Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 12/04/2023 - 11:25 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၂၉ ရက်တွင်Thai Rice Exporter Association Websiteတွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၇ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရသည်။ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၅၄ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၀ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၈ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၇ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၂ ဖြင့် လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၇ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၂ ဖြင့် လည်းကောငး် အသးီ သးီ ရခှိ သဲ့ ညက် ို လေလ့ ာတွေ့ ရရှိ သည။်Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ (၁၀ဝ %) ဘီဂရိတ် ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံတွင်ဆန်ဈေးနှုန်းမှာ ကျဆင်းပြီး အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းမှာတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်(သစ်)တစ်အိတ်လျှင် ကျပ် ၅၉၀ဝ၀ မှ ၆၀၅၀ဝ ကြား ပေါက်ဈေးရှိပြီးဧည့်မထရိုးရိုးဆန် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၆၀ဝ၀ မှ၆၉၀ဝ၀ ကြားပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင် ဆန်ဈေးနှုန်းမှာတည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရဧည့်မထဆန် တစ်အိတ်လျှင် ၃၀ဝ ယွမ်ဝန်းကျင်ရှိပြီးပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၅၅ ကျပ်နှုန်း ရှိသောကြောင့်ဆန် တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ ကျော် ပေါက်ဈေးရှိကြောင်းသိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင်နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေ ဖြင့်တစ်ဘတ်လျှင် ၉၇ ကျပ်နှုန်း ပေါက်ဈေးရှိ
ကြောင်း သိရှိရသည်။တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၆၄၅၀ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့တွင် ဧည့်မထဆန်(သစ်)တစ်ပြည်လျှင် ကျပ် ၂၅၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။၊ Trading Economics Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅၂ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရသည်။ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်