Main menu

Background

မအူပင်မှ ဈေးကွက်ရရှိနေသည့် ရွှေပဲကြော်

Mon, 11/20/2023 - 13:54 -- journal_editor

ရွှေပဲကြော်လုပ်ငန်းသည်   မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာတွင် တည် ရှိပြီး ရွှေပဲကြော်လုပ်ငန်းပိုင်ရှင်နှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ  ဒုခရိုင် ဦးစီးမှူး   ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် နိုဝင်ဘာ ပထမပတ်တွင် ရွှေပဲကြော်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဈေးကွက်ရရှိပြီးသည်ထက် ပိုမို ဈေး ကွက်ရရှိရေးနှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်း လိုင်စဉ်များ ပြည့်စုံစွာ  ဆောင်ရွက်ထားရှိနိုင်ရေး   တို့ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
ရွှေပဲကြော်ကို      ကောက်ညှင်းနှင့်ဆန်ကို အချိုးညီမျှတစွာ ကြိတ်ခွဲရောစပ်ပြီး  ပဲ၊ ဆီ၊ ဆား တို့နှင့် ပေါင်းစပ်ပြီး၊   ဒယ်အိုးထဲရှိ ဆီနှင့် ကြော်ပြီး ပလတ်စတစ်အိတ်များနှင့် သပ်သပ်ရပ်ရပ်လုံခြုံစွာ ထုပ်ပိုးထားပြီး   စားချင်စရာ၊ အစားအစာတစ်ခု အဖြစ် ဈေးကွက်အတွင်း  ဖြန့်ချိရောင်းချလျက်ရှိ ကြောင်း  ရွှေပဲကြော်လုပ်ငန်းပိုင်ရှင်က   ရှင်းပြ သည်။ ရွှေပဲကြော်သည်၂၀ဝကျပ်တန်  ၁၂ ခုကို  ကျပ်၂၀ဝ၀ဖြင့်လည်းကောင်း၊ ၁၀ဝကျပ် တန် ၁၀ခုလျှင် ကျပ် ၉၀ဝ ဖြင့်လည်းကောင်း   ဈေး ကွက်အတွင်း အရောင်းအဝယ် တွင်ကျယ်လျက်ရှိ သည်။  ရွှေပဲကြော်သည်  စတင်ထုတ်လုပ်သည်မှ တစ်လအတွင်း   အသင့်စားသုံးနိုင်ပြီး   ဈေးကွက် အတွင်း အရောင်းအဝယ် တွင်ကျယ်သဖြင့် စားသုံး သူများအနေဖြင့် စားသုံးရယူမှုလွယ်ကူခြင်း အရ သာ ကောင်းမွန်မှုရှိခြင်း၊    သင့်တင့်မျှတသော ဈေးနှုန်းရှိခြင်း အခြေခံလူတန်းစားအားလုံး ဝယ် ယူသုံးစွဲနိုင်ခြင်း    စသည့်ဈေးကွက်အလားအလာ ကောင်းများရှိနေသဖြင့်    လေးအိမ်စုကျေးရွာမှ တစ်ပိုင်တစ်နိုင် ထုတ်လုပ်သော   ရွှေပဲကြော်ဈေး ကွက်သည် ပိုမိုတိုးချဲ့မှာယူခြင်းများ ရှိလာသည်။ ရွှေပဲကြော်ဈေးကွက်တည်ငြိမ်မှု၊ အရသာ ကောင်း မွန်မှု၊ သန့်ရှင်းလတ်ဆတ်မှုများကို     ပိုမိုကြိုးစား ဆောင်ရွက်ပါကစားသုံးသူများအဆင်ပြေ ကောင်း မွန်စွာ စားသုံးနိုင်သည့် စားစရာတစ်ခုဖြစ်သည်။ 

Consumer(MT)