Main menu

Background

အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ တိုးတက်ရေး အားပေးကူညီကြပါစို့

Mon, 02/05/2024 - 10:25 -- journal_editor

နိုင်ငံတော်အနေဖြင့် ပြည်ပသွင်း ကုန်အစားထိုး  ပြည်တွင်းကုန် ထုတ် လုပ်မှု မြင့်မားတိုးတက် စေရေးအတွက် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ကဏ္ဍတစ်ခုအဖြစ် တွန်းအား ပေးဆောင်ရွက်လျက်ရှိသည်။   ပဲခူး တိုင်းဒေသကြီး ပြည်မြို့နယ်တွင် လယ် ယာသုံးစက်ကိရိယာများ   ထုတ်လုပ် ရောင်းချသော ကုမ္ပဏီမှ ကြံစိုက်စက် နှင့်  ကြံခင်းဓာတ်မြေသြဇာချစက်များ အား ထိုင်းနိုင်ငံ နည်းပညာအခြေခံ၍ အရည်အသွေး ကောင်းမွန်စွာထုတ်လုပ် ထားသော      ကြံစိုက်စက်နှစ်စီးနှင့် ကြံခင်းဓာတ်မြေသြဇာချစက်  သုံးစီး ရှိကြောင်း သိရသည်။

ကြံစိုက်စက်
ယခုအချိန်တွင် လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်း လဲကျင့်သုံးလျက်ရှိရာ       ကြံစိုက် တောင်သူများအနေဖြင့်  ကြံစိုက်ရာသီ တွင် အစိုဓာတ်အမီထွန်ယက် စိုက်ပျိုး နိုင်မှသာ  အရည်အသွေးကောင်းနှင့် အထွက်နှုန်းကောင်းမှာ   ဖြစ်သည်။ အဆိုပါကုမ္ပဏီသည် ကြံစိုက်တောင်သူ များ ရာသီချိန်အမီ  ထွန်ယက်စိုက်ပျိုး နိုင်ရေးအတွက်   ဈေးနှုန်းသက်သက် သာသာဖြင့် ကြံစိုက်စက်များကို ထုတ် လုပ်ရောင်းချပေးနေကြောင်း     သိရ သည်။ 
တောင်သူများအနေဖြင့်  ကိုယ် ပိုင်ဝယ်ယူနိုင်ခြင်းမရှိပါက   တစ်ဆင့် ငှားစနစ်ဖြင့်   ငှားရမ်းသုံးစွဲနိုင်သည်။ ငှားရမ်းခအနေဖြင့် ဆီဈေးနှုန်းအတက် အကျပေါ်မူတည်၍  စက်မောင်းအပါ သုံးဦး  တစ်ဧကလျှင်  ကျပ်  ၈၀ဝ၀ဝ  နှုန်းဖြင့် ငှားရမ်းနိုင်ကြောင်း သိရသည်။ ကြံစိုက်စက်ကိုအသုံးပြု၍ စိုက်ပျိုးပါက လုပ်သားအင်အား  လျှော့ချနိုင်သဖြင့် လုပ်သားခချွေတာနိုင်ခြင်း၊ ကြံတစ်ဧက လျှင် မျိုးကြံ  နှစ်တန်ခန့်သာလိုအပ်ပြီး ရှစ်နာရီအတွင်း ငါးဧက စိုက်ပျိုးနိုင် မည်ဖြစ်သည်။ ကြံစိုက်စက်ဖြင့်  စနစ် တကျ  စိုက်ပျိုးသည့်အတွက် မျိုးကြံ အလေအလွင့်   မရှိခြင်း၊  အချိန်တို အတွင်း ဧကများများ စိုက်ပျိုးနိုင်ခြင်း၊ စိုက်စနစ်မှန်၍ အထွက်နှုန်းနှင့် အရည် အသွေးကောင်းမွန်ပြီး   အကျိုးအမြတ် များများ ရရှိနိုင်မည်ဖြစ်သည်။ 

ကြံခင်းဓာတ်မြေသြဇာချစက်
ကြံစိုက်စက်များအပြင်  ကြံခင်း ဓာတ်မြေသြဇာချစက်များကိုပါ  ထုတ် လုပ်  ရောင်းချပေးနေကြောင်း  သိရ သည်။    ငှားရမ်းအသုံးပြုမည်ဆိုပါက တစ်ဧကလျှင်  ကျပ် ၄၀ဝ၀ဝ  ဓာတ်မြေ သြဇာ နှစ်အိတ်၊ ကြာချိန်  သုံးနာရီ ဖြစ် သည်။  လူအင်အားဖြင့် ကြဲပက်ပါက တစ်ရက်လျှင် တစ်ဧကကျော်ခန့်သာပြီး ကြောင်း၊ ဓာတ်မြေသြဇာ အလေအလွင့် များပြီး အပင်အတွက်ထိရောက်မှုမရှိ နိုင်ကြောင်း  တောင်သူများထံမှ  သိရ သည်။  ကြံခင်းဓာတ်မြေသြဇာချစက် ဖြင့်  ကြဲပက်လျှင်  အပင်မြစ်ခြေအထိ ဝင်ရောက်သည့်အတွက် ပိုမိုထိရောက် ပြီး  အလေအလွင့်နည်းပါး၍ အထွက် နှုန်း   ပိုမိုထွက်ရှိနိုင်ကြောင်း သိရသည်။ 

ထွန်းနိုင်လင်း (ပြည်)