Main menu

Background

အရင်းအနှီးဈေးကွက်အခြေပြု ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ

Mon, 01/15/2024 - 14:25 -- journal_editor

ကမ္ဘာ့နိုင်ငံအသီးသီးတွင်   အရင်းအနှီးဈေးကွက်များမှ တစ်ဆင့်ကာလရှည်ရင်းနှီးငွေများ ရရှိရန် ထုတ်ဝေရောင်းချသည့် ပရောဒတ်မျိုးစုံရှိပြီး ယင်းပရောဒတ်များကို   အများပြည်သူတို့ လွယ်လင့်တကူ  ရင်းနှီးမြှုပ်နှံမှု  ပြုလုပ်နိုင်ရေးအတွက်  ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေကုမ္ပဏီများကို တည်ထောင်လာကြသည်။ အဆိုပါ ရင်း နှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့များကို အပိုင်း(၃)ပိုင်းခွဲကာ လေ့လာ နိုင်သည်။ ၎င်းတို့မှာOpen End Fund, Closed End Fund   နှင့်Unit Trust  တို့ဖြစ်သည်။
Open End Fund
Open End Fund  များကို  Mutual Fund  ဟုလည်း ခေါ် ဆိုသည်။ ယင်းရန်ပုံငွေထဲတွင် အမျိုးအစား မတူညီသည့် စတော့ များ၊ ငွေချေးစာချုပ်များနှင့် ငွေကြေးဈေးကွက်ဆိုင်ရာ  ရင်းနှီး မြှုပ်နှံမှု စာချုပ်စာတမ်းများဖြင့် ဖွဲ့စည်းထားပြီး ယင်းရင်းနှီးမြှုပ်နှံမှု အစုကို  Investment Portfolio  ဟု ခေါ်ဆိုသည်။ အထက်ပါ ရန်ပုံငွေအဖွဲ့တွင် အရေးကြီးသည့် အချက်အချို့ရှိသည်။Mutual Fund တွင် ပါဝင်ရင်းနှီးမြှုပ်နှံသူများသည် အဆိုပါ ရန်ပုံငွေအဖွဲ့ စုစည်းထားသည့် Portfolio များကို အချိုးကျပိုင်ဆိုင်ခွင့်ရှိသည်။ အဆိုပါ ရန်ပုံငွေအဖွဲ့ကို တာဝန်ခံသည့် မန်နေဂျာသည် အဖွဲ့မှ စုစည်းထားသည့် ရင်းနှီးမြှုပ်နှံမှုများကို ရောင်းထုတ်ခြင်း၊ အသစ် ဝယ်ယူခြင်း စသည့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ ရင်းနှီးမြှုပ်နှံမှုအစု တွင် ပါဝင်ဖွဲ့စည်းထားသည့် ရှယ်ယာတစ်စု၏တန်ဖိုးကို Net Asset Value (NAV)) ဖြင့် တိုင်းတာသည်။ NAV ဆိုသည်မှာ အဖွဲ့ မှဝယ်ယူထားသည့် စုစုပေါင်း Portfolio  ၏ တန်ဖိုးမှ စုစုပေါင်း ပေးရန်တာဝန်ကို နုတ်ပြီးနောက် ကျန်ရှိသည့် အသားတင်တန်ဖိုး ကို စုစုပေါင်းထုတ်ဝေထားသည့် ရှယ်ယာအရေအတွက်ဖြင့် စားခြင်းမှ ရရှိသည်။ 
 နောက်တစ်ချက်မှာ အဆိုပါ Mutual Fund၏  တန်ဖိုး NAV  ကို နေ့တစ်နေ့၏ ဈေးပိတ်ချိန်တွင် တစ်ကြိမ်သာ သိရှိနိုင် ခြင်းဖြစ်သည်။ ဆက်လက်ပြီး အဆိုပါရန်ပုံငွေသို့ အဖွဲ့ဝင်အသစ် ဝင်ရောက်ခြင်း၊ ပြန်လည်ထွက်ခွာခြင်းရှိပါက ရန်ပုံငွေအဖွဲ့၏ တန်ဖိုးကို နေ့တစ်နေ့၏ ဈေးကွက် ပိတ်သိမ်းချိန်တွင်သာ သိရှိ နိုင်ခြင်းဖြစ်သည်။ 
ဥပမာ - နေ့တစ်နေ့၏ အစတွင် ရန်ပုံငွေအဖွဲ့၏ တန်ဖိုးမှာ ဒေါ်လာတစ်သန်းဖြစ်ပြီး ပေးရန်တာဝန်မရှိဟု ယူဆပါ။  စုစု ပေါင်း ရှယ်ယာတစ်သောင်း ထုတ်ထားပါက ယင်းအဖွဲ့၏ NAV  မှာ  $ ၁၀ဝ ဖြစ်ပါမည်။ အကယ်၍ယင်းနေ့တစ်နေ့အတွင်း စတော့ ဈေးနှုန်းများ ပြောင်းလဲခြင်း ၊ အဖွဲ့ဝင်အသစ်များ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းများရှိပါက ယင်းအဖွဲ့၏ NAV မှာပြောင်းလဲသွားမည် ဖြစ်သည်။
ဃူသျနိ နညိ င်္ကညိ
ဤရန်ပုံငွေအဖွဲ့ပုံစံသည် ကုမ္ပဏီတစ်ခုတွင် ရှိသာမန်ရှယ် ယာ (Common Share))နှင့် အလားသဏ္ဌာန်တူသည်။ ဤအဖွဲ့ အတွက် ဘဏ္ဍာရန်ပုံငွေကို ကြားမှတာဝန်ခံဖြန့်ချိသူ (under- writer) များက တာဝန်ယူ ရောင်းချကာ ထုတ်ဝေထားသည့် ရှယ်ယာအရေအတွက်မှာ ပြောင်းလဲမှုမရှိဘဲ ပုံသေဖြစ်သည်။ ရှယ်ယာ အသစ်များ ထပ်မံထုတ်ဝေခြင်း  မရှိသောကြောင့် ယင်း ရန်ပုံငွေအစုကို ဝယ်ယူလိုသူများသည် ဆင့်ပွားဈေးကွက် Secondary Market) တွင်သာ ဝယ်ယူရရှိနိုင်သည်။ ယင်းရန်ပုံငွေ အစု၏တန်ဖိုးသည် ဈေးကွက်အတွင်း ဝယ်လိုအား - ရောင်းလို အားအပေါ်တွင် မူတည်သည်။ သို့သော် ယင်းရန်ပုံငွေအစုတစ်စု ၏ တန်ဖိုး (NAV) ကိုမူ Open end fund  တွက်ချက်နည်းအတိုင်း သာ တွက်ချက်သည်။ 
ဈေးကွက်အတွင်း  ဖြစ်ပေါ်နေသည့် ရန်ပုံငွေအစု၏ ဈေးနှုန်းမှာ NAV ၏အထက်တွင် ရှိနိုင်သလို အောက်တွင်လည်း ရှိနိုင်သည်။ အမေရိကန်၏ ၁၉၄၀ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ Closed End Fund တစ်ခုကို တစ်ကြိမ်သာ အရင်းအနှီး ဖွဲ့စည်း ခွင့်ရှိသည်။ ယင်းအဖွဲ့၏ ရှယ်ယာများကို ကုမ္ပဏီ၏ သာမန်ရှယ် ယာများကဲ့သို့ စတော့ဈေးကွက်တင်ကာ ရောင်းဝယ်နိုင်ကြသည်။ အဆိုပါရန်ပုံငွေအဖွဲ့တစ်ဖွဲ့သည် တစ်ကြိမ်သာ ထုတ်ဝေရောင်းချ နိုင်သောကြောင့် အဖွဲ့အတွက် ထပ်မံလိုအပ်သည့်ငွေကြေးများ အတွက် ငွေချေးစာချုပ်များထုတ်ဝေခြင်း၊ ဘဏ်ချေးငွေများ ရယူ ခြင်း စသည့် (leverage)) နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိ သည်။ ဤရန်ပုံငွေအဖွဲ့မှ အစုများကို စတင်ဝယ်ယူသူများသည် တာဝန်ခံဖြန့်ချိရာတွင် ကုန်ကျသည့် ကနဦးစရိတ်များကို အချိုး ကျ ကျခံရသည်။
Unit Trust
ဤရန်ပုံငွေအဖွဲ့မှာ Closed End Fund  နှင့်ဆင်တူသည်။ သို့သော်လည်း ဤUnit Trust ရန်ပုံငွေအဖွဲ့ ၏ထူးခြားချက်မှာ အဖွဲ့မှစုစည်းထားသည့် ငွေချေးသက်သေခံ လက်မှတ်များမှာ ငွေချေးစာချုပ် Bond)များဖြင့်သာ ဖွဲ့စည်းထားခြင်းပင်ဖြစ်သည်။ နောက်ထူးခြားချက်တစ်ခုမှာ အဆိုပါUnit Trust  များ၏ အစု များမှာ အခြားယူနစ်များကဲ့သို့ဈေးကွက်တွင် အရောင်းအဝယ် သွက်လက်မှု မရှိခြင်းဖြစ်သည်။ ဤရန်ပုံငွေအဖွဲ့ကို စတင်ဖွဲ့စည်း သည့်အချိန်တွင် ကြားမှတာဝန်ခံSponsor အဖွဲ့က တာဝန်ခံ စုစည်းပြီး ယင်းအစုများကို ယုံကြည်အပ်နှံအဖွဲ့ (trustee)) များ ထံတွင် ထိန်းသိမ်းထားသည်။ ယင်းယူနစ်ကို စုစည်းသည့် စရိတ် စကသည်  အခြားရန်ပုံငွေအဖွဲ့များထက်သက်သာလေ့ရှိပြီး ယင်း အဖွဲ့တွင် ပါဝင်ထားသည့် အစုမှာ ငွေချေးစာချုပ် (bonds) များ ဖြစ်ခြင်းကြောင့် သက်တမ်းတစ်ခုတွင် ရပ်တန့်သွားသည့်သဘော ရှိသည်။ အဆိုပါယူနစ်ကို ဝယ်ယူထားသူများအနေနှင့် ရန်ပုံငွေ အဖွဲ့တွင်ပါဝင်သည့် အမျိုးအစားများ ပြောင်းလဲသွားမည့်အရေး ကို ပူပန်စရာမရှိပါ။ အဆိုပါUnit Trust  များမှာ ဥရောပဒေသများ တွင် ခေတ်စားသော်လည်း အမေရိကန်တွင် ခေတ်စားခြင်း မရှိပါ။ 
financial claims) များတွင်  ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံသူများသည် အဓိက စရိတ်နှစ်ခုကို ကျခံရသည်။  ပထမစရိတ်မှာ ယူနစ်များ စတင်ရောင်းချခြင်းအတွက် ရှယ်ယာ ရှင်များထံမှ ကောက်ခံသည့် စရိတ်ဖြစ်သည်။ ယင်းကိုSale Chargeဟု ခေါ်သည်။ ယင်းစရိတ်ကို စတင်ရောင်းချချိန်တွင် တစ်ကြိမ်သာ ကောက်ခံသည်။ နောက်စရိတ်တစ်ခုမှာ နှစ်စဉ် ကြေးဖြစ်သည်။ ယင်းကို Annual Operating Expense ဟု ခေါ် သည်။ ရင်းနှီးမြှုပ်နှံမှု  ရန်ပုံငွေအဖွဲ့အတွင်း စုစည်းထားသည့် ရင်းနှီးမြှုပ်နှံမှု ပရောဒတ်များကို ကိုင်တွယ်ထိန်းသိမ်းရသည့် အတွက် ကောက်ခံခြင်းဖြစ်ပြီး ယင်းစရိတ်ကို နှစ်စဉ် ရှယ်ယာရှင် များ သို့ ခွဲဝေပေးသည့် အကျိုးအမြတ်များမှ ခုနှိမ်ခြင်းဖြစ်သည်။ 
စီးပွားရေးရှုထောင့်မှ ကြည့်ခြင်း
ဘဏ္ဍာရေးကြားခံအဖွဲ့များသည် အများပြည်သူတို့ လွယ် လင့်တကူရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ရပိုင် ခွင့်များ financial claims)ကို စုစည်းကာ ရင်းနှီးမြှုပ်နှံသူများသို့ အဆိုပါ  ရပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ပေးမှုကြောင့်   စီးပွားရေးရှုထောင့်မှကြည့်ပါက အောက်ဖော်ပြပါ အကျိုးစီးပွား (၆)ခုထဲမှ အချို့ (သို့မဟုတ်) အကုန်လုံးကို ရရှိစေသည်။ ယင်းအချက်များမှာ -
    (က)     ခွဲခြမ်းစိတ်ဖျာ ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဆုံးရှုံးနိုင်ခြေ Riskကို လျှော့ချပေးခြင်း၊
    (ခ)    ရန်ပုံငွေအစုများကို စုစည်းခြင်း၊ ဖြန့်ဝေရောင်းချခြင်း များအတွက်   စာချုပ်စာတမ်းစရိတ်များ၊  သတင်း  အချက်အလက်စုစည်းရသည့် စရိတ်စကများ လျော့ နည်းသက်သာစေခြင်း၊
    (ဂ)    ပရော်ဖက်ရှင်နယ်အဆင့်ရှိ မန်နေဂျာများမှ ရန်ပုံငွေ အဖွဲ့များကို စီမံခန့်ခွဲပေးခြင်းကြောင့် အထက်ပါ အချက် (က)နှင့် (ခ)ကို ပိုမိုထိရောက်မှုရှိစေခြင်း၊
    (ဃ)    ရန်ပုံငွေ အစုများသည်  လူကြိုက်များခြင်းကြောင့် ရောင်းဝယ်လိုသည့်အချိန်တွင် အချိန်မရွေး ရောင်း ဝယ်နိုင်ခြင်း၊ ငွေဖြစ်လွယ်မှု မြန်ဆန်ခြင်း၊
    (င)     အမျိုးအစားစုံလင်စွာ စုစည်းနိုင်ခြင်း၊
    (စ)     ထိရောက်သည့်ငွေပေးချေမှု စနစ်များ (ဥပမာ-  ချက် လက်မှတ်ဖြင့်ပေးချေခွင့်။ online payment  များ) ကို ကျင့်သုံးနိုင်ခြင်း စသည်တို့ဖြစ်သည်။

Reference : Investment Guidebook

ထွန်းသက်ထွန်း