Main menu

Background

‌ရွှေနှင့်အမေရိကန်‌ဒေါ်လာငွေလဲလှယ်နှုန်းပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေတင်ပြခြင်း

Mon, 11/20/2023 - 11:08 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉)ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၉ ရက်တွင် ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၉၄၉ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁၅ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၇၀ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်းနိုဝင်ဘာ ၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၃၅၀ဝ၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁၅ ရက်တွင် ကျပ်၃၆၂၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီးGDP သည် -၁၈ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်
ကြောင်းနှင့် ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ ွီဏ သည် ၁ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်း ျွှသမိူ ြညေု မှ ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ ခနခငိအေေ.ခသာ မှ ဖော်ပြချက်၌ ၂၀၂၁ခုနှစ်တွင် မြန်မာနိုင်ငံ၏GDP မှာ -၅ ဒသမ ၉ ရာခိုင်နှုန်း ရှိပြီးပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်းဖော်ပြထားသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ နိုဝင်ဘာ ၉ ရက်မှ နိုဝင်ဘာ ၁၅ ရက်ထိ ရက်
သတ္တပတ်အတွင်း ကျပ် ၃၄၉၀-၃၅၀ဝ ကြားရှိနေကြောင်း သိရှိရသည်။

 

P&S