Main menu

Background

E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းဖွင့်

Mon, 01/15/2024 - 10:59 -- journal_editor

စက်မှုဝန်ကြီးဌာန၏ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် E-Market Platform  ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ  MSME Center တွင် ကျင်းပပြုလုပ်ခဲ့သည်။ 
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင်E-Market Platform ပေါ်ရှိMSME ထုတ်ကုန်အရောင်းပြခန်း ဖြစ်ပေါ်လာပုံနှင့် စပ်လျဉ်း ၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ်က ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ပြခန်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြခန်းဖွင့်လှစ် ခြင်းအတွက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စက်မှု ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက E-Market Platform ပေါ်ရှိMSME ထုတ်ကုန်အရောင်းပြခန်း အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကE-Market Platform ပေါ်ရှိMSMEထုတ်ကုန်အရောင်းပြခန်း နှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်စကား  ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။

မြသူ (DOCA YGN)