Main menu

Background

ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာတွင် မြေအောက်ရေတင်စနစ်ဖြင့် ပန်းဂေါ်ဖီ စိုက်ပျိုးဝင်ငွေတိုး

Mon, 01/01/2024 - 10:42 -- journal_editor

စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့်  စားသုံးသူကာကွယ် ရေးလုပ်ငန်းများအပြင်  ပြည်တွင်းကုန် သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်း များကိုလည်း     ‌ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး    ကန့်ဘလူ ခရရိုင်  ကျွန်းလှမြို့နယ်  ရှမ်းစုကျေးရွာ တွင် ပန်းဂေါ်ဖီကို တစ်နိုင်တစ်ပိုင်စိုက် ပျိုးကြပြီး  မိသားစု အပိုဝင်ငွေရရှိနေ ကြောင်း သိရသည်။ 
ပန်းဂေါ်ဖီပင်    စိုက်ပျိုးရာတွင် မျိုးစေ့ကို  အရင်ပျိုးထားရပြီး ပျိုးပင် သက် တစ်လအကြာတွင် စတင်စိုက်ပျိုး ရကြောင်း၊ ပန်းဂေါ်ဖီပင်ကို တစ်ကျင်း လျှင်တစ်ပင်ခန့်   စိုက်ပျိုးပြီး တစ်ဧက လျှင် အပင်ရေ ၃၀ဝ၀ ခန့် စိုက်ပျိုးနိုင် ကြောင်း၊ ပန်းဂေါ်ဖီပင်ကို မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ ပန်းဂေါ်ဖီ ပင်၏   စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ အပင်စိုက်ခြင်း၊ ဓာတ်မြေ သြဇာ   ထည့်ခြင်း၊  ပေါင်းနုတ်ခြင်း၊   ရေသွင်းခြင်း  စသည်တို့၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၁၅၀ဝ၀ဝ ခန့် ကုန်ကျပြီး ပန်းဂေါ်ဖီပင်ကို စတင်စိုက် ပျိုးချိန်သည် တော်သလင်းလဆန်းတွင် စိုက်ပျိုးကာ စိုက်ပျိုးချိန်မှစ၍ သုံးလ ကြာလျှင်  ပန်းဂေါ်ဖီပင်အပွင့်များ စတင်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ် သည့်နေ့မှ တစ်ရက်လျှင် ပန်းဂေါ်ဖီ အပွင့်ရေ ၁၀ဝ-၂၀ဝ ခန့်ရရှိ၍ ပန်း ဂေါ်ဖီပင် တစ်ပွင့်လျှင် အသေး-အကြီး ပေါ်မူတည်၍ ကျပ် ၁၃၀ဝ-၁၅၀ဝ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိ ရသည်။ 
ပန်းဂေါ်ဖီပွင့်များသည်   ကျစ် ထုတ်၍  ပွင့်ပါက ဈေးကောင်းရရှိပြီး၊ အပွင့်ကျဲလျှင် ဈေးကောင်းမရသဖြင့်  ပန်းဂေါ်ဖီပွင့်များ ကျစ်လျစ်လှပသော အနေအထားဖြစ်ချိန်တွင်  စတင် ခူး ဆွတ်ကာ နှစ်ပတ်တစ်ကြိမ် ခူးဆွတ်၍ ရောင်းချရကြောင်း သိရသည်။
ထို့ကြောင့်   ပန်းဂေါ်ဖီပင်ကို ဆောင်းရာသီတွင် အများဆုံး စိုက်ပျိုး နိုင်ပြီး  အပတ်စဉ် ခူးဆွတ်ရောင်းချရ သော သီးနှံပင်ဖြစ်၍ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် ပန်းဂေါ်ဖီပင် ကို  ကျွန်းလှမြို့   သစ်ရာမြိုင်ဈေးရှိ ဖောက်သည်များထံနှင့် မိမိကိုယ်တိုင် ကိုယ်ကျဈေးသို့ရောင်းချကာ  အရောင်း အဝယ် ဖြစ်လျက်ရှိပြီး မိသားစုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ကျွန်းလှမြို့နယ်   ရှမ်းစုကျေးရွာ  ပန်း ဂေါ်ဖီပင်စိုက် တောင်သူ ဦးမောင်နိုင်ထံ မှ သိရသည်။ 

 

ဝေဝေအောင်(ကျွန်းလှ)