Main menu

Background

ဗီယက်နမ်က အိန္ဒိယတွင် လျှပ်စစ်ကားများ ထုတ်လုပ်မည်

Mon, 01/15/2024 - 11:03 -- journal_editor

ဗီယက်နမ်နိုင်ငံ    အခြေစိုက် လျှပ်စစ်မော်တော်ယာဉ်  ထုတ်လုပ် သည့် Vinfast  ကုမ္ပဏီသည် အိန္ဒိယ နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်မှုများ ပြု လုပ်ရန်အတွက်  သဘောတူညီချက် လက်မှတ်ရေးထိုးပြီး   ကမ္ဘာ့တတိယ အကြီးဆုံး မော်တော်ယာဉ်ဈေးကွက် သို့  ဝင်ရောက်လာခဲ့ကြောင်း သိရှိခဲ့ သည်။
Vinfast  နှင့်       အိန္ဒိယနိုင်ငံ တာမီနာဒု   ပြည်နယ်အစိုးရတို့သည် ဒေါ်လာ ၂ ဘီလီယံကျော်ထိ  ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန်  သဘောတူညီမှုရရှိ ထားပြီး   ပထမဆုံး ၅ နှစ်တာကာလ အတွက် နှစ်စဉ် ဒေါ်လာ ၅၀ဝ မီလီယံ ပမာဏကို  စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ သွားရန်  ရည်ရွယ်ထားကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်ကားများနှင့်  ဘက်ထရီ များထုတ်လုပ်မည့်စက်ရုံကို   ယခုနှစ် တွင်   စတင်တည်ဆောက်သွားရန် မျှော်လင့်ထားပြီး ပြည်တွင်းဒေသခံ များအတွက်  အလုပ်အကိုင် အခွင့် အလမ်း ၃၀ဝ၀ မှ ၃၅၀ဝ ထိ ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။ 
၂၀၁၇ ခုနှစ်တွင်   စတင်တည် ထောင်ခဲ့သည့် ဠငညျေ်အ သည် ၂၀၂၁ မှ စတင်၍ လျှပ်စစ်ကားများ ထုတ်လုပ်ခဲ့ ပြီး ပြည်ပနိုင်ငံများတွင်လည်း လျှပ်စစ် ကားများ ထုတ်လုပ်သွားရန် အစီအစဉ် ရှိကြောင်း ကြေညာခဲ့သည်။
Vinfast  မှ တာမီနာဒုစီမံကိန်းမှာ ဒေသ၏ ပထမတန်းစား လျှပ်စစ်ကား ထုတ်လုပ်ရာ    ဗဟိုချက်ဖြစ်လာပြီး နှစ်စဉ် မော်တော်ယာဉ် ၁၅၀ဝ၀ဝ ထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။  တာမီနာဒုပြည်နယ်အစိုးရ သည် ထုတ်လုပ်မှုအတွက် ဝန်ဆောင်မှု များ၊    လျှပ်စစ်ပါဝါထောက်ပံ့မှုနှင့် အခြေခံအဆောက်အအုံအတွက် ပံ့ပိုးမှု များ  ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
လွန်ခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံ ၏ လျှပ်စစ်ကားအမျိုးအစား ရောင်းချ ရမှုမှာ    ကားအမျိုးအစားအားလုံး ရောင်းချရမှု၏ ၂ ရာခိုင်နှုန်းသာရှိပြီး နိုင်ငံတော်အစိုးရက ၂၀၃၀ ပြည့်နှစ် တွင် ၃၀ ရာခိုင်နှုန်းထိ ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Source: Nikkei Asia
မြသူ DOCA YGN