Main menu

Background

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် တီထွင်မှု၏အရေးပါပုံ

Mon, 03/04/2024 - 11:40 -- journal_editor

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်   ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်  စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူ ရေးကို အဓိကထားသော စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။  အဓိက အကြောင်းအရင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၊ ခေတ်မီနည်းပညာများရရှိမှုနည်း ပါးခြင်း၊ ကူညီပံ့ပိုးမှုစနစ်များအားနည်းခြင်း  စသည်တို့ကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သုတေသီများက ပြော ကြသည်။ 
တီထွင်ဖန်တီးမှုများသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ ယဉ်ကျေးမှု၊ စက်မှုလက်မှုနှင့် လူနေမှုအဆင့်အတန်းကဏ္ဍအားလုံးနှင့်ဆက်စပ်လျက်ရှိသည်။  အသိပညာအချက်အလက် နှင့် နည်းပညာများသည်  တစ်နေရာတည်း စီးဆင်းသွားမြဲမရှိဘဲ တစ်ဦးတစ်ယောက်   တီထွင်ဖန်တီးမှု၏   အကျိုးရလဒ်သည် အားလုံးအပေါ် သက်ရောက်မှုရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့ခေတ်ကဲ့သို့ ပြောင်းလဲတိုးတက်မှုမြန်သည့်ခေတ်တွင် မိမိ တို့တီထွင်ဖန်တီးထားသည့် ဖန်တီးမှုနှင့်ဆိုင်သည့် အသိပညာနှင့် နည်းပညာများပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲသကဲ့သို့ပင်   မိမိတို့ ဖန်တီးမှုနှင့်သက်ဆိုင်သည့် အခြားသူများ၏  တီထွင်မှုဆိုင်ရာ အချက်အလက်နှင့် နည်းပညာကိုလေ့လာရန် လွယ်ကူလာသည်။ မူပိုင်ခွင့်အကာအကွယ်ပေးခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သက်ဆိုင်သည့်တီထွင်ဖန်တီးမှုများ မြှင့်တင်နိုင်ရန် နှစ်ပေါင်းများ စွာကပင် ဆောင်ရွက်ခဲ့ကြသည်။ 
မြန်မာနိုင်ငံတွင်လည်း တီထွင်မှုများကို အကာအကွယ်ပေး မည့် တီထွင်မှု မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ ၁၁ရက်နေ့ တွင် တီထွင်သူများနှင့် တီထွင်မှုကို အသုံးပြုသူများအကြား နည်း ပညာဗဟုသုတနှင့်လူနေမှုစီးပွားဘဝ  သာယာဝပြောရေးများကို အပြန်အလှန်   အကျိုးပြုစေရန်၊   နည်းပညာဆိုင်ရာ ဆန်းသစ် တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူးလွှဲပြောင်းရေးတို့ကို မြှင့်တင် နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက် စေရန်နှင့် တီထွင်ဖန်တီးသော လူနေမှုပတ်ဝန်းကျင်ဖြစ်ပေါ်စေ ရေးအတွက် အားပေးရန်  ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့သည်။  တီထွင်မှု မူပိုင်ခွင့်  အကာအကွယ်ရရှိပြီးသော    တီထွင်မှုများမှာလည်း လူသားတို့အတွက်အရေးပါသော  ကဏ္ဍတော်တော်များများတွင် အမှန်တကယ် အကျိုးပြုနေသည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများ   တီထွင်ခြင်း၊ မွေးမြူရေး  လုပ်ငန်းသုံး ပစ္စည်းများ တီထွင်ခြင်းဖြင့် အချိန်ကုန်  လူပင်ပန်းသက်သာပြီး    ပြည်သူလူထုများမှာလည်း  အကျိုးသက်ရောက်မှု    ရရှိလာ မည်ဖြစ်သည်။ တီထွင်မှု မူပိုင်ခွင့်လျှောက်ထားသူမှ ၎င်း၏တီထွင်ဖန်တီးမှုဆိုင်ရာ သတင်းအချက်အလက်များကို   ထုတ် ဖော်ပြသပေးခြင်းမှာ နည်းပညာစဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက် ရန်အတွက်   အလွန်အရေးကြီးပါသည်။ ပြည်သူလူထုအနေဖြင့် လည်း  မိမိတို့သိရှိနားလည်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး တို့အတွက် တီထွင်မှု  မူပိုင်ခွင့်နှင့်သက်ဆိုင်သည့် အသိပညာ ဗဟုသုတများကို အခြားသူများသို့  ပြန်လည်ဖြန့်ဝေခြင်းဖြင့် မိမိ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက်သာမက နိုင်ငံတော် ၏အကျိုးစီးပွားများကိုလည်း များစွာအထောက်အကူပြုစေသည်။
စိုက်ပျိုးမွေးမြူရေးနှင့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သည် နိုင်ငံတော်အတွက် စားနပ်ရိက္ခာဖူလုံရေး၊ တောင်သူလယ် သမားများအတွက် ဝင်ငွေတိုးတက်ရရှိရေး၊  ၎င်းတို့၏ လူနေမှု စီးပွားဘဝများ   မြင့်မားလာရေးနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပြည်ပဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးတို့ အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ရာ အောင် မြင်မှုရရှိနိုင်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများသာမက စိုက်ပျိုး မွေးမြူရေးတောင်သူများ၊   လုပ်ငန်းရှင်များနှင့်အခြားဆက်စပ် ကဏ္ဍများကပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်။
နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့်  ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးနည်းစနစ်များကို လေ့လာနှိုင်းယှဉ်၍  မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး လုပ်ဆောင်ကြ ရန်လည်း လိုအပ်မည်ဖြစ်သည်။ ထိုကဲ့သို့  တီထွင်ကြံဆမှုများကို ကိုယ်တိုင်လည်းတီထွင်နိုင်ရမည်၊ အခြားသူများကိုလည်း တီထွင် နိုင်ရန် တိုက်တွန်းအားပေးရမည်။ မိမိတို့နိုင်ငံမှစိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ဆိုင်သည့်တီထွင်မှုများကို ဖန်တီးခြင်းဖြင့် ထုတ်လုပ်မှု နှင့်စားသုံးမှုမျှတပြီးကုန်ဈေးနှုန်းများသင့်တင့်လာမည်ဖြစ်သည်။ စားသုံးမှုနှင့် ထုတ်လုပ်မှုမျှခြေရှိမည်ဆိုပါက   ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။  မြန်မာ့စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင်   ခေတ်မီနည်းစနစ်များကို တီထွင်ကြံဆ ဖန်တီးခြင်းဖြင့် အစိုးရ၊ တောင်သူ၊ ပုဂ္ဂလိကပိုင်းတို့က စဉ်ဆက် မပြတ် ဝိုင်းဝန်းဆောင်ရွက် ကြိုးပမ်းရန်  လိုအပ်သလို မူပိုင်ခွင့် ဦးစီးဌာနအနေဖြင့်လည်း စိုက်ပျိုး၊ မွေးမြူရေး ကုန်ထုတ်စွမ်းအား များ တိုးတက်မြင့်မားလာအောင် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိ ပညာပေးမှုများနှင့်   တီထွင်ဖန်တီးမှုများကို   မူပိုင်ခွင့် အကာ အကွယ်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မူပိုင်ခွင့်ဦးစီးဌာန