Main menu

Background

၂၀၂၄ နဲ့ အိမ်ခြံမြေဈေးကွက်အရွေ့

Mon, 01/15/2024 - 12:04 -- journal_editor

ပြီးခဲ့သည့်နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများ၊ ဈေးကစားလိုသူများ၏ အာရုံစိုက်ခြင်းခံခဲ့ရသည့် ရန်ကုန် အိမ်ခြံမြေဈေးကွက်သည် ၂၀၂၄ ခုနှစ် နှစ်သစ်တွင်မူ အေးစက်လျက်ရှိသည်။  ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် နှစ်နှစ်တာကာလအတွင်း ဘဏ်စနစ်အကျပ်အတည်းကြောင့် အိမ်ခြံမြေဈေးကွက်တွင်းသို့  ငွေပိုငွေလျှံရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ စုပြုံဝင်ရာက်ခဲ့ရာမှ အိမ်ခြံမြေဈေး အဆမတန် ခုန်တက် ခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင်မှု အရောင်းအဝယ် အေးစက်နေခဲ့ခြင်းဖြစ်သည်။ 
ပြီးခဲ့သည့်နှစ်တွင်မူ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျ ဆင်းလာရာ ရင်းနှီးမြှုပ်နှံလိုသူများသည် အိမ်ခြံမြေဈေးကွက် ဘက်သို့ ဦးတည်လာခဲ့ရာ ရန်ကုန်အိမ်ခြံမြေဈေးကွက် လှုပ်ခတ် ခဲ့ခြင်းဖြစ်သည်။ ဈေးချိုပြီး ကျယ်ဝန်းသည့် မြေကွက်များသည် နေထိုင်လိုသူ၊  ရင်းနှီးမြှုပ်နှံလိုသူများ အကြိုက်ဖြစ်လာခဲ့ပြီး ရန်ကုန်မြို့ပြ၏ အိမ်၊ ခြံ၊မြေဈေးနှုန်းများ သိသိသာသာမြင့်တက် လာခဲ့ခြင်းလည်းဖြစ်သည်။
ပြီးခဲ့တဲ့နှစ်ကတော့ အိမ်ခြံမြေဈေးတွေက အဆမတန်ခုန် တက်သွားတယ်။ အခုတော့ အရောင်းအဝယ်က ပြန်ငြိမ်သွား တယ်။ အရောင်းတွေပဲ များနေတယ်။ ဈေးခေါ်ထားတဲ့ အိမ်တွေ တော့ရှိတယ်။  ဒါပေမဲ့  ခေါ်ဈေးကအရမ်းများတော့ အဝယ်က မရှိဘူးဖြစ်နေတယ်။ အခုကတော့ အရောင်းအဝယ်က ကြိုက် ရောင်းကြိုက်ဝယ်အနေအထားပေါ့ဟု ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။ 
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နယ်ဒေသအသီးသီးမှ  လုပ်ငန်းရှင်များ အိမ်ခြံ မြေဈေးကွက်အတွင်းသို့  ဝင်ရောက်  ဈေးကစားလာခြင်းနှင့် အိမ်ခြံမြေအခွန် တင်းကျပ်လာခြင်းတို့  ဖြစ်ပေါ်ပြီးနောက်ပိုင်း အရောင်းအဝယ် အေးစက်သွားခဲ့ခြင်းဖြစ်သည်။ အိမ်၊ ခြံနှင့် မြေကွက်များမှာမူ   အမြင့်ဈေးတွင်   ရှိနေသေးသော်လည်း အရောင်းအဝယ် ရပ်တန့်နေခြင်းဖြစ်သည်။  ရန်ကုန်အိမ်ခြံမြေ  ဈေးကွက်တွင် ရှမ်းပြည်နယ်မှ   ရင်းနှီးမြှုပ်နှံလိုသူများသည် အများဆုံး ရင်းနှီးမြှုပ်နှံကာ ဈေးကစားလျက်ရှိသည်။ လက်ရှိဖြစ် ပေါ်နေသည့် အခြေအနေများကြောင့် ယင်းအိမ်ခြံမြေဝယ်လက် ပြိုကျသွားခြင်းက ရန်ကုန်အိမ်ခြံမြေဈေးကွက် အေးစက်လာ ခြင်းကို အကြောင်းဖန်စေသည်။ 
ယင်းအပြင် SP ၊ GP လွှဲပြောင်းရယူကာ ဈေးကစားခြင်းများ ကို ယခုနောက်ပိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ်စာချုပ် ချုပ် ဆိုကာ ရောင်းခွန်ဆောင်ပြီးမှ  လွှဲပြောင်းရယူခွင့်ပြုမှုကြောင့် လည်း ဈေးကွက်အတွင်း အမှန်တကယ်လိုအပ်သူသာ အရောင်း အဝယ် ပြုလုပ်လျက်ရှိသည်။ 
ယင်းသို့ ရန်ကုန်မြို့  အပါအဝင် ပြည်တွင်းအိမ်ခြံမြေဈေး ကွက် အရောင်းအဝယ်အေး စက်နေချိန် စိတ်ချလုံခြုံပြီး ရင်းနှီး မြှုပ်နှံရလွယ်ကူသည့်  အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အိမ်ရာဈေးကွက်သို့  ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူ များ စုပြုံတိုးကာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ လက်ရှိ ထိုင်းနိုင်ငံအတွင်း ကွန်ဒို၊  အိမ်ခန်းများ ဝယ်ယူရင်းနှီးမြှုပ်နှံမှု ထိပ်ဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင့်(၈)နေရာတွင် ရပ် တည်လျက်ရှိသည်။ 
]]ထိုင်းနိုင်ငံမှာ တိုက်ခန်း၊ ကွန်ဒိုတွေ ဝယ်ယူမှုက မြန်မာ တွေ တော်တော်များလာတယ်။ နိုင်ငံခြားသားတွေက တစ်ခန်းကို ယူနစ်တစ်ခုကို ဘတ်သုံးသန်းလောက်နဲ့ ဝယ်မယ်ဆိုရင် မြန်မာ တွေက ဘတ်ခြောက်သန်းလောက်ထိ ဝယ်နိုင်တယ်။တန်ဖိုးများ တဲ့ တိုက်ခန်းတွေ၊ ကွန်ဒိုမီနီယံတွေဝယ်တဲ့အထဲမှာ မြန်မာတွေက နံပါတ်တစ်ဖြစ်လာတယ်။ ထိုင်းရဲ့ ကွန်ဒိုရောင်းရတဲ့ ဈေးကွက် ကတော့ နောက်တက်တဲ့ ထိုင်းအစိုးရသစ်မှာ ပိုပြီးတော့အရောင်း အဝယ် သွက်လာတယ်။ ဝယ်လိုအား ပိုများလာတယ်။ ပြည်တွင်း ကသူတွေအနေနဲ့ကလည်း အခြေအနေ  အကြောင်းအမျိုးမျိုး ကြောင့် မိဘတွေက သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထား ချင်တယ်။  နိုင်ငံခြားမှာ  စီးပွားရေးလုပ်ချင်တယ်။ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်ကြတယ်။ အဲတော့ အနီးဆုံးအားဖြင့် ဆိုရင် ထိုင်းနိုင်ငံကို ရွေးကြတယ်။ ထိုင်းနိုင်ငံရဲ့ အားသာချက်က တော့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံဖို့အတွက် အရမ်းကို ခိုင်မာ တယ်။ မြန်မာပြည်နဲ့ကလည်း လွယ်လွယ်ကူကူ  သွားလာလို့ရ တယ်။ နိုင်ငံတကာအဆင့် ကျောင်းများစွာရှိပြီး ရွေးချယ်လို့ ရတယ်။ ဟောင်ကောင်၊ ဒူဘိုင်း၊ စင်ကာပူတို့ထက်စာရင် ဈေး သက်သာနေသေးတယ်။ လုံးချင်း၊ တိုက်ခန်း ငှားနေမလား၊ ဝယ် နေမလား။ ဝယ်မယ်ဆိုရင်လည်း ဒီလိုတိုက်ခန်းတွေက ပိုင်ဆိုင်မှု ကို အပြည့်ရတယ်။ လုံးချင်းတွေကသာ ပိုင်ဆိုင်မှုတစ်ဝက်ပဲရ မှာပေါ့နော်။ တော်တော်များများကတော့ ကွန်ဒိုတွေ ဝယ်ထား ကြတယ်။ တချို့ကလည်း ကွန်ဒိုသုံးခန်းလောက် ဝယ်ထားတယ်။တစ်ခန်းလောက်တော့ နေမယ်။ နှစ်ခန်းလောက်တော့ ငှားထား မယ်ပေါ့နော်။ တော်တော်များများကတော့ ငွေကြေးဖောင်းပွမှု မရှိတဲ့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံရတာ စိတ်ချတယ်။  ခိုင်မာတယ်။ အခုနောက်ပိုင်းကတော့ ထိုင်းမှာ တိုက်ခန်း၊ ကွန်ဒိုတွေဝယ်ပြီး ရင်းနှီးမြှုပ်နှံကြပါတယ်}}ဟု ထိုင်းအိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီဖြစ်သည့်Direct Go Travels & Tours  ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ ဒေါ်နီလာဝင်းကဆိုသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းအိမ်ခြံမြေဈေးကွက်သို့ ၂၀၂၃ ခုနှစ် ခြောက်လတာကာလအတွင်း ဘတ်သန်းပေါင်း ၁၂၇၄ သန်းဖိုး ဝယ်ယူခဲ့ကြောင်းBTimesထိုင်းစီးပွားရေးသတင်း ဌာနက ဖော်ပြခဲ့သည်။
]]မြန်မာနိုင်ငံရဲ့ ဝယ်ယူမှုနှုန်းက အရမ်းများပါတယ်။နိုင်ငံ တကာနဲ့စာလို့ရှိရင် ဘန်ကောက်မြို့မှာ မြန်မာပြည်သူတွေရဲ့ ကွန်ဒိုဝယ်ယူမှုနှုန်းက ထိပ်ဆုံးမှာရှိနေပါတယ်။ဘန်ကောက်မှာ က ပြောရမယ်ဆိုလို့ရှိရင် ဈေးနှုန်းတွေက အရမ်းသက်သာတယ်။ဘဏ်ဖွင့်ရတာလည်း အရမ်းလွယ်ကူတယ်။ ဟိုမှာက အကုန်လုံး လိုက်လုပ်ပေးတယ်။  ပိုင်ဆိုင်မှုကလည်း အရမ်းခိုင်မာတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပေးထားလဲဆိုလို့ရှိရင် ကွန်ဒိုစီမံကိန်းပရောဂျက် တစ်ခုမှာဆိုလို့ရှိရင် နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ကို ၄၉ ရာခိုင်နှုန်း ထိ ပေးထားပြီးတော့ ပိုင်ဆိုင်ခွင့်ရတယ်။ ပိုင်ဆိုင်ခွင့်က ခိုင်မာ တယ်။ တချို့တွေကကျတော့ ရင်းနှီးမြှုပ်နှံချင်လို့ဝယ်တာ။ သွား နေချင်လို့မဟုတ်ဘူး။ အဲမှာ ဒီအတိုင်းပဲ ဝယ်ထားလိုက်တယ်။ အဲမှာက ငှားရမ်းတဲ့သူတွေကလည်းများတော့ ကျွန်တော်တို့အနေ နဲ့ကလည်း တစ်ခါ တည်း ပြန်ငှားပေးတာတွေ လုပ်ပေးပါတယ်။ တချို့အိမ်တွေကို ဝယ်လိုက်ပြီးတော့  တစ်နှစ်အငှားတွေပါ လုပ် ပေးပါဆိုတော့ လုပ်ပေးလိုက်တယ်။ ဒီအတိုင်း သွားဝယ်ထားလို့ရ သလို ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့လည်း  သွားဝယ်လို့ရတယ်။ ဒီအတိုင်း နေထိုင်ချင်လို့  ဝယ်ထားလို့ရသလို စီးပွားရေးလုပ်မယ် ဆိုလည်း အဆင်ပြေတယ်။ အဲလိုပုံစံမျိုးရှိတဲ့အတွက် အခုဆိုရင် မြန်မာပြည်ကနေ  ထိုင်းမှာသွားဝယ်တာတွေက အရမ်းကို တိုး တက်မြန်ဆန်လာနေပါတယ်}}ဟု  ထိုင်း Asset Wise Developer Group ၏ မန်နေဂျင်းဒါရိုက်တာBunthoon Damrongrak  ကဆိုသည်။