Main menu

Background

စာပေ သို့မဟုတ် အနုပညာလက်ရာများ မူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားနိုင်

Mon, 03/04/2024 - 11:41 -- journal_editor

စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့်အခွင့် အရေးပိုင်ရှင်များ၏အခွင့်အရေးများကိုဥပဒေနှင့်အညီအကာအကွယ် ပေးနိုင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို  အမိန့်ကြော်ငြာစာ အမှတ် (၂၁၈/၂၀၂၃) ဖြင့်  ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၃၁ ရက်တွင် အာဏာသက်ဝင်ခဲ့ပြီး  ၎င်းဥပဒေကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ  ၂၃ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။ 
မှတ်ပုံတင်လျှောက်ထားခြင်းအတွက် လိုအပ်သောလျှောက်လွှာ ပုံစံများကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ်(၇၃/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း  ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။  စာပေ သို့မဟုတ် အနုပညာလက်ရာ  မှတ်ပုံတင်လျှောက်ထားခြင်း၊    ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ယင်းတို့ နှင့်စပ်လျဉ်းသည့်  လျှောက်ထားခြင်းများအတွက် လျှောက်လွှာပုံစံ အမျိုးအစား(၁၃)မျိုးကို သတ်မှတ်ထုတ်ပြန်ထားပြီး မှတ်ပုံတင်လျှောက် ထားခြင်းနှင့်သက်ဆိုင်သည့် လျှေက်ထားမှု အမျိုးမျိုးအတွက် ပေးသွင်း ရမည့် အခကြေးငွေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 
စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများ ကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ  ၉ ရက်တွင် စတင်လျှောက်ထားနိုင်ပြီဖြစ် ကြောင်းနှင့် မှတ်ပုံတင်လျှောက်ထားလိုပါက   စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသို့  လူကိုယ်တိုင် လာ ရောက်လျှောက်ထားနိုင်သည့်အပြင် အီလက်ထရွန်နစ်စနစ် (CRFile System)ကို အသုံးပြုပြီး  https://crfile.ipd.gov.mm တွင်  လျှောက် ထားနိုင်မည်ဖြစ်သည်။ မှတ်ပုံတင်လျှောက်ထားရာတွင် မူပိုင်ခွင့်ပိုင်ရှင် ကိုယ်တိုင်လျှောက်ထားနိုင်သလို  ကိုယ်စားလှယ်နှင့်လည်း လျှောက် ထားနိုင်သည်။ နိုင်ငံခြားသားက လျှောက်ထားမည်ဆိုလျှင် မြန်မာနိုင်ငံ သား ကိုယ်စားလှယ်ကို မဖြစ်မနေ ခန့်အပ်ပြီး လျှောက်ထားရမည်ဖြစ် သည်။ 
စာပေနှင့်အနုပညာမူပိုင်ခွင့်သည် မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မှတ်ပုံမတင်ထားသည်ဖြစ်စေ     မူပိုင်ခွင့်ကို ရရှိမည်ဖြစ်သော်လည်း မူပိုင်ခွင့်မှတ်ပုံတင်ထားခြင်းဖြင့် မူပိုင်ခွင့်အငြင်းပွားမှုများ ဖြစ်ပွား သည့်အခါ  မှတ်ပုံတင်လက်မှတ်ကို ခိုင်လုံသော  သက်သေအထောက် အထားအဖြစ် တရားစွဲဆိုရာတွင် တင်ပြနိုင်မည်ဖြစ်သည်။ 

စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲ