ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်Global Petrol Prices Websiteတွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၈ နိုင်ငံအနက် တူရကီ(တူကီယဲ) နိုင်ငံသည် ယခု တစ်ပတ်တွင် ၆ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး သြစတြီးယားနိုင်ငံတွင် ၃ ဒသမ ၈၀ ရာခိုင် နှုန်း၊ မွန်တီနီဂရိုးနိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် လက်ဘနွန် နိုင်ငံတို့တွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း တွေ့ရ သည်။
ယခုအပတ်အတွက် ဇန်နဝါရီ ၈ ရက် ဖော်ပြချက်၌ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ အန်ဒိုရာ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ အီဂျစ်၊ ဟန်ဂေရီ၊ ဂျော်ဒန် နှင့် ကင်ညာ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ချက်၊ ဆိုက်ပရပ်စ်၊ ဂရိ၊ ဆွီဒင်၊ ဘရာဇီး၊ ဒိန်းမတ်၊ ပြင်သစ်၊ ပိုလန်နှင့် နယူးဇီလန် အပါအဝင် နိုင်ငံ ပေါင်း ၂၄ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရသည်။
အာဆီယံနိုင်ငံများ၏ ဇန်နဝါရီ ၈ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စင်ကာပူနိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် သုည ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများ တွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိ ရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၁၈ နိုင်ငံအနက် တူရကီ (တူကီယဲ) နိုင်ငံသည် ယခုတစ်ပတ် တွင် ၄ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး သြစတြီးယားနိုင်ငံတွင် ၂ ဒသမ ၆၀ ရာခိုင်နှုန်း၊ အက်စ် တိုးနီးယားနိုင်ငံတွင် ၁ ရာခိုင်နှုန်းနှင့် ဘယ်လ်ဂျီယံနိုင်ငံတွင် သုည ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၄ နိုင်ငံရှိကြောင်း တွေ့ရသည်။
ယခုတစ်ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ အာဂျင်တီးနား၊ ဂွါတီ မာလာ၊ အိုက်စလန်၊ ဂျော်ဒန်၊ ကင်ညာ၊ လူဇင်ဘတ်၊ မက္ကဆီကိုနှင့် ပီရူး စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၇၆ နိုင်ငံတွင် ယခင် အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ စပိန်၊ ပေါ်တူဂီ၊ ဂရိ၊ ကနေဒါ၊ ပိုလန်၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ ဖင်လန်၊ အိုင်ယာလန်နှင့် ခရိုအေးရှား အပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ ၆ ဒသမ ၄၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် စင်ကာပူ နိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်း ခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် အောက် တိန်း-၉၂ တစ်လီတာလျှင် ၂၅၃၅ ကျပ်၊ အောက်တိန်း-၉၅ တစ် လီတာလျှင် ၂၆၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၂၀ နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၀၅ ကျပ် အသီးသီး ဈေးနှုန်း များ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၀ဝ၀၊ ဒီဇယ် တစ် လီတာလျှင် ကျပ် ၃၁၉၀၊ မြိတ်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၉၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၉၈၀ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး၊ ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၆၃၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၃၂၀၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၂၆၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၃၀ ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်အပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၂၀ ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၁၀ဝ ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါ သည်။
Background