Main menu

Background

သွေးတွင်းအဆီကျစေပြီး သွေးအားကောင်းစေသည့် ကြွက်နားရွက်မှို

Mon, 11/20/2023 - 11:24 -- journal_editor

နားရွက်မှိုသည် သံဓာတ်ပါဝင်မှု များပြားသည့် အတွက်ကြောင့် သွေးအားနည်းခြင်းအတွက် အိမ်သုံးဆေး တစ်မျိုးအဖြစ် လူသိများသည်။ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် များပါသည်။  Terpenoids ဆိုသည့် ဓာတ်တစ်မျိုးပါဝင်မှု ကြောင့် ဓာတ်မတည့်မှု ခံစားရခြင်းကို ကာကွယ်ပေးသည်။  Polysaccharides ဟုခေါ်သည့် ဓာတ်တစ်မျိုး ပါဝင် ခြင်းက  ဆေးဝါးဆိုင်ရာ  ကောင်းကျိုးများစွာ ရရှိစေသည်။ ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်သည်။ အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်သည်။  ကြွက်နားရွက်မှို အမျိုးအစား တွင် တွေ့ရှိရသည့် Polysaccharides  ဓာတ်ကြောင့် သွေးတွင်း ကိုလက်စထရောကို  လျော့ကျစေနိုင်သည်။ နှလုံးရောဂါ အန္တရာယ်ကို  လျော့ကျစေပြီး လေဖြတ်ခြင်းကို ကာကွယ် ပေးသည်။  ထိုမှိုကို သွေးခဲခြင်းနှင့် သွေးတိုးရောဂါအတွက် လည်း အသုံးပြုကြသည်။ အစွမ်းထက်သည့် ဗညအငသထငိညေအ  တစ်မျိုးဖြစ်ပြီး ဖရီးရယ်ဒီကယ်များကြောင့် ဆဲလ်ပျက်စီးခြင်း ကိုကာကွယ်ပေးနိုင်သည်။ 
အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလည်း သက်သာ စေနိုင်သည်။ ခန္ဓာကိုယ်ခုခံအား ကောင်းစေသည့်အတွက် ရုပ်ပိုင်းဆိုင်ရာ  ဖိအားမျိုးစုံကိုလည်း အကျိုးသက်ရောက်မှုရှိ သည်။ ကြွက်နားရွက်မှိုကို  အစားအစာများထဲ  ထည့်သွင်း စားသုံးသည့်အခါမှာ ခန္ဓာကိုယ်တွင်းမှ  အဆိပ်အတောက် များကို ပြေစေသည်။ အဆုတ်ကို သန့်စင်စေပြီး အစာ အခြေစနစ်အတွက်လည်း ကောင်းမွန်စေသည်။ အမျှင်ဓာတ် နှင့် ဏနခအငည ဓာတ်ပါဝင်မှုကြောင့် အဝလွန်ခြင်းကို ကာကွယ် နိုင်သည်။ အဆီဓာတ်စုပ်ယူမှုကို တားဆီးပေးသည့်အတွက် ဝိတ်ကျရန် ကူညီနိုင်သည်။ ြွကက်နားရွက်မှိုကို  ကိုယ်ဝန် ဆောင်များနှင့် နို့တိုက်မိခင်များ မစားသင့်သလို သွေးနှင့်ဆိုင် သည့် ရောဂါရှိပြီး ဆေးသောက်နေရသူများလည်း မစား သင့်ကြောင်း သိရသည်။                     

 

ဧဧခိုင်(တောင်ကြီး