Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 01/01/2024 - 10:55 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို သိရသည်။ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလ ၂၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၀၃၅ ဒေါ်လာ ပေါက်ဈေးရှိခဲ့ ရာမှဒီဇင်ဘာလ ၂၇ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၆၅ ဒေါ်လာ ဖြစ်ခဲ့ပြီး ပြည်တွင်း ရွေဈေးသည်လည်း  ၂၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၃၆၇၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာ ၂၇ ရက်တွင် ကျပ်၃၆၉၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီးGDP သည် - ၁၈ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်အတွက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း ဖော်ပြထားပြီး ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ွီဏ သည် ၁ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်းWorld Bankမှ ခန့်မှန်းထားသည်ကို တွေ့ရှိ ရသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏GDP မှာ -၅ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ထက်၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ခနခငိအေေ.ခသာ မှဖော်ပြထားသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ရက်သတ္တပတ်အတွင်း  ၃၄၅၅-၃၄၆၀ ကျပ်ကြားရှိနေကြောင်းသိရသည်။