Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 01/01/2024 - 11:01 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၂၇ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၇၄ ဖြင့် လည်းကောင်း၊ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၉ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၆၂၃ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၅ ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၇ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၃၇ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၇ ဖြင့် လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ မြင့်တက်လျက် ရှိသည်။ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာကျဆင်းခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် နိုဝင်ဘာလအတွင်းထိုင်းဆန် တင်ပို့မှုတန်ဖိုးသည် ယခင်နှစ် အလားတူကာလထက်၆၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၆၃၂သန်း (ဘတ် ၂၃ ဒသမ ဝ၁ ဘီလီယံ)သို့ ရောက်ရှိခဲ့သည်ဟု ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အချက်အလက်အရသိရှိ ရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁လတာအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၁ ဘီလီယံဖိုးတင်ပို့ခဲ့ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံ၏ အဓိကဆန်ပို့ကုန်ဈေးကွက်များတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အမေရိကန်၊ တောင်အာဖရိကနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့ ပါဝင်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်တန်ဖိုး မြင့်တက်ရခြင်းသည် ပို့ကုန်ဆန်ဈေးနှုန်း မြင့်တက်သောကြောင့်ဖြစ်ပြီး ထိုင်းစပယ်ဆန်မွှေး တင်ပို့ရာ၌ ဒီဇင်ဘာ ၁၃ ရက်တွင် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၁၇ ရှိပြီး ဒီဇင်ဘာ ၂၇ ရက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၄၈ သို့ မြင့်တက်လာကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံ၏ ၂၅ ရာခိုင်နှုန်း ဆန်ကွဲပါ ဆန်ဖြူသည် ဒီဇင်ဘာလ ၁၃ရက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀ဝ ရှိခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၃သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း) တစ်အိတ် လျှင် ကျပ် ၁၂၅၀ဝ၀ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန်ဆန်(သစ်) တစ်အိတ်လျှင် ကျပ် ၆၆၀ဝ၀ မှ ၆၇၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ ၇၂၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်ဒီဇင်ဘာလ ၂၇ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရဧည့်မထဆန်တစ်အိတ်လျှင် ၂၉၀ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၄၇၆ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင်၁၃၅၀ဝ၀ ကျပ် ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာထိုင်းနယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၉၉ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရ သည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၆၆၀ဝ ကျပ်ဖြင့်အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနားမြို့တွင် ဧည့်မထဆန်(သစ်) တစ်ပြည်လျှင် ၂၇၀ဝ ကျပ်ဖြင့် အနိမ့်ဆုံး ဈေးနှုန်း များဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၄၀ ရာခိုင်နှုန်း ဈေးနှုန်း မြင့်တက်လျက် ရှိကြောင်းသိရှိရသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင်နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက် /အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်သည်။