Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Mon, 01/15/2024 - 10:42 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ   ပြည်ထောင်စုဝန်ကြီး  ဦးထွန်းအုံ တက် ရောက် အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ရာတွင်   ဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တတိယ သုံးလပတ်ကာလအတွင်း  လုပ်ငန်းဆောင် ရွက်ပြီးစီးမှု  အခြေအနေများနှင့် ‌ဆက်လက်ဆောင် ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတော်က ချမှတ် ထားသည့်   စီးပွား‌ရေးဦးတည်ချက်(၃)ရပ်နှင့်အညီ ဝန်ကြီးဌာန၏   လုပ်ငန်းတာဝန်များကို   အကောင် အထည်ဖော်ဆောင်ရွက်သွားရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့ ရေး၊  ကုန်သွယ်မှုပမာဏ  လျာထားချက်များ ပြည့်မီ အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရေး၊ မြန်မာ့ ထုတ်ကုန်များ  အရည်အသွေး  ပိုမိုကောင်းမွန်စွာ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရနှင့်   ပုဂ္ဂလိက အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သွားနိုင် ရေး၊ အသေးစား၊ အငယ်စား၊  အလတ်စားလုပ်ငန်း များ၏ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုး ကူညီပေးရေး၊ ကုန်သွယ်မှု ကဏ္ဍ  ပိုမိုဖွံ့ဖြိုးတိုးလာစေ ရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာကုန်သွယ် ဖက်နိုင်ငံများနှင့်  ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုး တက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရေးနှင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မား တိုးတက်လာစေရေးတို့အတွက် ဆောင်ရွက်သွားရေး၊ အားနည်းချက်များကို ပြင်ဆင်ဖြည့်ဆည်း၍ အားသာ ချက်များကို  အသုံးပြုဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ သည်။
ဆက်လက်၍  ဒုတိယဝန်ကြီး   ဦးမင်းမင်းက ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ ဝန်ထမ်းသက်သာချောင်ချိ ရေးဆောင်ရွက်ပေးမှု အခြေအနေများ၊ ဌာနတစ်ခုချင်း စီ၏ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သင့်သည့် အချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊  လူ့စွမ်းအားအရင်း အမြစ်ပြုန်းတီးမှု မရှိစေရေးနှင့် အနာဂတ် အစီအမံ များအား ချမှတ်ဆောင်ရွက်သွားရန်၊ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ အခြေခံစည်းမျဉ်းများကို ဌာနအတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား အခြေခံအဆင့်ဖြင့် တတ်မြောက်စေရေး သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးရန်နှင့် မိမိဝန်ကြီးဌာနမှ ချမှတ်သည့် မူဝါဒများ အား အဆိုပါ အခြေခံစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ အောင် လိုက်နာဆောင်ရွက်သွားရေးတို့ကို မှာကြားခဲ့ သည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ်၊  ဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ် များနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန် ကြားရေးမှူးများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များအား ဖြည့် စွက်လမ်းညွှန် မှာကြားခဲ့သည်။  
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဦးစီးဌာနများမှ အရာထမ်းများ၊ နယ်စပ်ကုန်သွယ် ရေးစခန်း တာဝန်ခံများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ ၁၅၀ ဦး၊ Virtual စနစ်ဖြင့် ၃၆ ဦး  စုစု ပေါင်း ၁၈၆  ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

MOC(IR)