Main menu

Background

စက်မှုဒီဇိုင်းမှတ်ပုံတင် ၂၄/၄ မှတ်ပုံတင်လျှောက်ထားခြင်းများ လက်ခံဆောင်ရွက်နေပြီဖြစ်

Mon, 03/04/2024 - 11:28 -- journal_editor

ပြိုင်ဆိုင်မှုများမြင့်မားသည့် ယနေ့ဈေးကွက်စီးပွားရေးလောက တွင် ဝယ်ယူသူများ၏ကြိုက်နှစ်သက်မှု၊အာရုံစိုက်မှုကိုရရှိရန်အတွက် နည်းအမျိုးမျိုးဖြင့် ယှဉ်ပြိုင်ဆောင်ရွက်ကြရာတွင်  ထုတ်ကုန်များ၏ ဒီဇိုင်းသည် အဓိကကျသော  အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။  စီးပွားရေးလုပ်ငန်းရှင်များသည်  ဝယ်ယူသူကြိုက်နှစ် သက်မည့်  ထုတ်ကုန်များကို ဒီဇိုင်းအမျိုးမျိုးဖြင့် ဆန်းသစ်တီထွင် ထုတ်လုပ်၍ နည်းမျိုးစုံဖြင့် ဆွဲဆောင်လျက်ရှိကြပြီး ဈေးကွက်ရရှိရေး အပြိုင်အဆိုင်ဆောင်ရွက်လျက်ရှိကြသည်။ ဆန်းသစ်သော   ဒီဇိုင်းများပါဝင်သည့်  လူ့အသုံးအဆောင် ပစ္စည်းများကို ဈေးကွက်အတွင်း   ဖြန့်ဖြူးရောင်းချသောအခါ လူ ကြိုက်များသော ကုန်ပစ္စည်းများကို စီးပွားရေးပြိုင်ဘက်များက  တုပ ၍ ရောင်းချလာကြပြီး  ဒီဇိုင်းများကို အခြားသူများက  ပုံတူကူးချခြင်း၊ ဆင်တူယိုးမှား ပြုလုပ်ရောင်းချခြင်း၊  အရည်အသွေးညံ့သည့်ပစ္စည်း ဒီဇိုင်းအတုများ ထုတ်လုပ်ခြင်း  စသည့် မူပိုင်ခွင့်ပိုင်ရှင်များ၏ အခွင့် အရေးများကို နည်းအမျိုးမျိုးဖြင့် ချိုးဖောက်ခြင်းများ  ဆောင်ရွက်နေ သည်ကိုတွေ့ရသည်။ ထိုကဲ့သို့ ချိုးဖောက်မှုများကြောင့် ဒီဇိုင်းဖန်တီး သူများ၊ ထုတ်ကုန်ဒီဇိုင်းပိုင်ရှင်များ၏ အကျိုးခံစားခွင့်များ၊  အခွင့် အရေး ဆုံးရှုံးမှုများဖြစ်ပေါ်နေပြီး မမျှတသည့် ဈေးကွက်ယှဉ်ပြိုင်မှု များ ဖြစ်ပေါ်နေသည်ကို ဝမ်းနည်းဖွယ်တွေ့ရပြီး မူပိုင်ခွင့်ချိုးဖောက်မှု အန္တရာယ်များကို ထိရောက်စွာဟန့်တားနိုင်ရန်အတွက် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေသည် မရှိမဖြစ် လိုအပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်  စက်မှုဒီဇိုင်းဖန်တီးသူများနှင့်  သုံးစွဲသူများ အကြား နည်းပညာဗဟုသုတနှင့်  လူမှုစီးပွားဘဝ သာယာဝပြောရေး ကို အပြန်အလှန် အကျိုးပြုစေရန်၊  စက်မှုလက်မှုလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ဖန်တီးသူနှင့်စက်မှုဒီဇိုင်း သုံးစွဲသူများ၏အခွင့်အရေးနှင့်စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများ အကြား ဟန်ချက်ညီနိုင်ရေးတို့တွင် အထောက်အကူဖြစ်စေရန်တို့ကို ရည်ရွယ်၍ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဒီဇိုင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့် အကာအကွယ်  ရယူထား ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုဆွဲဆောင်နိုင်ပြီး  ယှဉ်ပြိုင်နိုင် စွမ်းရှိသည့် စီးပွားရေးဈေးကွက်ကို ရရှိစေနိုင်မည့်အပြင် ဒီဇိုင်းဖန်တီး သူများ၏ဖန်တီးမှု  လက်ရာများကို အခြားသူများ  ခိုးယူတုပခြင်းတို့မှ အကာအကွယ်ပေးနိုင်ခြင်း၊   လှပဆန်းသစ်သော    ဒီဇိုင်းသစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာနိုင်စေခြင်း၊   ဒီဇိုင်းဖန်တီးလိုစိတ်များ မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် စီးပွားရေးနယ်ပယ်များတွင် မျှတသော ယှဉ်ပြိုင်ရောင်းဝယ်မှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်သည်။
ထို့အပြင်  စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စနစ်တစ်ရပ် ခိုင်မာစွာတည်ဆောက်နိုင်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေခြင်း၊  စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုး တက်စေနိုင်ခြင်း၊  စက်မှုဒီဇိုင်းနည်းပညာ   တိုးတက်လာစေရေးနှင့် ပြန့်ပွားရေးကို အထောက်အကူပြုစေနိုင်ခြင်း စသည့် အကျိုးကျေးဇူး များကိုလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံတွင် စက်မှုဒီဇိုင်း မှတ်ပုံတင်လျှောက်ထားခြင်းများကို၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁ရက် နေ့မှစ၍  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင် ခွင့်ဦးစီးဌာနတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း  ၂၀၂၄ ခုနှစ် ဇန်န ဝါရီ ၃၁ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ သည်။ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ မူပိုင်ခွင့်ဦးစီးဌာနအောက်ရှိ လျှောက်လွှာ လက်ခံဌာနနေပြည်တော်(ရုံးချုပ်)၊အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) နှင့်အထက်မြန်မာပြည်ရုံးခွဲ(မန္တလေး)တို့တွင်   လာရောက်လျှောက် ထားခြင်းဖြင့်လည်းကောင်း၊ဦးစီးဌာနက သတ်မှတ်ထားသည့်အီလက် ထရွန်နစ် မှတ်ပုံတင်စနစ်ဖြင့်လည်းကောင်း   လျှောက်ထားနိုင်ပြီး စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ industrial designdept.mm@gmail.com  နှင့်ဖုန်းနံပါတ် ဝ၆၇၃၄၃၀၅၉၈သို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ