Main menu

Background

ဖောက်သည်တို့အတွက် ရှယ်ယာဝန်ဆော‌င်ပေးခြင်း

Mon, 11/20/2023 - 14:33 -- journal_editor

ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုသည် ၎င်း၏ဖောက်သည်တို့အတွက် ရှယ်ယာဝန်ဆောင်မှုများကို ပေးလေ့ရှိသည်။ ယင်းသို့ဝန်ဆောင်မှုများပေးရန် ဖောက်သည်ဝန်ဆောင်မှုဌာနကို တည်ထောင်ထားပြီး ၎င်းဌာနတွင် ဝယ်ရောင်းဌာန၊ အရောင်းပရော်ဖက်ရှင်နယ်များနှင့် သုတေသနသမားများဖြင့် ဖွဲ့စည်းထားပါသည်။ ဝယ်ရောင်းဌာနသည် တစ်ဦးချင်းနှင့် အဖွဲ့အစည်းအလိုက်ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ရောင်းချသည့် ရှယ်ယာများကို ဝယ်ယူကာ ဈေးအမြင့်ဖြင့် အခြားသော ဝယ်ယူလိုသူများသို့ ပြန်လည်ရောင်းချလေ့ရှိသည်။ ဤသို့ ဝယ်ယူကာ ပြန်လည်ရောင်းချသည့်လုပ်ငန်းသည် ဆုံးရှုံးနိုင်ခြေရှိမှု (Risk)များနှင့် ဆက်နွှယ်နေသည့်အပြင် မြောက်များလှစွာသော အချက်များနှင့် ဆက်နွှယ်လျက်ရှိပါသည်။ အထူးသဖြင့် သုတေသနစာတမ်းများ၊ ဥပဒေ ထိန်းကျောင်းမှုများ၊ တရားစွဲဆိုမှုများ၊ ပြည်သူ့ဆက်ဆံရေးကိစ္စများ၊ပြိုင်ဘက်များ၏ အခြေအနေများ၊ ဒေဝါလီခံသည့်ကိစ္စများ၊ ြွေကးမြီအဆင့်သတ်မှတ်ချက်များ စသည့်မြောက်များစွာသော ဒေတာများအပေါ် အခြေခံလေ့ရှိပါသည်။ကျွမ်းကျင်သည့် ဝယ်ရောင်းသမားတစ်ဦးသည် အဆိုပါမြောက်များလှစွာသော ဒေတာအချက်အလက်များကို ကောင်းမွန်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချနိုင်စွမ်းရှိသည်။ အဆိုပါ ဆုံးဖြတ်ချက်များမှ အမြတ်(သို့)အရှုံးများကို ဖြစ်ပေါ်စေနိုင်ပြီး တစ်ခါတစ်ရံ အချိန်တစ်ခု ကြာမြင့်မှသာ ရလဒ်ကို သိရှိနိုင်သည်။ရင်းနှီးမြှုပ်နှံမှုများ၏ သတ်မှတ်ကာလ မည်သို့ချမှတ်ထား
စေကာမူ ရောင်းဝယ်ရေးသမားတစ်ဦးသည် ဆုံးရှုံးနိုင်ခြေရှိမှု Risk Factor များနှင့် ဆက်စပ်နေသည့် တန်ဖိုးများကို နေ့စဉ်ခြေရာခံလေ့လာနေရပါသည်။ ယင်းသို့ဆောင်ရွက်ခြင်းကို Marking To Market အ လုပ်သည်ဟုခေါ်သည်။ အကယ်၍ ဝယ်ရောင်းဌာနမှ ကိုင်ဆောင်ထားသည့် စတော့များသည် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ၏ စတော့များဖြစ်ကာ စတော့အိပ်ချိန်းတွင်စာရင်းဝင်ထားပါက ယင်းစတော့အိပ်ချိန်း၏ နေ့စဉ်အပိတ်ဈေးများကို လွယ်ကူစွာ သိရှိနိုင်ပါသည်။ သို့ရာတွင် ကိုင်ဆောင်ထားသည့်စတော့များသည် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ ရှယ်ယာများဖြစ်ပါမူ ယင်း၏တန်ဖိုးများကို ခြေရာခံရန်အတွက် စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့် အလားတူ ကုမ္ပဏီတစ်ခု၏တန်ဖိုးကို အခြေခံကာ တွက်ချက်ရန်လိုအပ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဝယ်ရောင်းဌာနသည် မိမိကုမ္ပဏီမှ ကိုင်ဆောင်ထားသည့်စတော့အစု၏ တန်ဖိုးကိုMark to Market  စနစ်ကိုအခြေခံကာနေ့စဉ် တွက်ချက်ကြရပါသည်။
စတော့ရောင်းဝယ်မှုတွင် လွန်စွာ အတွေ့အကြုံ ရင့်ကျက်လှသည့် ဝယ်ရောင်းသမားတစ်ဦးသည်ပင် အချို့သော စတော့များတွင် အရှုံးနှင့်ရင်ဆိုင်ဖူးသဖြင့် ဝယ်ရောင်းသမားတစ်ဦးသည်စိတ်ခံစားမှု အနည်းဆုံးဖြင့် ကိုင်ဆောင်ထားသည့် စတော့များကိုစနစ်တကျ သရုပ်ခွဲတတ်ရန် အရေးကြီးပါသည်။ အဓိက အရေးကြီးသည့်အချက်မှာ သုံးလ သို့မဟုတ် တစ်နှစ်တာကာလ အတွင်းစဉ်ဆက်မပြတ်Mark to Market စနစ်ကိုအသုံးပြုကာ အမြတ်ထွက်ပေါ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ဝယ်ရောင်းဌာနသည် အခြေခံအားဖြင့် အမြတ်ရရှိရေးအတွက် စတော့များကို ရောင်းဝယ်ကြသော်လည်း ဖောက်သည်များကိုယ်စား ဝယ်ရောင်းလုပ်ပေးရသည့်ကိစ္စများတွင်မူ တာဝန်ပိုကြီးပါသည်။
အကယ်၍ ဖောက်သည်၏ ငွေကြေးများဖြင့် မြတ်စွန်းအောင် မဆောင်ရွက်ပေးနိုင်ပါက မိမိတို့၏ဘဏ်မှ ထွက်ခွာသွားနိုင်ပါသည်။ တစ်ခါတစ်ရံ ဖောက်သည်၏ အကျိုးအတွက် ဝန်ဆောင်ခများ လျှော့ချကောက်ခံရခြင်းလည်း ရှိပါသည်။ဝယ်ရောင်းဌာနသည် နေရာနှစ်ခုတွင် အဓိက အာရုံထားဆောင်ရွက်လေ့ရှိပါသည်။ ၎င်းတို့မှာ-
(၁) Primary Market တွင် အစိုးရသို့မဟုတ် ကုမ္ပဏီများမှထုတ်ဝေရောင်းချသည့် ငွေချေးသက်သေခံလက်မှတ်များကို တိုက်ရိုက်ဝယ်ယူကာ အမြတ်တင်၍ ပြန်လည်ရောင်းချခြင်း၊
(၂) မူလက ထုတ်ဝေထားပြီးသည့် ရှယ်ယာများကို ဝယ်ယူခြင်း၊ ရောင်းချခြင်းမှ အမြတ်ငွေများ ရရှိခြင်းတို့ဖြစ်ပါသည်။ ဝယ်ရောင်းဌာနသည် ပရော်ဖက်ရှင်နယ် သမားများ၏အကြံဉာဏ်များကို ရယူကာ ရှယ်ယာများကို တာဝန်ခံဖြန့်ချိခြင်းနှင့်Secondary Market တွင် ဖောက်သည်များ၏ကိုယ်စား ရှယ်ယာများ ရောင်းဝယ်ခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ တစ်ခါတစ်ရံ ရင်းနှီးမြှုပ်နှံမှုဘဏ်သည် ဈေးကွက်တွင် ဖောက်သည်များ
အဆင်ပြေစေရေးအတွက် ၎င်း၏ ကိုယ်ပိုင်စာရင်းဖြင့် ဝယ်ယူထားသည့် ရှယ်ယာများကို ဈေးကွက်အတွင်း ချရောင်းခြင်း(Market Making) လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးပါသည်။
ငွေချေးသက်သေခံလက်မှတ်များကို ဈေးဖြတ်ခြင်း
ရင်းနှီးမြှုပ်နှံမှုဘဏ်ရှိ ရောင်းဝယ်ရေးဌာနခွဲသည် အသစ်ထုတ်ဝေသည့် စတော့ရှယ်ယာများကို ဈေးဖြတ်ရာတွင် လက်ရှိကုမ္ပဏီ၏ မူလထုတ်ဝေထားပြီးသော ရှယ်ယာဈေးနှုန်းများဖြင့်လည်းကောင်း၊ အကယ်၍ ထုတ်ဝေထားသော ရှယ်ယာများ မရှိပါက အမျိုးအစားတူညီသော အခြားကုမ္ပဏီတစ်ခု၏ ဈေးနှုန်းများကိုလည်းကောင်း အခြေခံလေ့ရှိပါသည်။ ငွေချေးသက်သေခံလက်မှတ် အမျိုးအစားများအပေါ်မူတည်၍ ဈေးနှုန်းကို နည်းလမ်းမျိုးစုံဖြင့် တွက်ချက်လေ့ရှိပါသည်။
(၁) ရှယ်ယာများကို အများပြည်သူသို့ ပထမဆုံးအကြိမ် ကမ်းလှမ်းခြင်း (Initial Public Offering) ဖြစ်ပါက အခြားသောအများပိုင်ကုမ္ပဏီများ၏တန်ဖိုးနှင့် နှိုင်းယှဉ်သည့်နည်းကို အသုံးပြုပါသည်။
(၂) အကယ်၍ ရှယ်ယာများ ထပ်မံထုတ်ဝေခြင်း Follow on offering ၊ ငွေချေးစာချုပ်များ ထုတ်ဝေခြင်းဖြစ်လျှင်လောလောဆယ်ဈေးကွက်ထဲတွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းကို အခြေခံကာ တွက်ချက်လေ့ရှိပါသည်။ ထို့အပြင်
ငွေချေးသက်သေခံ လက်မှတ်များကို လျှော့နှုန်းဖြင့်ရောင်းချရန် လို၊ မလိုနှင့် ရောင်းချမည့် အရေအတွက်နှင့် ဈေးကွက်၏တုံ့ပြန်မှုအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
(၃) စတော့အဖြစ် ပြောင်းလဲနိုင်သည့် ငွေချေးသက်သေခံလက်မှတ် (Convertible Securities)များကို ထုတ်ဝေရာတွင်မူ Convertible valuation model ကို အသုံးပြုလေ့ရှိပါသည်။ရှယ်ယာများကို အများပြည်သူသို့ ပထမဦးစွာ ကမ်းလှမ်းရောင်းချခြင်းမပြုမီ ဝယ်ရောင်းဌာနသည် အရင်းအနှီး ဈေးကွက်ဌာနနှင့်အတူ လက်တွဲကာ ရောင်းချမည့် ဈေးနှုန်းများကို ဆွေးနွေးရပါသည်။ ထို့နောက် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ရှယ်ယာများ ဖြန့်ချိရောင်းချပေးမည့် underwriting Department  သို့လွှဲပြောင်းပေးလိုက်ရပါသည်။ ဆိုလိုသည်မှာ ဝယ်ရောင်းဌာနသည် အများပြည်သူသို့ မထုတ်ပြန်သေးသည့် သတင်းအချက်အလက်များကို ကြိုတင်သိရှိနေသည့်အားလျော်စွာ အဆိုပါ
ကာလများအတွင်း ထုတ်ဝေပြီးသည့် စတော့များ ရောင်းဝယ်ခြင်းကို ခေတ္တရပ်နားထားရပါသည်။ ထိုအချိန်တွင် ရင်းနှီးမြှုပ်နှံမှုဘဏ်ရှိ စည်းကမ်းထိန်း အရာရှိများသည် မည်သည့် ရောင်းဝယ်သမားများက မထုတ်ပြန်သေးသည့် သတင်းများကို စောင့်ထိန်းမှုရှိ၊ မရှိကို စောင့်ကြည့်ကြရပါသည်။ရှယ်ယာထုတ်ဝေမည့်ကုမ္ပဏီအတွက် ရှယ်ယာဈေးနှုန်းများသတ်မှတ်ပေးသည့် အချိန်တိုင်းတွင် ဝယ်ရောင်းသမားများသည် ဈေးနှုန်း၊ အရွယ်အစား၊ ဖွဲ့စည်းမှုပုံသဏ္ဌာန် စသည်တို့အတွက် ဆုံးရှုံးနိုင်ခြေ (Risk) များကို ရယူကြရပါသည်။ဥပမာအားဖြင့် ရှယ်ယာထုတ်ဝေမည့်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုဘဏ်အား ရှယ်ယာများအားလုံး တာဝန်ခံဖြန့်ချိရောင်းချရန် ကမ်းလှမ်းသည့်အချိန်မျိုးတွင် ဘဏ်သည် ထုတ်ဝေသည့်ရှယ်ယာအားလုံးကို ဝယ်ယူရမည့်တာဝန်ရှိပါသည်။ သာမန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုဘဏ်သည် ရှယ်ယာများ ရောင်းချခြင်းမပြုမီ နယ်များသို့ လှည့်လည်၍Road Show ပြုလုပ်ကာ ရင်းနှီးမြှုပ်နှံသူများထံမှ ဝယ်ယူလိုသည့် ဈေးနှုန်းနှင့် အရေအတွက်တို့ကို လေ့လာရပါသည်။
အကယ်၍Road Show မပြုလုပ်ဘဲ ရှယ်ယာများကိုတာဝန်ခံ ရောင်းချခဲ့ပါက ရောင်းချသည့် ဈေးနှုန်းသည် ရင်းနှီးမြှုပ်နှံသူတို့ မျှော်မှန်းသည့်ဈေးထက် မြင့်နေမည်ဆိုလျှင် ရောင်းမကုန်ဘဲ ကျန်သည့်ရှယ်ယာများကို ဝယ်ယူရမည်ဆိုသည်ကိုသတိချပ်ရမည်ဖြစ်ပါသည်။ရှယ်ယာများကို အများပြည်သူသို့ကမ်းလှမ်းရောင်းချခြင်းမပြုမီ ရင်းနှီးမြှုပ်နှံမှုဘဏ်သည် အာမခံကတိ ကဝတ်ပြုသည့်ကော်မတီ (Commitment Committe)တစ်ရပ်ကို ဖွဲ့စည်းကာ
ရှယ်ယာများ တာဝန်ခံရောင်းချရာတွင် တွေ့ကြုံနိုင်သည့် ဆုံးရှုံးနိုင်ခြေများကို လေ့လာကာ တာဝန်ခံရောင်းချရန် ဆုံးဖြတ်ချက်များ ချမှတ်ရပါသည်။ သို့ရာတွင် ကုမ္ပဏီကြီးများအတွက်ရှယ်ယာများ တာဝန်ခံရောင်းချရာတွင် ဝန်ဆောင်စရိတ်များမြောက်များစွာ ရရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် ဆုံးရှုံးနိုင်ခြေ အနည်းငယ် ရှိနိုင်သည့်တိုင် ရှယ်ယာများတာဝန်ခံ ရောင်းချပေးကြပါသည်။သို့အတွက် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်
ရေးကော်မရှင်သည် တာဝန်ခံဖြန့်ချိမည့် အဖွဲ့များအတွက် မထားမနေရ အရန်ငွေပမာဏကို သတ်မှတ်ပြဋ္ဌာန်းပေးရပါသည်။အကယ်၍ ရှယ်ယာများ ဖြန့်ချိရောင်းချခြင်းမှ အရှုံးပေါ်ခဲ့လျှင်အဆိုပါ ရန်ပုံငွေဖြင့် ပြန်လည်ထေနိုင်မည်ဖြစ်ပါသည်။ အထက်ပါ ကော်မတီသည် ကုမ္ပဏီမှ ထုတ်ဝေရောင်းချမည့် ရှယ်ယာအရေအတွက်နှင့် တန်ဖိုး၊ ဥပဒေအရ ထားရှိရမည့် အရန်ငွေပမာဏတို့အပေါ် မူတည်ကာ ရှယ်ယာများ တာဝန်ခံရောင်းချခြင်းအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရပါသည်။ရောင်းဝယ်ရေးဌာနသည် ပြင်းထန်သည့် သုတေသနများကို ပြုလုပ်ကာ ၎င်းတို့ရောင်းဝယ်မည့် ငွေချေးသက်သေခံလက်မှတ်များ၏ အခြေအနေမှန်ကို သိရှိရန်ကြိုးစားကြရသည်။ ၎င်းတို့သည့် ရောင်းဝယ်ရေးကောင်တာများမှ ရရှိသည့်အချက်များအပေါ်တွင် လည်းကောင်း၊ အများပြည်သူတို့ထံမှ ကောက်ခံရရှိသည့် အချက်များကို အခြေခံ၍လည်းကောင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရပါသည်။သုတေသနသမားတို့သည် သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်တစ်ခုချင်းကိုသော် လည်းကောင်း၊ လုပ်ငန်းကဏ္ဍတစ်ခုလုံးကိုသော်လည်းကောင်း၊ ဘဏ္ဍာရေး ပရောဒတ်များကိုလည်းကောင်း၊ ယေဘုယျစီးပွားရေး အခြေအနေများကိုသော်လည်းကောင်း၊ နိုင်ငံရေး၊ လူမှုရေး ၊ ဥပဒေရေးရာပြဋ္ဌာန်းချက်များကိုသော်လည်းကောင်း လေ့လာသုံးသပ်ကြသည်။ ရှယ်ယာများစီမံခန့်ခွဲခြင်းမှ ရလဒ်ကောင်းများရရှိစေရန် အရည်သွေးမြင့်သည့် သုတေသနဌာနများကို ဖွဲ့စည်းဆောင်ရွက်ကြရပါသည်။
Reference Investment Guide Book