Main menu

Background

၀င်ငွေတိုးတဲ့ မေမြို့ပန်း

Mon, 01/15/2024 - 12:38 -- journal_editor

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊  တောင်လုံးညိုကျေး ရွာမှ တောင်သူ ဦးဇော်နိုင်၏ ဥယျာဉ်၊ ခြံမြေများတွင်  မေမြို့ပန်းများကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက်   ဝင်ငွေများ တိုးပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။မေမြို့ပန်းကို နေရာအနှံ့အပြားတွင် စိုက်ပျိုးနိုင်ကြောင်း၊ သီတင်း ကျွတ်လတွင် စတင်ပျိုးအောင်ပြီး ပြာသိုလတွင် အဖူးအပွင့်များ ဖူးပွင့်ပြီး စတင်နုတ်ယူရောင်းချနိုင်ကြောင်း သိရသည်။  ပျိုးသက်ကာလမှာ သက် ယဉ်၊ သက်လတ်၊ သက်ကြီးဟူ၍  သုံးမျိုး စိုက်ပျိုးနိုင်ကြောင်း၊ သက်ယဉ်ကို (၂)လခွဲ၊ သက်လတ်ကို (၃)လခွဲနှင့် သက်ကြီးကို (၄)လစိုက်ပျိုးရကြောင်း သိရသည်။ မေမြို့ ပန်းမျိုးစေ့ထုတ်ကို ဝယ်ယူပြီး စိုက်ပျိုးကြောင်း၊ ပန်းပွင့် အရောင်များမှာ  ပန်းနုရောင်၊ အပြာရောင်၊ ကြက်သွေးရောင်၊ အနီရောင်၊ မရမ်းရောင်နှင့်အဖြူရောင်တို့ ပွင့်ကြောင်းသိရသည်။ မေမြို့ပန်းရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များက လာ ရောက်ဝယ်ယူကြသလို ပြည်မြို့ပေါ်ရှိ   ဈေးများသို့လည်း  သွားရောက် ရောင်းချမှုများရှိသည်။  မေမြို့ပန်း သုံးပင်ပါ တစ်စည်းလျှင်  ကျပ် ၂၅၀ ရရှိသလို လက်တစ်ဆုပ် အစည်းတစ်စည်းလျှင် ကျပ် ၁၅၀ဝ အထိ ဈေး ရရှိကြောင်း သိရသည်။  မေမြို့ပန်းကို တစ်ရက်ခြားတစ်ခါ  နုတ်ယူရောင်း ချပြီး ပန်းအစည်းရေ  ၁၀ဝ မှ ၁၅၀ အထိရရှိကြောင်း သိရသည်။  ထို့ကြောင့် မေမြို့ပန်းသည်  မြေ၊ အရင်းအနှီး၊  အချိန်နည်းနည်းဖြင့် စိုက်ပျိုးနိုင်ပြီး ဈေးကွက်ကောင်းပါက အမြတ်ငွေများများရရှိသောကြောင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သော ပန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

 

သင်းသင်းအောင်(ပြည်)