Main menu

Background

Gulfood 2024 သို့ ပါဝင်ပြသနိုင်

Mon, 12/04/2023 - 11:57 -- journal_editor

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ World Trade Center တွင် “Gulfood  2024 ” ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြပွဲသို့ ပါဝင်ပြသမည်ဆိုပါကOnline မှ Registration  ပြုလုပ်ရမည်ဖြစ်ပြီးRegistration Fees 595 AED ကျသင့် မည်ဖြစ်သည်။  Early Bird Registration Feesအဖြစ် ၆၀ % သက်သာ ခွင့်ရရှိမည်ဖြစ်ပြီး 245 AED ဖြင့်   Registration ပြုလုပ်၍ ပါဝင်ပြသနိုင် မည်ဖြစ်သည်။
ပြပွဲသို့ နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှ ထိပ်တန်းကုမ္ပဏီ ၅၅၀ဝ ကျော် တို့မှ လာရောက်ပြသကြမည်ဖြစ်သည်။Gulfood 2024 တွင် ပါဝင်ပြသ ခြင်းဖြင့် ကုန်သွယ်မှုသဘောတူညီချက်များ ရရှိနိုင်ခြင်း၊ F&Bစနစ်ကို ဆန်းသစ်တီထွင်နိုင်ပြီး ရေရှည်တည်တံ့နိုင်ခြင်း၊ ထိပ်တန်းအမှတ်တံဆိပ် ထုတ်ကုန်များနှင့်ချိတ်ဆက်နိုင်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု စားဖို မှူးများ၏ ချက်ပြုတ်မှုများကို ကိုယ်တိုင်လေ့လာနိုင်မည့်အပြင် နောက် ဆုံးပေါ် ထုတ်ကုန်များကို တွေ့ရှိနိုင်မည်ဖြစ်သည်။
အဆိုပါGulfood 2024” ပြပွဲသို့ မြန်မာနိုင်ငံမှ သွားရောက်ပြသ လိုသူများအနေဖြင့် visit.gulfood.com တွင်Registration ပြုလုပ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။                             

  TD (YGN)