Main menu

Background

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Mon, 03/04/2024 - 12:11 -- journal_editor

ဒီဂျစ်တယ်စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee-DEDC)၊ ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ၏  ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၄)ကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင်  စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)  ညီလာခံ ခန်းမ၌  ဥက္ကဋ္ဌ(၁)ဖြစ်သူ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဥက္ကဋ္ဌ(၂) ဖြစ်သူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ ဦးဆောင်၍ ပြုလုပ်ခဲ့ သည်။ 
အစည်းအဝေးသို့ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော် မတီ၊ ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ များ၏ အတွင်းရေးမှူးများ၊DEDC Joint Task Force မှ တာဝန်ရှိ သူများ၊DEDC အတွင်းရေးမှူး(၁)ရုံးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင်  ဒီဂျစ်တယ်စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊  လုပ်ငန်းကော်မတီအသီးသီးမှ  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက် လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ(၁)နှင့် ဥက္ကဋ္ဌ(၂)တို့ထံ တင်ပြခဲ့ကြပြီး  DEDC Joint Task Force  က ပြန်လည် သုံးသပ် မွမ်းမံပြင်ဆင်ရေးဆွဲထားသည့် မြန်မာဒီဂျစ်တယ်စီးပွားရေး လမ်းပြ မြေပုံအသစ် (ပထမမူကြမ်း)ကို အပြီးသတ်ဆွေးနွေး၍ အတည်ပြုနိုင် ခဲ့ကြောင်း သိရသည်။  
မြန်မာဒီဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ (အသစ်)ကို မြန်မာ နိုင်ငံ၏ဖွံ့ဖြိုးမှု ကဏ္ဍအသီးသီးတွင် ဒီဂျစ်တယ်အသွင်သို့ ကူးပြောင်း ဆောင်ရွက်ခြင်းအားဖြင့်  အားလုံးပါဝင်သည့် ဒီဂျစ်တယ်စီးပွားရေး ပီပြင်စွာပေါ်ထွန်းလာစေပြီး ပြည်သူ တစ်ရပ်လုံး၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်း၍ အာဆီယံဒေသတွင်း၌ ညှိနှိုင်း နေသော E-Commerce  ဆိုင်ရာ သဘောတူညီချက်များ၊ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့ World Trade Organization-WTO)) တွင် ဆွေးနွေး ဆောင်ရွက်နေသော E-Commerce ဆိုင်ရာ မူဘောင်သဘောတူညီ ချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်သည်။ 
အဓိကရည်မှန်းချက်အနေဖြင့် ဒီဂျစ်တယ်စီးပွားရေးဖော် ဆောင်မှုကို ဒီဂျစ်တယ်မြန်မာ Digital Myanmar)) အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့်  ဦးတည်ဆောင်ရွက်ပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း  ဒီဂျစ်တယ်  စီးပွားရေးကဏ္ဍ၌ တိုးတက်မှုနှုန်းမြင့်မားသော နိုင်ငံတစ်ခုအဖြစ် ဖြစ်ပေါ်လာစေရန် ဖြစ်သည်။ 
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိက မောင်းနှင်အားသည် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ (Micro, Small & Medium Enterprises - MSMEs)   ဖြစ်ပြီး ၎င်းတို့တိုးတက်မှုရှိပါမှ ထို နိုင်ငံ၏စီးပွားရေးလည်း ဖွံ့ဖြိုးတိုး တက်မည်။ လုပ်ငန်းစတင်ရန် အရင်းအနှီး မလုံလောက်မှုသည် MSMEs  များ၏ အဓိကစိန်ခေါ်မှုများတွင် တစ်ခုအပါအဝင် ဖြစ် သည်။ ခေတ်မီဒီဂျစ်တယ် နည်းပညာများကို အသုံးပြု၍ စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်  အချိန်၊ ငွေ၊ ဝန်ထမ်းအင်အား တို့ကို လျှော့ချနိုင်ပြီး ထိရောက်သော အောင်မြင်မှုများကို အချိန်တို အတွင်း ရယူနိုင်မည့် အခွင့်အလမ်းကောင်းများကို  ဒီဂျစ်တယ်စီးပွား ရေးက ပေးစွမ်းနိုင်သည်။ 
ယနေ့ခေတ်ကာလသည် ဒီဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုး တက်လာသည်နှင့်အညီ ကမ္ဘာတစ်လွှားရှိ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များသည်လည်း ခေတ်မီနည်းပညာ များကို အသုံးပြု၍ ဒီဂျစ်တယ်စီးပွားရေးအသွင် ဖော်ဆောင်ကာ ဆောင်ရွက်လျက်ရှိကြသည်။ 
သို့ဖြစ်၍ မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီက ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိသော မြန်မာဒီဂျစ် တယ်စီးပွားရေးလမ်းပြမြေပုံ (အသစ်)သည် မြန်မာနိုင်ငံ၏ ဒီဂျစ် တယ်စီးပွားရေး  ပီပြင်စွာဖြစ်ပေါ်လာရေးအတွက် ပြည်သူတစ်ရပ် လုံး၏ လူမှုစီးပွားကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်လာ စေရန် အဓိက မောင်းနှင်တွန်းအားပေးနိုင်သည့် မူဝါဒလုပ်ငန်းစဉ် များကို ချမှတ်ပေးမည့် လမ်းပြမြေပုံတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။                                                                  

ဝင်းပပသူ (ကုန်သွယ်ရေး)