Main menu

Background

အော်ဂဲနစ် အုန်းသီးများဖြင့် ကျန်းမာရေးအထောက်အကူပြု အုန်းဆီများထုတ်လုပ်

Mon, 12/04/2023 - 12:50 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု ပင်လယ်ကမ်းခြေများမှ ထွက်ရှိသည့် သဘာဝအော်ဂဲနစ်အုန်းသီးမှ ကျန်းမာရေး အထောက် အကူပြု သောက်နိုင်၊ သုံးနိုင်သည့် မိသားစုကျန်းမာရေးအတွက် ဘက်စုံအသုံးတဲ့သော  အားထားရာ King Island  အမှတ်တံဆိပ် Extra Organic Virgin Coconut Oil (အုန်းပျိုဆီ) များ ထုတ်လုပ်လျက် ရှိသည်။
သဘာဝမြေဆီ မြေသားများဖြင့် စိုက်ပျိုးထားသော ၁၂ လမှ  ၁၃  လသက်တမ်းရှိ အပျိုစင်အုန်းသီးကို ရွေးချယ်ပြီး သဘာဝမပျက် Modified Natural Fermention Method ဖြင့် အထူးစီမံထုတ်လုပ် ထားသော   အဆီဖြစ်၍ အံ့ဖွယ်အာဟာရဓာတ်များ ြွကယ်ဝသော အဆီဖြစ်သည်။ ဓာတုပစ္စည်းများ လုံးဝမပါဝင်ခြင်း၊ အရောင်အဆင်း  မရှိခြင်း၊ ရေဓာတ်လုံးဝကင်းစင်ခြင်း၊ သဘာဝအုန်းသီး  ရနံ့သာရှိခြင်း ကြောင့် သဘာဝအကျိုးအာနိသင်မပျက်  ရေရှည်အထားခံသော ထုတ်ကုန်ဖြစ်သည်။ကျန်းမာရေးအထောက်အကူပြု ဓာတ်စာဖြစ် သည့်အတွက် သတ်မှတ်စံနှုန်းများနှင့်အညီ သန့်ရှင်းစွာ ထုတ်လုပ် ထားရှိသော အဆီဖြစ်သည်။
အုန်းပျိုဆီကို အဝလွန်သူများ သောက်သုံးရုံဖြင့် အဆီပိုများ ဖယ်ရှားနိုင်ပြီး ကျစ်လျစ်သော အသားအရေကိုရှိနိုင်သည်။ အဆီ သည် ဦးနှောက်  Alzhemer \ ၏စွမ်းရည်ကို အထောက်အကူပြုသည်။နှလုံးရောဂါ၊  သွေးတိုးရောဂါ၊ ကျောက်ကပ်ပိုးဝင်ခြင်း၊ ကင်ဆာ ရောဂါ၊ ဆီးချိုရောဂါ၊  ဆီးလွန်ရောဂါ၊ အသည်းရောဂါများကို ကာကွယ်ပေးနိုင်သည်။ ဆံပင်၏  ကျန်းမာသန်စွမ်းသော အကျိုး များစွာ ရရှိစေသည်။ အရွယ်တင် နုပျိုစေသည်။ အရိုးအဆစ်များကို ကောင်းမွန်စေခြင်းကြောင့်  (Organic Virgin Coconut Oil) သည် ကျန်းမာရေးအတွက်  အထောက်အကူပြုနိုင်ကြောင်း ရေးသားလိုက်  ရပါသည်။

ညိုညို (မြိတ်)