Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 03/04/2024 - 10:37 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင်Thai Rice Exporter AssociationWebsite တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၃ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၈ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့ သည်ကို သိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်
တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၉ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၂၅ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၅ ဒေါ်လာဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၅ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၄ ဖြင့်လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၈၀ ဒေါ်လာဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ပေါင်းဆန် ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၅ဒေါ်လာ အသီးသီးရှိခဲ့သည်။ပြည်ပဆန်ဈေးကွက်အနေဖြင့် အိန္ဒိယ ပေါင်းဆန်ဈေးသည် ပြည်တွင်းဈေးကွက်ထဲသို့ အဝင်နည်းနေပြီး ပြည်ပမှ အဝယ်လိုက်သဖြင့် ဆန်ဈေးနှုန်းများ မြင့်မားနေကြောင်း သိရသည်။အိန္ဒိယပေါင်းဆန်သည် ယခုတစ်ပတ်တွင် ဝယ်လိုအား ပိုကောင်းနေပြီး ဝယ်လက်များအနေဖြင့် ရွေးချယ်စရာ အများအပြားမရှိ၍ဈေးနှုန်းအမြင့်ဖြင့် ဝယ်ယူနေကြကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းဆန်ဈေးများ ထပ်မံကျဆင်းလာမည်ဟုလယ်သမားများက မျှော်လင့်လျက်ရှိကြောင်း ကုန်သည်အချို့၏ ပြောကြားချက်အရသိရသည်။  ၅ ရာခိုင်နှုန်းဆန်ကွဲပါ ထိုင်းဆန်ဈေးနှုန်း သည် ယခုတစ်ပတ်တွင် ဈေးနှုန်းမြင့်တက်ခဲ့သော်လည်းပြည်ပမှ အမှာစာ နည်းနေပြီး အရောင်းအဝယ် နည်းပါးနေကြောင်း၊ လာမည့်လတွင် ဆန်သစ်များ ဈေးကွက်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။ပြည်တွင်းဆနဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ၁၀ဝ၀ဝ၀ မှ ၁၁၀ဝ၀ဝ ပေါက်ဈေး ရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ်၁၂၅၀ဝ၀ မှ ၁၃၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သောဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ မှ ၇၇၀ဝ၀ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုးဆန် တစ်အိတ်လျှင် ကျပ်၈၂၀ဝ၀ မှ ၈၄၀ဝ၀ ကြားပေါက်ဈေးရှိကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရဧည့်မထဆန်တစ်အိတ်လျှင် ၂၈၅ ယွမ် ဝန်းကျင်ရှိပြီး (ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၉၉ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀ကျော်ပေါက်ဈေးရှိခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ကျပ် ၁၀ဝ နှုန်းပေါက်ဈေးရှိကြောင်း သိရသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၆၈၀ဝ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး တောင်ကြီး၊ ပြည်နှင့် ပဲခူးမြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၃၃၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။