Main menu

Background

တောင်သူလယ်သမားများကို အကျိုးပြုစေမည့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်အကြောင်း သိကောင်းစရာ

Mon, 01/15/2024 - 12:10 -- journal_editor

တောင်သူလယ်သမားများအနေဖြင့်      သီးနှံပေါ်ချိန်တွင် ဈေးနှုန်းများ ကျဆင်းသည့်အပြင်  စိုက်ဘဏ်ချေးငွေများ ဆပ်ရခြင်း၊ အခြားချေးငွေများ ဆပ်ရခြင်း၊  မိသားစုစားဝတ်နေရေးနှင့် လူမှုရေး ကိစ္စရပ်များ လုပ်ဆောင်ရခြင်းတို့အတွက်  ချေးငွေများ ရယူလိုခြင်း၊ သိုလှောင်ရန်  ခက်ခဲခြင်းတို့ကြောင့်  သီးနှံဈေးနှုန်း မြင့်တက်ချိန်ကို စောင့်ဆိုင်းနိုင်ခြင်းမရှိဘဲ  အလျင်စလို  ရောင်းချနေကြရသည်။ သီးနှံပေါ်ချိန်ကာလ လွန်မြောက်ပြီး ဈေးနှုန်းပြန်လည် မြင့်တက်ချိန် တွင် တောင်သူများလယ်ဝယ်၌ သီးနှံလက်ကျန်မရှိတော့သည့်အတွက် ထိုက်သင့်သည့်အကျိုးအမြတ်မရရှိသည်ကို လေ့လာသိရသည်။
စက်ပိုင်၊ ကုန်သည်ပွဲစားများအနေဖြင့်လည်း  သိုလှောင်ရုံများ သို့ သီးနှံများစု ပြုံဝင်လာခြင်း၊ ဝယ်ယူပြီး သီးနှံများအတွက် ငွေပေး ချေရန် အခက်အခဲရှိခြင်း၊ သီးနှံသိုလှောင်ရန် နေရာအခက်အခဲရှိခြင်း ကြောင့် သိုလှောင်ရုံ ပြင်ပတွင်ထားရှိရသည့်အခါ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် သီးနှံပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်လျက်ရှိ သည် ကိုလည်း သိရှိရသည်။
သီးနှံကိုအပေါင်ထား၍   ငွေချေးယူခြင်းကို  တောင်သူနှင့် ကုန်သည်ပွဲစား၊ စက်ပိုင်တို့အကြား တရားမဝင် (informal)  ငွေချေး ယူမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး  အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက  ဥပဒေအရ စည်းနှောင်မှု  အားနည်းသည့်အပြင် ကုန်သည်လုပ်ငန်းရှင်များအတွက် ဆုံးရှုံးနိုင်ခြေရှိပြီး တောင်သူများ အနေဖြင့်လည်း အတိုးနှုန်းကြီးမြင့်သောကြောင့်  အြွေကးသံသရာမှ  ရုန်းမထွက်နိုင်ကြသည်ကိုလည်း လေ့လာသိရှိရသည်။   သို့ဖြစ်ရာ တောင်သူများ၏ လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်စေရန်၊ ရိတ်သိမ်း ချိန်လွန်ဆုံးရှုံးမှုကို လျှော့ချနိုင်စေရန်နှင့် သီးနှံကို  အပေါင်ထား၍ တရားမဝင် ငွေချေးယူမှုစနစ်မှ တရားဝင် ငွေချေးယူနိုင်မည့်စနစ်သို့ ကူးပြောင်းနိုင်စေရန် ရည်ရွယ်၍  သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်   ငွေကြေးထောက်ပံ့မှုစနစ် Warehouse Receipt Financing System - WRFS)ကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များနှင့်ကျွမ်းကျင်ပညာ ရှင်များဖြင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ    သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် Warehouse Receipt Financing System - WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေးသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့သည့်   မြန်မာ့ဆန်စပါး  ညီလာခံ ၂၀၂၂၏ ဖော်ထုတ်ချက်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး WRF  စနစ်နှင့်သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲကိုလည်း  ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
WRF စနစ်ကို   ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု များပြားသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊မန္တလေး တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် အစပျိုး စမ်းသပ်ကာလ(Pilot Project))အဖြစ်   စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းကို သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်အနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှစတင်၍ ဏငူသအ ဏမသနြခအ တွင်  ပါဝင်ဆောင်ရွက်လိုသည့် သိုလှောင်ရုံလုပ်ငန်းရှင်များ အား စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) ဖိတ် ခေါ်ထားပြီးPilot Projectတွင် ပါဝင်လိုကြောင်း စိတ်ဝင်စားမှု အဆို ပြုလွှာ လျှောက်ထားလာသည့်  ကုမ္ပဏီငါးခုရှိနေပြီဖြစ်ကြောင်းကို လည်း သိရှိရသည်။
ထို့ပြင်WRF စနစ်တွင် ပါဝင်မည့် သိုလှောင်ရုံများကို မှတ်ပုံ တင်ထားရှိနိုင်ရေးအတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့   ပူးပေါင်း၍ မြန်မာဆန်စပါးအွန်လိုင်း  (Myanmar Rice Online – MyRO))ကို လွှင့်တင်ထားရှိပြီး MyRO မိတ်ဆက်ပွဲGo-Live Ceremony)ကို ၂၀၂၃ ခုနှစ်  နိုဝင်ဘာလ ၃ ရက်‌နေ့တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း  ၅၀ဝ၀ နှင့်အထက် သိုလှောင်မည်ဆိုပါက MyRO Websiteတွင် သိုလှောင်ရုံ မှတ်ပုံတင် ခြင်း ဆောင်ရွက်ရမည်ဖြစ်ပြီးWRF  စနစ်တွင် ပါဝင်မည့် သိုလှောင်ရုံ များအနေဖြင့် သိုလှောင်ရုံကုန်အပ်စနစ်ကို  အဓိကဆောင်ရွက်ခြင်း (Professional သိုလှောင်ရုံလုပ်ငန်းများ) ကဏ္ဍတွင်  မှတ်ပုံတင်နိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
MyROသည် သိုလှောင်ရုံများကိုသာမက သိုလှောင်မှုစာရင်း များကိုပါ စနစ်တကျ ထည့်သွင်းဆောင်ရွက်ထားသည့်  အစီအစဉ် တစ်ခုဖြစ်ပြီး သိုလှောင်ရုံမှတ်ပုံတင်ခြင်းတွင် သိုလှောင်ရုံ၏ အလျား၊ အနံ၊ အမြင့်၊ တည်နေရာ အစရှိသည့် အချက်အလက်များကို မှတ်ပုံ တင်ထားရှိနိုင်မည်ဖြစ်ပြီး သိုလှောင်မှုအပိုင်းတွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် အစရှိသည့် အချက်အလက်များကို မှတ်ပုံတင်ထား ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ MyRO Website တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကုမ္ပဏီ ၇၅ ခုမှ သိုလှောင်ရုံ ၁၅၄ လုံး၊ လူပုဂ္ဂိုလ် ၂၈ ဦးမှ  သိုလှောင်ရုံ ၃၉ လုံး၊ စုစုပေါင်း သိုလှောင်ရုံ ၁၉၃ လုံး မှတ်ပုံတင်ထားပြီးဖြစ်ကြောင်းကို လည်း သိရသည်။
ယခုအခါMyanmar Agri Corner Co.,Ltd.အနေဖြင့် ဧရာ ဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင်Professional Warehouse Operator အဖြစ် ဆောင်ရွက်ရန် မှတ်ပုံတင်ထားရှိပြီး ယင်းကုမ္ပဏီ အနေဖြင့် WRF စနစ်ကို ဆောင်ရွက်နိုင်ရေး ဧရာဝတီတောင်သူလယ် သမားများ ဖွံ့ဖြိုးရေးဘဏ်(A Bank))နှင့် Master Security Agent Agreement ရေးထိုးထားကြောင်း သိရသည်။
“သိုလှောင်ရုံကုန်အပ်လက်မှတ်ကို  အခြေပြုသည့်  ငွေကြေး ထောက်ပံ့မှုစနစ်  အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်း အဖွဲ့(Task Force)”၏   (၁/၂၀၂၄)ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) အစည်းအဝေးခန်းမ(၁)တွင်  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၇ ရက်ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး    ဆန်စပါးဥပဒေပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း ကို အာမခံထား၍   ငွေချေးယူခြင်းဆိုင်ရာဥပဒေ Secured Tran-sactions Law)) ပြဋ္ဌာန်းနိုင်ရေး  ဆောင်ရွက်ထားရှိမှု   အခြေအနေ၊ သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ   အမိန့်ထုတ်ပြန်နိုင်ရေး ဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် သိုလှောင်ရုံ  ကုန်အပ်လက်မှတ်ကို အခြေပြုသည့်   ငွေကြေးထောက်ပံ့မှုစနစ်   အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းစဉ်များ (ှStandard Operation Procedures – SOPs) ရေးဆွဲထားရှိအခြေအနေများကို    ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ 
အစည်းအဝေးသို့  လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန် ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဦးစီးဌာနများမှ  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊   မြန်မာနိုင်ငံ လက် မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတကာက ကျင့်သုံးဆောင်ရွက်လျက်ရှိသည့်  ဥပဒေ၊ အမိန့်၊ စည်းမျဉ်းစည်းကမ်း များကို ကိုးကားလေ့လာ၍ WRF စနစ် အကောင်အထည်ဖော်ဆောင် ရွက်ရေးဆိုင်ရာ စည်းမျဉ်းRegulation)ထုတ်ပြန်နိုင်ရေး   ဆောင် ရွက်ရန်၊  SOPs  မူကြမ်းအား အစိုးရကဏ္ဍဆိုင်ရာ   လုပ်ငန်းအဖွဲ့ခွဲ Working Group)) တွင် အသေးစိတ်    ပြန်လည်ဆွေးနွေးရန်နှင့် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်မည့်အချိန်ဇယားTime Frame) ) သတ်မှတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။
သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်  ငွေကြေး ထောက်ပံ့မှုစနစ်ကို    အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ပါက တောင်သူများအနေဖြင့်  သိုလှောင်ရုံများတွင် သီးနှံကို အပေါင်စနစ် အဖြစ် အပ်နှံပြီး ရရှိလာသည့်    ကုန်အပ်လက်မှတ်ကို  အသုံးပြု၍ ဘဏ်တွင် ငွေချေးယူနိုင်မည့်စနစ်ဖြစ်သည့်အတွက် တောင်သူများ ဝင်ငွေ ပိုမိုရရှိလာနိုင်သည့်အပြင်   ပို့ကုန်ဝင်ငွေ တိုးမြှင့်ရရှိရေးကို လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

တိဗ္ဗ