ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၁၀ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၁ ဖြင့် လည်းကောင်း၊ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၆ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၆၁၁ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၆၄၃ ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၇ ဖြင့်လည်းကောင်း၊
ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၃၇ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၇ ဖြင့် လည်းကောငး် အသးီ သးီ ရခှိ သဲ့ ညက် ို လေလ့ ာတွေ့ ရရှိ သည။်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပါသည်။ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်းဗီယက်နမ်ဆန် ပြည်ပတင်ပို့မှုတွင် ဆန်တန်ချိန် ၈ ဒသမ ၃ သန်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၈ဘီလီယံရရှိခဲ့ကာ အမြင့်ဆုံးသို့ စံချိန်သစ် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ဆန်ထွက်ရှိမှုသည် တန်ချိန် ၄၃ ဒသမ ၅ သန်း (၁ ဒသမ ၉ ရာခိုင်နှုန်း)အထိ မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်ဆန်တင်ပို့မှုတို့ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ ပြည်ပပို့ကုန်ဆန်များဝယ်လိုအား များပြားသဖြင့် ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့်
ပျမ်းမျှအားဖြင့် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၀ကျော်ရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ဆန်ဈေးကွက်သို့ ဆန်ဝင်ရောက်နိုင်မှု နည်းနေသေးခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်ဆန်ကို ပြည်ပမှဝယ်လိုအား ဆက်လက်မြင့်မားနေဦးမည်ဖြစ်ပြီး အထူးသဖြင့် ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံတို့မှ အဓိကဝယ်ယူကြမည်ဟု ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့သူများမှ ပြောကြားခဲ့သည်ကို သိရသည်။ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)
တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်(သစ်) တစ်အိတ်လျှင် ကျပ် ၆၇၀ဝ၀ မှ ၆၈၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ၇၂၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန်တစ်အိတ်လျှင် ၂၉၀ ယွမ် ဝန်းကျင်ရှိပြီး(ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၄၇၆ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိ
ရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၉၉ ကျပ်နှုန်းပေါက်ဈေးရှိကြောင်း သိရသည်။တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၆၆၀ဝ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနားမြို့တွင် ဧည့်မထဆန်(သစ်) တစ်ပြည်လျှင် ကျပ် ၂၈၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင် ဖော်ပြချက်အရယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်အပတ်နှင့် နှိုင်း
ယှဉ်ပါက ၁ ဒသမ ၅၃ ရာခိုင်နှုန်း ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်းသိရှိရသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/ အကျပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်
Background