Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 03/04/2024 - 10:33 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၃၂ ဒေါ်လာပေါက်ဈေးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၂၉ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ဖေဖော်ဝါရီ ၂၂ ရက်တွင်အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၉၀၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျပ် ၃၈၉၅၀ဝ၀ သို့ အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။ Trading Economicsတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံ တွင် GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် USD ၆၄ဒသမ၇၅ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်းTrading Economics  global macro model နှင့် ဆန်းစစ်လေ့လာသူများ၏ ခန့်မှန်းချက် အရ သိရသည်။ Econometric Modelအရ မြန်မာနိုင်ငံ၏GDP သည် ၂၀၂၅ ခုနှစ်တွင် ှီ့ ၆၆.ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် ှီ့ ၆၇ ဒသမ ၃၇ ဘီလီယံ ဝန်းကျင်ရှိမည်ဟု ခန့် မှန်းထားကြောင်း သိရသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရက်သတ္တပတ်အတွင်း ၃၆၁၅-၃၆၂၀ ကျပ်ကြား ရှိနေကြောင်းသိရသည်။

 

P&S