Main menu

Background

ထိုင်းငချိပ်(ခေါ်)ရာသီ ငချိပ်စပါး စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဈေးကောင်းရ

Wed, 12/20/2023 - 12:04 -- journal_editor

ထိုင်းငချိပ်(ခေါ်) ရာသီစပါးဖြစ်သည့်   ငချိပ်စပါးကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ  ကျေးရွာအနှံ့အပြားတွင် စိုက် ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဝက်လက်မြို့နယ်၊   စိုင်နိုင်ကြီး ကျေးရွာရှိ တောင်သူများသည် ငချိပ်စပါးကို စတင်၍စမ်းသပ် စိုက်ပျိုးခဲ့သည်။ ငချိပ်စပါးကို   ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါး ရာသီချိန်ဖြစ်သည့် ဇူလိုင်လအတွင်း ပျိုးထောင်၍  သြဂုတ်လ အတွင်းတွင်  စိုက်ပျိုးရကြောင်း စိုက်ပျိုးသူ တောင်သူနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရ သည်။
တစ်ဧကကုန်ကျစရိတ် 
၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဝယ်ယူရသည့် ငချိပ်မျိုး စပါး ဈေးနှုန်းမှာတစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝဈေးနှုန်းဖြင့် လယ်မြေ တစ်ဧကလျှင် ငချိပ်မျိုးစပါး  နှစ်တင်းနှုန်း အသုံးပြူရသဖြင့် မျိုးဖိုး  ကျပ် ၁၄၀ဝ၀ဝ ကုန်ကျကြောင်း၊ လယ်ကို မစိုက်ပျိုးမီ ပထမဦးစွာ စက်ခုတ်ပြီး ထယ်ရေးပြုပြင်ရသဖြင့်  လယ်တစ် ဧကလျှင် စက်ခုတ်ခ ကျပ် ၁၀ဝ၀ဝ၀ ကုန်ကျကြောင်း၊ ကန် သင်းခုတ်ခ နှင့် အမှိုက်ကောက်ခ   ကျပ် ၃၀ဝ၀ဝ  ကုန်ကျ ကြောင်း၊ ငချိပ်စပါးကို ပျိုးထောင်ပြီး ၂၀ ရက်သားတွင်  ပျိုး နုတ်၍ စိုက်ပျိုးရပြီး ပျိုးနုတ်ခ ကျပ်  ၈၀ဝ၀ဝ ပေးရကြောင်း၊ ပျိုးနုတ်ပြီးပါက စိုက်မည့် လယ်မြေထဲတွင် ပြန်၍ စိုက်ပျိုးရပြီး ကောက်စိုက်ခ ကျပ် ၈၀ဝ၀ဝ ပေးရကြောင်း၊ စိုက်ပြီး ရက် ၂၀ အချိန်တွင်  အပင်များကြားထဲသို့ အမှိုက်ကောက်ရကြောင်း၊ အမှိုက်ကောက်ခ ကျပ်၅၀ဝ၀ဝပေးရကြောင်း၊ ဓာတ်မြေသြဇာ အမျိုးအစားအပေါ် မူတည်၍ တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ဝ ပေးရကြောင်း၊    အပင်များ ကြီးထွားသန်မာစေရန် အပင် အပေါ် မူတည်၍ ဓာတ်မြေသြဇာ တစ်အိတ်မှ နှစ်အိတ် ကျွေး ကြကြောင်း၊ တစ်ဧကကို ဓာတ်မြေသြဇာ နှစ်အိတ်ကျွေးပါက ကျပ် ၃၄၀ဝ၀ဝ ကုန် ကျကြောင်း၊ ပိုးမွှား မကျစေရန် ပိုးသတ် ဆေးနှင့် အပင်အားဆေး  ဖျန်းရကြောင်း၊ ပိုးသတ်ဆေးကို တစ်ခါဖျန်းလျှင် ဖျန်းခနှင့် ဆေးဖိုးအပါအဝင် ကျပ် ၄၀ဝ၀ဝ ပေးရပြီး တစ်ဧကလျှင် မရိတ်သိမ်းမီ  အချိန်ထိ ပိုးသတ်ဆေး လေးခါ ဖျန်းရသဖြင့် ကျပ် ၁၆၀ဝ၀ဝ ကုန်ကျကြောင်း သိရ သည်။ ထို့အပြင် ငချိပ်စပါးသည် အခြားစပါးများဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊  ဧရာမင်း    စသည့် စပါးများနည်းတူ ပြုစု ပျိုးထောင်ရကြောင်း၊ ငချိပ်စပါး ရိတ်ရာတွင် လယ်မြေ အနီး အဝေးအပေါ် မူတည်၍ စက်ကြီးရိတ်ခ တစ်ဧကလျှင် ကျပ် ၁၅၀ဝ၀ဝ မှ  ၁၈၀ဝ၀ဝ ပေးရပြီး  ရိတ်ပြီးသား ငချိပ်စပါးကို အိမ်အရောက် သယ်ယူရာတွင် သယ်ယူစရိတ်  ကျပ် ၁၀ဝ၀ဝ ပေးရသဖြင့် တစ်ဧက ကုန်ကျစရိတ် ကျပ် ၁၁၄၀ဝ၀ဝ ကုန်ကျ ကြောင်း သိရှိရသည်။
တစ်ဧကအထွက်နှုန်းနှင့် အကျိုးအမြတ်ရရှိမှု
အနှံစထွက်ပါက စပါး၏အရောင်သည် အဖြူနှင့်အစိမ်း ရောင်စထွက်ပြီးနောက် တစ်လခန့်အကြာတွင် ခရမ်းပုပ်ရောင် သို့ ပြောင်းလဲကြောင်း၊  ခရမ်းပုပ်ရောင်မှတစ်ဆင့်  စပါးနှံ ရင့်သည့်အချိန်တွင် အုန်းခွံရောင်အဖြစ်သို့   ပြောင်းလဲလာ ကြောင်း၊ ငချိပ်စပါးကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ ဝယ်ယူကြောင်း၊ ငချိပ်စပါးစိုက်သည့် တောင်သူကို မေးမြန်း ရာတွင် တစ်ဧကလျှင် တင်း ၇၀ မှ ၈၀ ထွက်ရှိကြောင်း၊ ယခု ပေါ်ချိန်ဈေးနှုန်းမှာ    ငချိပ်စပါးတင်း  ၁၀ဝ လျှင် ကျပ် ၃၈၀ဝ၀ဝ၀  မှ  ၄၀ဝ၀ဝ၀ဝ ထိဈေးနှုန်းရှိကြောင်း၊  ငချိပ်စပါး စောထွက်သည့် တောင်သူများမှာ မိုးလေဝသရာသီဥတုကို စိုးရိမ်၍ ရောင်းချရာ ကျပ် ၃၈၀ဝ၀ဝ၀ သာ ရရှိကြောင်း၊ တစ် ဧကအထွက်နှုန်း  တင်း ၇၀ နှင့်  တွက်ချက်ပါက တစ်ဧကလျှင် ကျပ်  ၂၆၆၀ဝ၀ဝ ရရှိပြီး   ကုန်ကျစရိတ်မှာ ကျပ် ၁၁၄၀ဝ၀ဝ ကုန်ကျ၍ တစ်ဧက အကျိုးအမြတ်မှာ ကျပ် ၁၅၂၀ဝ၀ဝ  ရရှိ ကြောင်း သိရှိရသည်။
ထိုင်းငချိပ်(ခေါ်) ရာသီစပါးဖြစ်သည့် ငချိပ်စပါး စိုက် ပျိုးခြင်းဖြင့် တောင်သူများ ဈေးကောင်းရ၍   စပါးပေါ်ချိန် ရောင်းချသော်လည်း တစ်ဧကကုန်ကျစရိတ် ၁၃၃ ရာခိုင်နှုန်း အကျိုးအမြတ်ရရှိသဖြင့်  တောင်သူကြီးများအတွက် တွက် ချေကိုက်ပြီး   ဈေးနှုန်းဈေးကွက်ကောင်းသည့်   ငချိပ်စပါးကို နောင်နှစ်များတွင်လည်း တွင်တွင်ကျယ်ကျယ်  စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။                    

 

        နီနီမြင့်(ကြီး/ရေး)