Main menu

Background

မော်လမြိုင်မြို့၌ အုန်းစိမ်းရည်များ အရောင်းအဝယ်သွက်

Wed, 12/20/2023 - 11:32 -- journal_editor

မေ်လမြိုင်မြို့တွင် အုန်းစိမ်းရည်များ အရောင်းအဝယ် သွက်လျက်ရှိသဖြင့် အုန်းစိမ်းဝယ်ရောင်း လုပ်ငန်းရှင်များမှာ ခြံအရောက်ကိုယ်တိုင် အပင်ပေါ်တက်ခူးသည့်စနစ်ဖြင့် လာ ရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။ အုန်းစိမ်းရည်ကို သဘာဝအတိုင်း သောက်သုံးခြင်းအပြင် အချို့မှာ အုန်းစိမ်း ဂျယ်လီ ပြုလုပ်ခြင်း၊ အုန်းစိမ်းရေခဲမုန့်ပြုလုပ်၍လည်း ရောင်း ချကြသည်။  အုန်းစိမ်းရည်   တစ်လုံးလျှင် ကျပ် ၁၀ဝ၀- ၁၅၀ဝ၊ အုန်းစိမ်းဂျယ်လီ တစ်လုံးလျှင် ကျပ် ၁၅၀ဝ-၂၀ဝ၀ ၊ အုန်းသီး ရေခဲမုန့် တစ်လုံးလျှင် ကျပ် ၂၀ဝ၀-၃၀ဝ၀ ဖြင့် ရောင်းချကြ သည်။  မိုးတွင်းတုန်းကတော့ အရောင်းအဝယ်ပါးတယ်၊ ပွင့်လင်းရာသီ ရောက်လာတော့ အရောင်းအဝယ် သွက်လာ တယ်။ မိုးတွင်းတုန်းက တစ်နေ့ကို ကျပ် ၄၀ဝ၀ဝ ဖိုးလောက်ပဲ ရောင်းရတယ်။ အခုတော့ တစ်နေ့ကို  ကျပ် ၇၀ဝ၀ဝ ဖိုးရောင်း ရတယ်။ ဝယ်ရင်းဈေးကတော့ တစ်လုံးကို  ကျပ် ၅၀ဝ-၆၀ဝ ပေးဝယ်ရတယ်။ တွက်ခြေကိုက်မှုရှိပါတယ် ဟု အုန်းစိမ်းဝယ် ယူရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။ အုန်းစိမ်းများကို မော်လမြိုင်မြို့တွင်းအပြင် ပေါင်မြို့နယ်၊ မုတ္တမ၊ အလှပ်ကျေး ရွာများသို့ပါ သွားရောက်ဝယ်ယူရကြောင်း ၎င်းက ပြောကြား ခဲ့သည်။  အုန်းစိမ်း အရောင်းဆိုင်များအား မော်လမြိုင်မြို့ နေရာ အနှံ့အပြားတွင် တွေ့ရှိရပြီး မော်လမြိုင်မြို့ ကမ်းနားလမ်း တစ်လျှောက်နှင့် ညဈေးတန်းများတွင် အုန်းစိမ်းရည်၊ အုန်းစိမ်း ဂျယ်လီ၊ အုန်းစိမ်းရေခဲမုန့်များအား မော်တော်ယာဉ်များဖြင့် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

မိုးမိုး (မွန်)