Main menu

Background

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်းပွဲ ကျင်းပ

Mon, 03/04/2024 - 09:35 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ် မှု အခြေခံသင်တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ်(၈)သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ် အပ်နှင်းသည့် အခမ်းအနားကို မတ် ၂ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပို့ကုန်သွင်းကုန်ရုံး ပဉ္စမထပ်ရှိ ညီလာခံခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမင်းမင်းတက်ရောက် အမှာစကား ပြော ကြားခဲ့သည်။

ဒုတိယဝန်ကြီးက  နိုင်ငံတကာ  စီးပွားရေး ဈေးကွက်တွင် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည့် ပို့ကုန်လုပ် ငန်းရှင်သစ်များနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ် ငန်းရှင်များ မွေးထုတ်ရန်၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရန်၊ ကုန်သွယ်ရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး  တိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည်   ကုန်သွယ်မှု သင်တန်း ကျောင်းကို ၂၀၂၁ ခုနှစ် ဧပြီလတွင် စတင်    ဖွင့်လှစ်ခဲ့ကြောင်း၊    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေ ရန် ကဏ္ဍပေါင်းစုံတွင် ပြုပြင်ပြောင်းလဲမှုအား စဉ် ဆက်မပြတ် လုပ်ဆောင် နေသည့်အတွက် သိသာမြင် သာသည့် တိုးတက်မှုများ ရှိလာပြီဖြစ်ကြောင်း၊ အထူး သဖြင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုဖြေလျှော့ပေးခြင်းဆိုင်ရာ လုပ်ငန်းနယ်ပယ်၊ ကုန်သွယ်မှု စေ့စပ်ဆွေးနွေးညှိနှိုင်း ရေးလုပ်ငန်းနယ်ပယ်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း နှင့် ကုန်သွယ်မှုပညာပေးရေးလုပ်ငန်းနယ်ပယ်တို့ကို ဦးစားပေး  လုပ်ဆောင်လျက်ရှိသည့်အတွက်  ကုန် သွယ်မှုကဏ္ဍမှာ ယခင်ကထက်ဖွံ့ဖြိုးတိုးတက်လာသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြန်မာ နိုင်ငံ၏ ကမ္ဘာ့ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်ကုန် သွယ်ရေး (Global Supply Chain Trade))  ဖြစ်လာသည့် အတွက် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရန် အခွင့်အရေးများ အထူးရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ၏ ယှဉ် ပြိုင်နိုင်မှုစွမ်းအား   မြှင့်တင်နိုင်စေရန်  ပိုမိုလေ့လာ၊ ပိုမိုပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပို့ကုန် ပိုမိုတင်ပို့ နိုင်အောင် ကြိုးစားရမည့် အချိန်အခါဖြစ်သည့်အတွက် လိုအပ်သည့်ပံ့ပိုးမှုများကို မိမိတို့ ဝန်ကြီးဌာနအနေနှင့် အစွမ်းကုန် ဖြည့်စွမ်းပေးသွားရမည်ဖြစ်ပြီး ကုန်သွယ်မှု နှင့်ဆိုင်သည့် အခြားဝန်ကြီးဌာနများနှင့်လည်း ဆက် စပ် ပူးပေါင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုသင်တန်းကျောင်းအနေဖြင့် တက်ရောက် ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို ကုန် သွယ်ရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည် အသွေး မြင့်မားပြီး စီးပွားရေးကျင့်ဝတ်ကောင်းသည့် လုပ်ငန်းရှင်များ၊ လုပ်ငန်းအဖွဲ့အစည်းများ ဖြစ်ပေါ် စေရန် ရည်ရွယ်၍ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုဆိုင်ရာ လုပ်ငန်း ဘာသာရပ်များကို ဟောပြော၊ ဆွေးနွေးပို့ချ ခဲ့ပြီးဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်(၈) သင်တန်းကာလအတွင်း ကုန်သွယ်မှုဆိုင်ရာ သင်တန်း ပို့ချက်များနှင့် လက်တွေ့ကုန်သွယ်မှုလုပ်ငန်းခွင်တို့ ချိတ်ဆက်၍ ကုန်သွယ်မှု ဗဟုသုတများ သိရှိနားလည် နိုင်စေရန်အတွက် ရန်ကုန်စတော့အိတ်ချိန်း၊ သီလဝါ  အထူးစီးပွားရေးဇုန်  စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ)၊ ဝါးတန်းကုန် စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့်  Fame  ဆေးဝါး စက်ရုံ (လှိုင်သာယာစက်မှုဇုန်) တို့သို့ လေ့လာရေးခရီး များ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်များ ပေးအပ် ပြီး ဆုရရှိသည့်  သင်တန်းသားများနှင့် စာတမ်းအကောင်း ဆုံးဆုရရှိသည့်အဖွဲ့အား  ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ သည်။  အပြည်ပြည်ဆိုင်ရာ   ကုန်သွယ်မှုအခြေခံ သင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်(၈) မှ သင်တန်း သား၊ သင်တန်းသူ  ၉၇  ဦး အပါအဝင်  ယခင်ဖွင့်လှစ် ပြီးဖြစ်သည့်   ကုန်သွယ်မှုအခြေခံ  သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူ  ၁၇၁၇ ဦးနှင့် ကုန်သွယ်မှု အဆင့်မြင့်သင်တန်းမှ  သင်တန်းသား၊ သင်တန်းသူ  ၉၇  ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ  ၁၈၁၄ ဦးကို ကုန်သွယ်မှုကဏ္ဍအတွက် မွေးထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။ 
သင်တန်းဆင်းပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့်အတူ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌ  ဒေါက်တာမျိုးသက်နှင့်  အသင်းအဖွဲ့များမှ  တာဝန်ရှိသူများ၊သင်တန်းသားအဟောင်းများ၊  အပြည် ပြည်ဆိုင်ရာ  ကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၈) သင်တန်းနည်းပြများနှင့် သင်တန်းသား ၇၅ ဦးတို့ တက်ရောက်ခဲ့ကြသည်။  

CJ