Main menu

Background

စက္ကူပျော့ဖတ်ထုတ်လုပ်ရန်အတွက် သဘာဝတောများမှ နှစ်စဉ် ကုန်ကြမ်းဝါး အလုံးရေ သန်း ၃၀ဝ ကျော်ခန့် ရရှိနေ

Mon, 12/04/2023 - 12:02 -- journal_editor

စက္ကူပျော့ဖတ်ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် သုံးနိုင်သည့် ဝါးများကို မြန်မာနိုင်ငံ၏သဘာဝသစ်တောများမှ  နှစ်စဉ် ဝါးအလုံးရေ သန်း ၃၀ဝကျော်ခန့် ထုတ်လုပ်ပေးနေကြောင်း သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံ၌ စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံး ပြုနိုင်သည့် ကြီးမြန်သစ်မျိုးနှင့် ဝါးမျိုးများစွာရှိပြီး သဘာဝတောများမှ နှစ်စဉ် ဝါးအလုံးရေ ၃၀၁ သန်း ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။အဆိုပါ ထုတ်လုပ်နိုင်မှုသည် ဝါးစက္ကူပျော့ဖတ်စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းကို ပံ့ပိုးပေးနိုင်ပြီး ရေရှည်ကုန်ကြမ်းများရရှိစေရေး အတွက် ဝါးစိုက်ခင်းများနှင့် ကြီးမြန်သစ်မျိုး စိုက်ခင်းများစွာ တိုးချဲ့ စိုက် ပျိုးသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။လက်ရှိ ပြည်တွင်း၌   စက္ကူလိုအပ်ချက်များစွာရှိပြီး   စက္ကူထုတ် လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းကို သစ်၊ ဝါး၊ ကောက်ရိုး၊ ငှက်ပျောများ ကို အသုံးပြုခြင်း၊ စွန့်ပစ်စက္ကူများကို  ျွနခပခူန နည်းဖြင့် ပြန်လည် ထုတ် လုပ်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ထုတ်လုပ်မှုပိုင်းတွင် ရေနီစက္ကူစက်ရုံမှာ မူလအတိုင်း စက်ရုံလည် ပတ်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်း စာစက္ကူစက်ရုံ(သာပေါင်း)ကိုတော့    ပြီးခဲ့သည့်   သြဂုတ်လအတွင်းက ပြန်လည် လည်ပတ်နိုင်ခဲ့ကာ စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်း စာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ စက္ကူထုတ်လုပ်မှုကို  ယခင်က   ရေနီစက္ကူစက်ရုံနှင့် သာပေါင်းစက္ကူစက်ရုံတို့အပြင်     စစ်တောင်းစက္ကူစက်ရုံတွင်လည်း ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းကာလတွင်   စစ်တောင်းစက္ကူစက်ရုံအား သက်တမ်း ကြာမြင့်ပြီဖြစ်သည့်အတွက်   ဖျက်သိမ်းထားကြောင်း သိရ သည်။

ပန်းဆု