Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 02/05/2024 - 11:03 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၃၁ ရက်နေ့တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၁ဖြင့လ် ညး် ကောငး် ၊ ဧည့့်် ၂၅ ရာခိုင်နှုန်း  တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၈၉ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၇၀ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၅ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၆၅၂ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၃ ဖြင့် လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၁၆ ဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၃ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Websiteတွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင်ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံတွင် ဆန်ဈေးနှုန်းမှာ ကျဆင်းပြီးအိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အိန္ဒိယနိုင်ငံသည်ဆန်တင်ပို့ ရောင်းချမှုကို တားမြစ်ထားခြင်းကြောင့် ဆန်ဝယ်ယူတင်သွင်းသည့် နိုင်ငံများအနေဖြင့် ပါကစ္စတန်ဆန် ပိုမိုဝယ်ယူရန်တွန်းအားဖြစ်စေပြီး ပါကစ္စတန်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ဇွန်လတွင်ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် စံချိန်တင် မြင့်တက်ဖွယ်ရှိကြောင်းသရိ သည။် ပြည်ပမှ ဆန်ဝယ်လိုသဖြင့် ပါကစ္စတန် ဆန် ဈေးနှုန်းသည် ၁၆ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၉ သန်းမှ ၉ သန်းခွဲအထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စပါးထွက်ရှိမှု သိသိသာသာ တိုးတက်လာသောကြောင့်ပို့ကုန်ဆန်တန်ချိန် ၅ ဒသမ ၂ သန်းအထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်ရေကြီးခဲ့မှုကြောင့် စပါးအထွက်နှုန်း လျော့ကျခဲ့ပြီး တန်ချိန် ၅ဒသမ ၅ သန်းသာ ထုတ်လုပ်နိုင်ခဲ့ကာ တန်ချိန် ၃ ဒသမ ၇ သန်းသာ တင်ပို့နိုင်ခဲ့ကြောင်း ပါကစ္စတန်ဆန် တင်ပို့သူများအသင် Rice Exporters Association of Pakistan (REAP) ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။အိန္ဒိယနိုင်ငံသည် ဘာစမာတီ မဟုတ်သော ဆန်ကိုပါကစ္စတန်နိုင်ငံ ဆန်ဈေးနှုန်းထက်နိမ့်သည့် ဈေးနှုန်းများဖြင့်ရောင်းချသော်လည်း ယခုအခါ အိန္ဒိယနိုင်ငံသည် ဘာစမာတီမဟုတ်သောဆန်ကို တင်ပို့မှု ရပ်နားထားသဖြင့် ဝယ်လက်များသည် ပါကစ္စတန်ဆန်ကို ပိုမိုဝယ်ယူလာကြ ကြောင်း သိရှိရသည်။ပါကစ္စတန်နိုင်ငံတွင် စပါးအထွက်နှုန်းများသော်လည်း ပြည်ပတင်ပို့သည့် ဆန်ဈေးမြင့်တက်မှုကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများပါ မြင့်တက်လာကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံသည်လက်ရှိတွင် ဘာစမာတီမဟုတ်သော ဆန်ကို အင်ဒိုနီးရှား၊ဆီနီဂေါ၊ မာလီ၊ အိုင်ဗရီကို့စ်နှင့် ကင်ညာနိုင်ငံများသို့ အဓိကတင်ပို့နေပြီး ပရီမီယံ ဘာစမာတီဆန်ကို ဥရောပသမဂ္ဂ၊ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ တင်ပို့နေကြောင်း သိရှိရသည်။ပါကစ္စတန်နိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များသည် တစ်နှစ်ပတ်လုံးဆန်တင်ပို့မည့် ပမာဏ၏ သုံးပုံနှစ်ပုံခန့် တင်ပို့ထားပြီးဖြစ်ကာကျန်ရှိသည့်ဆန်ကို ၂၀၂၄ ခုနှစ် မေလကုန်မတိုင်ခင် အကုန်လုံးတင်ပို့ကြမည်ဖြစ်ကြောင်း သိရသည်။ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ မှ ၁၁၅၀ဝ၀ ပေါက်ဈေးရှိပြးီ ရေဘွှ ေို ပါ်ဆနး် မှာ ဆန(် ဟောငး် )တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀မှ ၁၃၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅မှတ်တန်ဆန် တစ်အိတ်လျှင် ကျပ် ၇၄၀ဝ၀ မှ ၇၆၀ဝ၀ ကြားပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန်တစ်အိတ်လျှင် ကျပ် ၈၂၀ဝ၀မှ ၈၄၀ဝ၀ ကြား ပေါက်ဈေးရှိကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်ဇန်နဝါရီ ၃၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရဧည့်မထဆန်တစ်အိတ်လျှင် ၂၉၀ ယွမ်ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၇၆ ကျပ်ကျော် နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရှိရသည်။မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၃၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ကျပ် ၁၀ဝ နှုန်း ပေါက်ဈေးရှိကြောင်း သိရသည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၆၅၀ဝ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနားမြို့တွင် ဧည့်မထဆန်တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၅၆ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလာကြောင်းသိရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် နိုင်ငံ တကာဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

 

P&S