Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 02/05/2024 - 10:51 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၂၀၁၇ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇန်နဝါရီ ၃၁ ရက်တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၀၃၅ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ဇန်နဝါရီ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၈၃၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ၃၁ ရက်တွင် ကျပ် ၃၉၀ဝ၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီးGDP သည် - ၁၈ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ GDP သည် ၁ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်းWorld Bankခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ cecidata.com မှ ဖော်ပြချက် ၌ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏GDP မှာ - ၅ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။  ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ ဇန်နဝါရီ ၂၅ ရက် မှ ဇန်နဝါရီ ၃၁ ရက်ထိရက်သတ္တပတ်အတွင်း ၃၅၆၅-၃၅၇၀ ကျပ်ကြားရှိနေကြောင်း သိရသည်။

 

P&S