ဆွဲ၊ အသားတု၊ ဂျယ်လီ အစရှိ သော စားသောက်ကုန်များ၊ စက်မှု ကုန်ကြမ်းများ၊ အလှကုန်ပစ္စည်း များအဖြစ်ထုတ်လုပ်မှုအပြင် ကျန်းမာရေးအတွက် အထူး သင့်လျော် သော သဘာဝလက်ဆောင်ဖြစ်သည့်အတွက်    တိုင်းရင်းဆေးနှင့် ခေတ်မီဆေးဝါးများတွင်လည်း   ထုတ်လုပ်လာကြသည်။  ဝဥများကို အပင်မကျသေးဘဲ တူးဖော်ခြင်း မပြုလုပ်ရန်နှင့် အပင်ကျမှသာလျှင် တူးဖော်ကြရန်   တူးပြီးသား ဝဥများကိုလည်း အချိန်ကြာမြင့်စွာ သိုလှောင်ထားခြင်းမျိုးမပြုလုပ်ကြရန် လတ်ဆတ်သောဝဥများကို ဈေး ကွက်သို့တင်ပို့ရောင်းချနိုင်မှသာ ဈေးကောင်းပိုမိုရရှိမည်ဖြစ်သည်။ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးလာမှသာ ပြည်နယ်နှင့်နိုင်ငံတော်၏ ကုန် သွယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ သက်ဆိုင်ရာဌာနများအချင်းချင်း   စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် (ှကစစူပ ဃ့ငေည)တစ်လျှောက်ရှိ ပါဝင်နေသူများအားလုံး ပူးပေါင်း ဆွေးနွေးဆောင်ရွက်ကြခြင်းဖြင့် ဝဥ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်း ချမှုတွင် များစွာ အထောက်အကူရစေမည်ဖြစ်ကြောင်း  တင်ပြလိုက် ရပါသည်။

အောင်မြင့်မြတ် (မွန်)