Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 12/04/2023 - 11:35 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် နိုဝင်ဘာ ၂၇ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် အာဂျင်တီးနားနိုင်ငံသည် ယခုတစ်ပတ်တွင်၁၄ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဂါနာနိုင်ငံတွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ ချီလီနှင့် ဂျပန်နိုင်ငံတို့တွင် သုညဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ခြောက်နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ယခုတစ်ပတ်အတွက် နိုဝင်ဘာ ၂၇ ရက် ဖော်ပြချက်၌ မြန်မာ၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ် ၊ ဘူတန် ၊ ကင်ညာ၊ မိုနာကို ၊ နယူးဇီလန်  ပရူး နှင့် တောင်အာဖရိက စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၉ နိုင်ငံတွင်ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်းတည်ငြိမ်နေကြောင်း ယင်းဝက်ဘ်ဆိုက်ဒ်မှ ဖော်ပြထားသည်။ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်လာအို၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ခရိုအေးရှား၊ လက်ဘနွန်၊ ဂရိ၊အီတလီ၊ ပိုလန်၊ ကနေဒါ၊ ပြင်သစ်နှင့် ဟန်ဂေရီ အပါအဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ရာခိုင်နှုန်းမှ ၁၇ ဒသမ ၇၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်းတွေ့ရှိရသည်။အာဆီယံနိုင်ငံများ၏ နိုဝင်ဘာ ၂၇ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့်ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် လာအိုနိုင်ငံတွင် ၃ ဒသမ ၄၀ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၁၀ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။

ဒီဇယ်ဆီဈေးနှုန်းသည် နိုဝင်ဘာ ၂၇ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် အာဂျင်တီးနားနိုင်ငံသည် ယခုတစ်ပတ်တွင် ၁၀ ဒသမ ၁၀ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Curacaoနိုင်ငံတွင် ၄ ဒသမ ၈၀ ရာခိုင်နှုန်း၊ လစ်သူယေးနီးယားနိုင်ငံတွင် ၃ဒသမ ၅၀ ရာခိုင်နှုန်း နှင့် ဂါနာနိုင်ငံတွင် ၃ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့်ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ကိုးနိုင်ငံရှိကြောင်း တွေ့ရှိရသည်။ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ပါကစ္စတန်၊ဂျော်ဒန်၊ ကင်ညာ၊ မက္ကဆီကို၊ မိုနာကိုနှင့် ပီရူး စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၀ တွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်းပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်ဖိလစ်ပိုင်၊ လာအို၊ တရုတ်၊တောင်ကိုရီးယား၊ အိုက်စလန်၊ နော်ဝေ၊ပေါ်တူဂီ၊ ဆွီဒင်၊ ကနေဒါ၊ စပိန်၊ ပြင်သစ်နှင့် နယ်သာလန် အပါအဝင်နိုင်ငံပေါင်း 44 နိုင်ငံ ရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၅ ဒသမ ၈၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရပြီး အာဆီယံနိုင်ငံများ၏ ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ၃ ဒသမ၆၀ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံတွင် ၄ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။  ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ နိုဝင်ဘာလ ၂၉ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ကျပ် ၂၁၇၀ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင်ကျပ် ၂၃၀ဝ ၊ ဒီဇယ် တစ်လီတာလျှင် ကျပ်၂၂၀ဝ နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၉၀ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင်ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၀၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၂၉၀ ၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင်၂၇၄၂ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၃၈ ကျပ်ဖြင့် အမြင့်ဆုံးဖြစ်ပေါ်နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၃၀ဝ ကျပ်၊ဒီဇယ် တစ်လီတာလျှင် ၂၂၀ဝ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၃၀၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၀၅ ကျပ်ဖြင့် အနည်းဆးုံ ဖြစေ် ပါ်နေကြောငး် တွေ့ ရရှိ သည။် မြန်မာနိုင်ငံအတွင်းရှိ  ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၅၀ကျပ် ကျဆင်းခဲ့ပြီး ဒီဇယ်တစ်လီတာလျှင် ၇၅ ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

P&S