Main menu

Background

ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို စတင်မိတ်ဆက်

Mon, 11/20/2023 - 10:28 -- journal_editor

      ကနေဒါနိုင်ငံသည် ၎င်းနိုင်ငံသားများအတွက် ရေရှည်တိုးတက်မှု၊ ကြွယ်ဝမှုနှင့် လုံခြုံစိတ်ချရမှုများကို အထောက်အကူဖြစ်စေရန် ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို စတင် မိတ်ဆက်ခဲ့သည်။  ကနေဒါနိုင်ငံက ပစိဖိတ်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် အင်ဒို-ပစိဖိတ်ဒေသသည် ကနေဒါနိုင်ငံ၏ အနာဂတ်တွင် သိသာ ထင်ရှားပြီး လေးနက်သော အခန်းကဏ္ဍတစ်ခုဖြစ်လိမ့်မည်ကို သတိပြုမိလာခဲ့သည်။  ကနေဒါနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေးအောင်မြင်တိုးတက်ခြင်း၊ နိုင်ငံတကာ ဥပဒေနှင့် လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာခြင်း၊ ဒီမိုကရေစီဆိုင်ရာတန်ဖိုး၊ ပြည်သူ့ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းတို့ကဲ့သို့ သော ကနေဒါနိုင်ငံသားများနှင့် သက်ဆိုင်သည့်ကိစ္စများကို အင်ဒို-ပစိဖိတ်ဒေသတစ်ခုလုံးရှိ နိုင်ငံများနှင့် ဆက်ဆံရေးကို ပုံဖော်သွားမည်ဖြစ်သည်။
ကနေဒါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Melanie Joly  က ၎င်းတို့နိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် စတင်မိတ်ဆက်ပေး ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မဟာဗျူဟာသည် ဒေသ တွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကို တိုးမြှင့်ခြင်း၊ စီးပွားရေး ကြီးထွား လာစေရေးနှင့် ကြံ့ကြံ့ခံနိုင်ရေးကို ခိုင်မာအားကောင်း စေခြင်း၊ သိသာထင်ရှားသော ပြည်သူမှ ပြည်သူသို့ ဆက်သွယ်မှုကို မြှင့်တင်ခြင်းနှင့် ဒေသတွင်းစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ် စေခြင်းများဖြင့် နောက်လာမည့် ဆယ်စုနှစ်ကျော် ကာလတွင် အင်ဒို-ပစိဖိတ်ဒေသ၌  ကနေဒါနိုင်ငံ၏ ပါဝင်  ဆက်ဆံရေးကို ပိုမိုလေးနက်စေမည့် ဘက်စုံ ပါဝင်သော လမ်းပြမြေပုံတစ်ခုဖြစ်သည်။  
အင်ဒို-ပစိဖိတ် မဟာဗျူဟာ၏ အဓိကသဘော တရားသည်  ကနေဒါနိုင်ငံ၏GDP ကို ကာကွယ် စောင့်ရှောက်ရင်း ကနေဒါနိုင်ငံ၏ အမျိုးသားရေးကို ဖော်ဆောင်သွားမည်ဖြစ်သည်။ ကနေဒါနိုင်ငံသည် ဒေသတွင်း၌ မှီခိုအားပြုဖွယ်ဖြစ်သော မိတ်ဖက်နိုင်ငံ တစ်ခုအဖြစ် တည်ရှိနေစေရန် ဆောင်ရွက်မည်ဖြစ် သည်။ လာမည့်  ငါးနှစ်ကျော်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှုနှင့် အစပြုမည့် ရည်မှန်းချက်ရှိရှိ ရေးဆွဲထားသော အစီ အစဉ်တစ်ရပ်နှင့် စတင်မည်ဖြစ်သည်။
ဤလူမှုရေးဆိုင်ရာ မဟာဗျူဟာကြီးတစ်ခုလုံး က ကမ္ဘာကြီးရဲ့ အရွေ့တွင် ကနေဒါနိုင်ငံအနေဖြင့် ဒေသတွင်းအနာဂတ်ကို ပုံဖော်ဖို့ မိတ်ဖက်များ၊ လက် တွဲဖက်နိုင်ငံများနှင့်  တကြွ်ကစွာ မည်ကဲ့သို့ ဆောင် ရွက်သွားမည်တို့ကို ရည်မှန်းထားခြင်းဖြစ်သည်။
ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာ တွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့် မဟာဗျူဟာ ကျသော ရည်မှန်းချက် ငါးခု ပါဝင်သည်။
ငြိမ်းချမ်းရေး၊ ကြံ့ကြံ့ခံနိုင်ရေးနှင့် လုံခြုံရေးကို တိုးမြှင့်ခြင်း
ကနေဒါနိုင်ငံ၏ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို   ရှေ့သို့တက်လှမ်းရန် ကနေဒါအစိုးရ အနေဖြင့် အမေရိကန်ဒေါ်လာ ၇၂၀ ဒသမ ၆ သန်း ကျော်ကို ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ဤကဲ့သို့ ရင်းနှီး မြှုပ်နှံရာတွင် ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ် ရေတပ် တည်ရှိခြင်းကို ပြန်လည်ခိုင်မာ အားကောင်းစေရန်နှင့် ဒေသတွင်း စစ်ရေးလေ့ကျင့်မှုများတွင် ကနေဒါကြည်း တပ်ပါဝင်မှုကို တိုးမြှင့်ရန် အမေရိကန်ဒေါ်လာ ၄၉၂ ဒသမ ၉ သန်းနှင့် ဒေသတွင်း၌ ရွေးချယ်ထားသော မိတ်ဖက်နိုင်ငံများတွင် ဆိုက်ဘာလုံခြုံရေး စွမ်းအားစု ကို ဖွံ့ဖြိုးတိုးတက်စေရန် ဌာနစုံပါဝင်သည့် ခြေလှမ်း သစ်ကို စတင်နိုင်ရေး အမေရိ ကန်ဒေါ်လာ ၄၇ ဒသမ ၄ သန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။  
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးကွင်းဆက် ကြံ့ကြံ့ခံနိုင်ရေးကို တိုးချဲ့ခြင်း
စည်းမျဉ်းအခြေပြုကုန်သွယ်မှုကို တွန်းအားပေး ရန် ကနေဒါနိုင်ငံ၏ စီးပွားရေးယ်ဝမှုကို အထောက် အကူဖြစ်စေရန် ကနေဒါနိုင်ငံသည် အမေရိကန် ဒေါ်လာ ၂၄၄ ဒသမ ၆ မီလီယံကို ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
ကနေဒါနိုင်ငံသည် ဒေသတွင်း၌ ၎င်း၏စီးပွား ရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကွန်ရက်များ တိုးချဲ့ရန် အရှေ့တောင်အာရှ၌ ကနေဒါကုန်သွယ်မှုလမ်းကြောင်းတည်ဆောက်နိုင်ရေးအတွက် အမေ ရိကန်ဒေါ်လာ ၂၄ ဒသမ ၁ သန်း၊ အင်ဒို-ပစိဖိတ်နိုင်ငံ များသို့ စိုက်ပျိုးရေးနှင့် လယ်ယာထွက် စားသောက် ကုန်များ တင်ပို့နိုင်ရန် ကနေဒါနိုင်ငံ၏ ပထမဆုံးလယ် ယာကဏ္ဍရုံးများ ဖွင့်လှစ်တည်ဆောက်သွားရန် အမေ ရိကန်‌ဒေါ်လာ ၃၁ ဒသမ ၈ သန်း၊ အင်ဒို-ပစိဖိတ်မိတ် ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံ၊ နည်းပညာနှင့်  ဆန်းသစ်တီထွင်မှုတို့တွင် သဘာဝ သယံဇာတ စည်းနှောင်မှုများအနေဖြင့် တိုးချဲ့သွားရန် အမေရိကန်ဒေါ်လာ ၁၃ဒသမ ၅ သန်းကို လျာထား သည်။
ပြည်သူများသို့ ဆက်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း
အင်ဒို- ပစိဖိတ်ဒေသတွင်း ပြည်သူအချင်းချင်း ဆက်သွယ်မှု ပိုမိုခိုင်မာ အားကောင်းစေရန် ကနေဒါ နိုင်ငံသည် အမေရိကန်ဒေါ် လာ ၂၆၁ ဒသမ ၇ သန်း ကို ထည့်ဝင်သုံးစွဲသွားမည်ဖြစ်သည်။ အင်ဒို-ပစိဖိတ် ကို အထောက်အကူဖြစ်စေရန်  ကနေဒါနိုင်ငံ၏Feminist International Assistance Policy ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေတွင် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ၊ ပြည်သူမှ ပြည်သူသို့ စည်းနှောင်မှုများကို ခိုင်မာ အားကောင်းစေရေး  အထောက်အကူပြုရန် နယူး ဒေလီ၊ ချန်ဒီဂါ၊ အစ္စလမ္မာဘတ်နှင့် မနီလာတို့တွင် ကနေဒါ ဗဟိုပြုကွန်ရက်အတွင်း ကနေဒါနိုင်ငံ၏ ဗီဇာ  လုပ်ငန်းစဉ်များ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် အမေ ရိကန်ဒေါ်လာ ၇၄ ဒသမ ၆ သန်းတို့ကို သုံးစွဲသွားမည် ဖြစ်သည်။ ကနေဒါနိုင်ငံ၏  Feminist International Assistance Policy ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ တစ်ဝန်း ဆင်းရဲမှုပပျောက်စေရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများတွင်  ပါဝင်ရန်ဖြစ်သည်။  ဤရည်မှန်းချက်ကို  အောင်မြင်ရန် မညီမျှမှုများကို ဖြေရှင်းမည်။  အထူးသဖြင့် အမျိုးသမီးများနှင့် မိန်း ကလေးငယ်များအနေဖြင့် ၎င်းတို့၏ ဘဝရပ်တည်မှု ကို  ကိုယ်ပိုင်ဝင်ငွေရရှိနိုင်မည့် ပြည့်ဝသောအလား အလာများ ရှိလာစေရန် စွမ်းအားမြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့၏ မိသားစုများ ကောင်းကျိုးရရှိနိုင်သကဲ့သို့ ၎င်းတို့၏ အသိုက်အဝန်းနှင့် နိုင်ငံများ၏ စီးပွားရေး ကြီးထွားလာစေမည့်    ကောင်းကျိုးများရှိလာမည် ဖြစ်သည်။ 
စဉ်ဆက်မပြတ်သော၊ စိမ်းလန်းသော အနာဂတ် တည်ဆောက်ခြင်း 
သန့်ရှင်းသော  အနာဂတ်တစ်ခုကို တည် ဆောက်ရန် ကတိကဝတ်ရှိထားသည့်အတိုင်း ကနေဒါ  နိုင်ငံသည် အမေရိကန်ဒေါ်လာ ၉၁၃ဒသမ ၃ သန်းကို  သုံးစွဲသွားရန် လျာထားသည်။ 
အရည်အသွေးမြင့်ပြီး  စဉ်ဆက်မပြတ်သော အခြေခံ အဆောက်အအုံများကို အထောက်အကူဖြစ် စေရန် ဦးစားပေးဈေးကွက်များတွင်FinDev Canada  ၏  လုပ်ငန်းများကို  အရှိန်အဟုန် မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ၎င်း၏လုပ်ငန်းလည်ပတ် ဆောင်ရွက် နေမှုများကို တိုးချဲ့ရန် အမေရိကန်ဒေါ်လာ သန်း ၇၅၀၊ တရားမဝင်သော၊ အစီရင်ခံစာတင်ပြခြင်း မရှိသောနှင့် စည်းမျဉ်းသတ်မှတ်ချက်နှင့် မကိုက် ညီသော ငါးဖမ်းခြင်းများကို ကန့်ကွက်သည့် စည်းမျဉ်း များ၊ စီမံဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ တိုးမြင့် လာစေရေးအပါအဝင်  အင်ဒို-ပစိဖိတ် ဒေသတွင်း၌ အဏ္ဏဝါပတ်ဝန်းကျင် ကျန်းမာရေးကို ပြန်လည်အား ကောင်းလာစေရန် အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၃ သန်းတို့ကို လျာထားသုံးစွဲသွားမည်ဖြစ်သည်။ FinDev Canada ဆိုသည်မှာ မွန်ထရီရယ်မြို့ တွင် အခြေစိုက်ပြီး ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန် ချေးငွေအေဂျင်စီ စသည့်လုပ်ငန်းများကို ဆောင်ရွက် သည့် ဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်သည်။
ကနေဒါနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်း၌ တက််််ကပြီး ဆက်ဆံရေးကောင်းမွန်သော မိတ်ဖက်ဖြစ်စေခြင်း 
ကနေဒါနိုင်ငံသည် ဒေသတွင်း၌  ၎င်း၏ တည် ရှိမှု၊ မြင်နိုင်စွမ်းနှင့် လွှမ်းမိုးမှုကို ခိုင်မာစေရန် အမေ ရိကန်ဒေါ်လာ ၁၄၇ သန်းကို လျာထားသည်။ ဆက် သွယ်/ဆက်ဆံသည့် နိုင်ငံများ၏ ဒေသခံမိတ်ဖက် များနှင့် ဆက်ဆံရေးခိုင်မာအားကောင်းစေရန် ကမ္ဘာ့  အရေးဆိုင်ရာ ကနေဒါ အဝန်းအဝိုင်းတွင်းနှင့် ပြည်ပ နိုင်ငံများသို့ ကနေဒါကိုယ်စားလှယ်အဖွဲ့များ တိုးချဲ့ ရန် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ နှင့် ဒေသတွင်း နိုင်ငံများတွင် အာရှ-ပစိဖိတ် အဖွဲ့အစည်းရုံးခန်း အသစ် တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅ သန်းတို့ လျာထားသုံးစွဲသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန် သွယ်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများတွင် ပါဝင်လျက်ရှိသည်။ ဤကဲ့သို့ ပါဝင်ဆွေးနွေးလျက် ရှိရာတွင် မိမိတို့၏ ဆွေးနွေးဖက် မိတ်ဖက်အသစ်ဖြစ်သော ကနေဒါနိုင်ငံအနေဖြင့် ဆောင်ရွက်နေသည်များကို သိရှိကြဖို့ လိုအပ်သည်။
ရည်မှန်းချက်နံပါတ်(၂)ဖြစ်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးကွင်းဆက်  ကြံ့ကြံ့ခံနိုင်ရေးကို တိုးချဲ့ခြင်း သည် အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ၊ လယ်ယာကဏ္ဍကို ပိုမိုဦးစားပေးဆောင်ရွက် မည့်အနေအထားများကို လေ့လာတွေ့ရှိရသည့်အတွက် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုဒေသ သဘော တူညီချက်မှာ မြန်မာနိုင်ငံသည် ကနေဒါနိုင်ငံနှင့် လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အပြန်အလှန်အကျိုးရှိ  မည့် ကဏ္ဍများကို ပြင်ဆင်ထားကြရန် မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်  တိုးမြှင့်ထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်လာ စေရေး၊ နည်းပညာဦးစားပေး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး နောင်လာမည့် ငါးနှစ်နှင့် ၁၀ စုနှစ်အတွင်း ရေရှည် မျှော်မှန်းချက်များနှင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ပါသည်။ 
ဖြိုး (ဒေသတွင်း)
Source: https://www.canada.ca/en/global-affairs /news /2022/11/canada-launches-indo-pacific-strategy-to-support-long-term-growth-prosperity-and-security-for-canadians.html