ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဒီဇင်ဘာ ၂၅ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် နိုင်ဂျီးရီးယားနိုင်ငံသည် ယခုတစ်ပတ်တွင်၂ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်း နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် ၁ ဒသမ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၅ နိုင်ငံ ရှိကြောင်း တွေ့ရှိရသည်။ယခုအပတ်အတွက် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ဖိလစ်ပိုင်၊ စင်ကာပူ၊ တရုတ်၊ ဂျပန်၊ အန်ဒိုရာ၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊အီဂျစ်၊ ဖင်လန်၊ ပြင်သစ်နှင့် ကင်ညာ စသည့် နိုင်ငံများ အပါအဝင်နိုင်ငံပေါင်း ၈၁ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်းGlobal Petrol Prices Website ၌ ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြထားသည်။ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်ဗီယက်နမ်၊ လာအို၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဘူလ်ဂေးရီးယား၊လက်ဘနွန်၊ ပိုလန်၊ နော်ဝေနှင့် ပီရူး အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ ၁၇ဒသမ ၇၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိ ရသည်။အာဆီယံနိုင်ငံများ၏ ဒီဇင်ဘာလ ၂၅ ရက် ွူသဘေူ ဏနအမသူ
ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင်သုည ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံတွင် ၃ ဒသမ ၆၀ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင်ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင်ယင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉နိုင်ငံအနက် မြန်မာနိုင်ငံသည် ယခုတစ်ပတ်တွင် ၈ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံတွင် ၅ ရာခိုင်နှုန်း၊ တူရကီ (တူကီယေး) နိုင်ငံတွင် ၄ ဒသမ ၆၀ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၂ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိကြောင်းတွေ့ရှိရသည်။
ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ထိုင်း၊ ဘရာဇီး၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂရိ၊ အီတလီနှင့်ဂျော်ဒန် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၈၃ နိုင်ငံတွင်ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း ယင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့်ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ တောင်ကိုရီးယား၊ ကနေဒါ၊ ဘူလ်ဂေးရီးယား၊ ပိုလန်၊ နော်ဝေ၊ အာဂျင်တီးနားနှင့် နယ်သာလန် အပါအဝင်နိုင်ငံပေါင်း ၂၄ နိုင်ငံ ရှိပြီး ယခင်ပတ် ဈေးနှုန်းထက် သုညဒသမ ၁၀ ရာခိုင်နှုန်းမှ ၁၅ ဒသမ ၅၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ွူသဘေူ ဏနအမသူ ဏမငခနျ ျွှနဘျငအန တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်မြန်မာနိုင်ငံတွင် ၈ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၂ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ တွင်၁ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်းနှင့်လာအို နိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အောက်တိန်း-၉၂တစ်လီတာလျှင် ကျပ် ၂၅၆၀၊ အောက်တိန်း-၉၅ တစ်လီတာလျှင်ကျပ် ၂၆၆၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၁၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၆၅ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ
လျက်ရှိကြောင်း သိရှိရသည်။မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင်မြိတ်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၀၄၅ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ကျပ် ၃၀၃၀၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင်ကျပ် ၃၀ဝ၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၁၉၀ ဖြင့် အမြင့်ဆုံးဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၆၆၀၊ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၁၀၊ ပခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၆၇၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၂၀ ဖြင့် အနည်းဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၁၁၀ နှင့်ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၂၀ ဈေးနှုန်း မြင့်တက်ခဲ့ကြောင်းလေ့လာသုံးသပ် တင်ပြအပ်သည်။
P&S