Main menu

Background

၂၀၂၄အတွက် ခရီးသွားရန် အကောင်းဆုံးနေရာများ

Mon, 01/15/2024 - 14:10 -- journal_editor

အမေရိကန်ပြည်ထောင်စု  မက်ဆာချူးဆက်ပြည်နယ်ရှိTripadvisor  ခရီးသွားကုမ္ပဏီက ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် ခရီးသွားရန် အကောင်းဆုံးနေရာများကို စစ်တမ်းကောက်ယူထား သည့် အချက်အလက်များကို ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့်  Tripadvisor  ခရီးသွားကုမ္ပဏီသည် ၂၀၂၄ ခုနှစ်အတွက် ၎င်း၏ ပထမဆုံးTravelers' Choice Award  ကို ကြေညာခဲ့ခြင်းဖြစ်သည်။ 
ွှမငစေိလငျသမ ၏ ကမ္ဘာပေါ်တွင် ခရီးသွားရန် အကောင်းဆုံး နေရာများကို ဖော်ပြခဲ့ရာတွင် ထိပ်တန်းနေရာများ (ယခင်လူကြိုက် များသောနေရာများ)၊ ခေတ်စားနေသော နေရာများ၊ ယဉ်ကျေးမှု နေရာများ၊ အစားအသောက်နေရာများ၊ သဘာဝနေရာများ၊ ဟန်းနီး မွန်းခရီးထွက်ရန် အကောင်းဆုံး  နေရာများနှင့် စဉ်ဆက်မပြတ် ဦးတည်ရာနေရာများဟူ၍ ခေါင်းစဉ်တပ်ထားသည်။
ကိုဗစ်ကာလ   လွန်မြောက်ပြီးဖြစ်သည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံးသို့ အားလပ်ရက် အပန်းဖြေခရီး ထွက်ကြသူများ ပြန်လည်များပြားလာခဲ့သည်။  ွှTripadvisor ၏ သုတေသနပြုချက်အရ ခရီးသွားလာမှုသည် ၂၀၂၄ ခုနှစ်တွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာ မည်ဟုဆိုသည်။Tripadvisor အချက်အလက်များအရ ထက်ဝက် နီးပါး (၄၅ ရာခိုင်နှုန်း)သည် သုံးကြိမ်နှင့်အထက်(သို့မဟုတ်) နေရာ သုံးနေရာသို့ သွားရောက်လည်ပတ်ရန် ခရီးစဉ်များကို စီစဉ်နေကြ ကြောင်း ဖော်ပြထားသည်။
Tripadvisor ၏ အကြီးအကဲတစ်ဦးဖြစ်သူ  Sarah Firshein က အမေရိကန်နိုင်ငံသား ၉၄ ရာခိုင်နှုန်းက ယမန်နှစ်ကထက် ပိုမိုပြီး ခရီးထွက်ရန် စီစဉ်နေခြင်းကြောင့် ယခုနှစ်၏Travelers' Choice Best of the Best Destinations စာရင်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းနေသည်ဟု ဆိုသည်။ ဒူဘိုင်း၊ တိုကျိုနှင့် ပဲရစ်ကဲ့သို့သော နေရာများသည် ခရီးသွားလေ့ရှိသူ အသိုင်းအဝိုင်းတွင် အနုပညာနှင့် ယဉ်ကျေးမှုပြကွက်များ၊ ထိပ်တန်းစားသောက်ဆိုင်များ၊ အကန့် အသတ်မရှိသော  ဆွဲဆောင်မှုများနှင့် အတွေ့အကြုံများရှိသော နေရာများအဖြစ် ညွှန်ပြနေသည်။ 
Tripadvisor  ၏ စစ်တမ်းတွင် ဖော်ပြထားချက်အရ လူကြိုက် များသည့် နေရာများ စာရင်းနှင့် စိတ်ဝင်စားမှု အကောင်းဆုံး နေရာ များအဖြစ် ၁၀ နေရာအထိ ရှိနေသည်။ ယင်းတို့အထဲတွင် အမေ ရိကန်ပြည်ထောင်စုက သုံးနေရာအထိ ပါဝင်နေသည်ကို တွေ့ရ သည်။ Travelers' Choice အရ အင်ဒိုနီးရှားနိုင်ငံ ဘာလီသည် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဟန်းနီးမွန်းခရီးစဉ်များ ဖြစ်လာခဲ့သည်။
ခေတ်စားနေသည့်နေရာများ(ကမ္ဘာ)
၂၀၂၄ ခုနှစ် ခရီးသွားကဏ္ဍအတွက် ခေတ်စားနေသည့် နေရာများမှာ (၁) တိုကျို(ဂျပန်နိုင်ငံ)၊ ဆိုးလ်(တောင်ကိုရီးယား)၊ ေူံသညါ ြပေ(ဗီယက်နမ်နိုင်ငံ)၊ (၄) ပါလာဝန်ကျွန်း(ဖိလစ်ပိုင်နိုင်ငံ)၊ (၅) စပါး(ဗီယက်နမ်နိုင်ငံ)၊ (၆)ဘိုဂိုတာ(ကိုလမ်ဘီယာ)၊ (၇) ပတ္တ ယား(ထိုင်းနိုင်ငံ)၊ (၈) အလာဂျူလာ(ကော်စတာရီကာ)နှင့် (၁၀) ကွာ လာလမ်ပူ(မလေးရှားနိုင်ငံ)တို့ဖြစ်သည်။
ခေတ်စားနေသည့်နေရာများ(အမေရိကန်ပြည်ထောင်စု)
၂၀၂၄ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုမှ ခရီးသွား ကဏ္ဍအတွက် ခေတ်စားနေသည့်နေရာများမှာ(၁) နာပါ(ကယ်လီဖိုး နီးယားပြည်နယ်)၊ (၂) စိန့်ပီတာစဘတ်ဂျ်( ဖလော်ရီဒါပြည်နယ်)၊ 
(၃)Marathonဖလော်ရီဒါပြည်နယ်)၊  (၄) Brooklyn(နယူးယောက်)၊ (၅) provincetown(မစ်ဆာချူးဆစ်ပြည်နယ်)၊ (၆)West Yellowstone  (မွန်တာနာပြည်နယ်)၊          (၇)Homer  (အလာစကာပြည်နယ်)၊ (၈) Eureka Spring(အာကန်ဆက်ပြည်နယ်)၊ (၉) ပို့လန်း (အိုရီဂွန်ပြည်နယ်)နှင့် (၁၀)Kanab(Utahပြည်နယ်)တို့ဖြစ်သည်။
ထိပ်တန်းနေရာများ(ကမ္ဘာ)
ကမ္ဘာပေါ်တွင် လည်ပတ်ချင်စရာ ထိပ်တန်းနေရာများမှာ (၁) ဒူဘိုင်း(ယူအေအီးနိုင်ငံ)၊ (၂) ဘာလီ(အင်ဒိုနီးရှားနိုင်ငံ)၊ (၃) လန်ဒန် (ယူနိုက်တက်ကင်းဒမ်းနိုင်ငံ)၊ (၄)ဟနွိုင်း(ဗီယက်နမ်နိုင်ငံ)၊(၅) ရောမ (အီတလီနိုင်ငံ)၊ (၆) ပဲရစ်(ပြင်သစ်နိုင်ငံ)၊ (၇) ကန်ကွန်(မက္ကဆီကို နိုင်ငံ)၊ (၈) မာရာကက်ချ်(မော်ရိုကိုနိုင်ငံ)၊ (၉) ခရီတီ(ဂရိနိုင်ငံ)နှင့် (၁၀) ဟွိုင်အန်(ဗီယက်နမ်နိုင်ငံ)တို့ဖြစ်သည်။
ထိပ်တန်းနေရာများ(အမေရိကန်ပြည်ထောင်စု)
အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းနေရာများမှာ (၁) နယူး ယောက်မြို့၊ (၂) Oahu၊ (၃) လစ်ဗီးဂက်စ်၊ (၄) နယူးအော်လန်း၊ (၅) မီယာမီကမ်းခြေ၊ (၆)Maui၊ (၇)Nashville၊ (၈) ချာလစ်တွန်၊ (၉) ချီကာဂိုနှင့် (၁၀)Key West  တို့ပင်ဖြစ်သည်။
စဉ်ဆက်မပြတ် ဦးတည်ရာများ(ကမ္ဘာ)
စဉ်ဆက်မပြတ် ဦးတည်ရာ နေရာများအဖြစ် (၁) ကိုပင်ဟေဂင် (ဒိန်းမတ်နိုင်ငံ)၊ (၂) စတော့ဟုမ်း(ဆွီဒင်နိုင်ငံ)၊ (၃) ဘော်ဒိုး(ပြင်သစ် နိုင်ငံ)၊ (၄) ဟယ်ဆင်ကီ(ဖင်လန်နိုင်ငံ)၊ (၅) စင်ကာပူ(စင်ကာပူနိုင်ငံ)၊ (၆) မဲလ်ဘုန်း(သြစတြေးလျနိုင်ငံ)၊ (၇) အော့စ်လို(နော်ဝေနိုင်ငံ)၊ (၈) ဘရပ်စ်ဆဲလ်(ဘယ်လ်ဂျီယံ)၊ (၉) ဂေါ်ဝေး(အိုင်ယာလန်နိုင်ငံ)နှင့် (၁၀) ဘဲလ်ဖတ်စ်(ယူနိုက်တက်ကင်းဒမ်းနိုင်ငံ)တို့ဖြစ်သည်။
ဟန်းနီးမွန်းခရီးများ(ကမ္ဘာ)
ကမ္ဘာပေါ်တွင် ဟန်းနီးမွန်ခရီးထွက်ရန် အကောင်းဆုံး နေရာ များမှာ (၁) ဘာလီ(အင်ဒိုနီးရှားနိုင်ငံ)၊ (၂)ဟွိုင်အန်(ဗီယက်နမ်နိုင်ငံ)၊ (၃) မော်လ်ဒိုက်၊ (၄) ဒိုမီနီကန်၊ (၅)Mauritius၊ (၆) ခို့လက်ခ် (ထိုင်းနိုင်ငံ)၊ (၇) ဂျမေကာ၊ (၈)ဆန်တိုရီနို(ဂရိနိုင်ငံ)၊ (၉) ဇန်ဇီဘာကျွန်း(တန်ဇန်းနီးယားနိုင်ငံ)နှင့် (၁၀) ဗီနီစီ(အီတလီနိုင်ငံ)တို့ ဖြစ် သည်။
သဘာဝတရားများ(ကမ္ဘာ)
ကမ္ဘာပေါ်တွင်  သဘာဝတရားများကို ကြည့်ရှုခံစားရန် အကောင်းဆုံးနေရာများမှာ (၁) ခတ္တမန်ဒူ(နီပေါနိုင်ငံ)၊ (၂) ဟာလောင်း ပင်လယ်ကွေ့(ဗီယက်နမ်နိုင်ငံ)၊ (၃) ဟာဂါဒါ(အီဂျစ်နိုင်ငံ)၊ (၄) ြကေမငအငကျ၊ (၅) ူသာဘသု(အင်ဒိုနီးရှားနိုင်ငံ)၊ (၆) ဟာဝိုင်အီ (အမေရိကန်ပြည်ထောင်စု)၊ (၇) ဇန်ဇီဘာ(တန်ဇန်းနီးယားနိုင်ငံ)၊ (၈) ွမညေိ ဃပောညေ၊ (၉) ဂွာဒါလူပီကျွန်းနှင့် (၁၀) ကရူဂျာအမျိုးသား ဥယျာဉ်(တောင်အာဖရိက)တို့ဖြစ်သည်။
ယဉ်ကျေးမှုနေရာများ(ကမ္ဘာ)
ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု အထွန်းကားဆုံးနေရာများမှာ (၁) ကျူးဘား၊ (၂) ကူစကို(ပီရူးနိုင်ငံ)၊ (၃) အက်ဂရာ(အိန္ဒိယနိုင်ငံ)၊ (၄) ဖက်စ်(မော်ရိုကိုနိုင်ငံ)၊ (၅) အေသင်(ဂရိနိုင်ငံ)၊ (၆) ဒူဘလင်(အိုင်ယာ လန်နိုင်ငံ)၊ (၇) ကိုလန်ဘို(သီရိလင်္ကာနိုင်ငံ)၊(၈) ံကန(ဗီယက်နမ်နိုင်ငံ)၊ (၉) အီဒင်ဘတ်ဂျ်(ယူနိုက်တက်ကင်းဒမ်းနိုင်ငံ)နှင့် (၁၀)တိုကျို (ဂျပန်နိုင်ငံ)တို့ဖြစ်သည်။
အစားအသောက်နေရာများ(ကမ္ဘာ)
ကမ္ဘာပေါ်တွင် အစားအသောက်ကောင်းများ စုဝေးရာ နေရာ များမှာ (၁) ဟနွိုင်း(ဗီယက်နမ်နိုင်ငံ)၊ (၂) ရောမ(အီတလီနိုင်ငံ)၊ (၃) ခရီတီ(ပီရူးနိုင်ငံ)၊ (၄) ကူစကို(ပီရူးနိုင်ငံ)၊ (၅) ဖလာရင့်စ်(အီတလီ နိုင်ငံ)၊ (၆) နယူးဒေလီ(အိန္ဒိယနိုင်ငံ)၊ (၇) ဘာစီလိုနာ (စပိန်နိုင်ငံ)၊ (၈) နယူးအော်လန်းစ်(အမေရိကန်ပြည်ထောင်စု)၊ (၉) လစ္စဘွန်း (ပေါ်တူဂီနိုင်ငံ)နှင့် (၁၀) ဖူးခတ်(ထိုင်းနိုင်ငံ)တို့ဖြစ်သည်။
အစားအသောက်နေရာများ(အမေရိကန်ပြည်ထောင်စု)
အမေရိကန်ပြည်ထောင်စုတွင် အစားအသောက်ကောင်းများ စုဝေးရာ နေရာများမှာ (၁) နယူးအော်လန်းစ်(အမေရိကန်ပြည် ထောင်စု)၊ (၂) ချာလစ္စတွန်၊ (၃) ဟာဝိုင်အီ၊ (၄) နယူးယောက်မြို့၊ (၅) ဆာဗင်နက်၊ (၆) Nashville၊ (၇) မီယာမီနှင့် (၈) ဘော်စတွန်တို့ ဖြစ်သည်။
Source; lodgingmagazine.com

စိန်သံ