Main menu

Background

ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ပိုးသတ်ဆေးြွကင်း အမြင့်ဆုံးကန့်သတ်ချက်များအကြောင်း သိကောင်းစရာ

Mon, 04/01/2024 - 09:36 -- journal_editor

ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ပိုးသတ် ဆေးြွကင်း အမြင့်ဆုံးကန့်သတ်ချက်များ  အသိပညာ မြှင့်တင်ရေး  ဆွေးနွေးပွဲကို    မတ်လ ပထမပတ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အာဆီယံ-ဂျပန်စင်တာ AJC centre  တို့ပူးပေါင်း၍ AJC ၏ ၂၀၂၃-၂၄ ဘဏ္ဍာ ရေးနှစ် စွမ်းဆောင်ရည်မြှင့်တင်ရေး  ရန်ပုံ‌ငွေဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး  ဦးမင်းမင်း၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းတာဝန်ခံဒါရိုက်တာ၊ ဂျပန် ပဲအသင်းမှ ဒါရိုက်တာ မစ္စတာ ယာမာမိုတိုရှင်းယာ (Mr. Yamamoto Shinya)၊ အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းညှိနှိုင်းရေးမှူး   ဒေါက်တာနုယင်တွမ်အန်း Dr. Nguyen Tuan Anh)၊ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များ နှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန် သည်များအသင်းမှ တာဝန်ရှိသူများနှင့် ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ  တက်ရောက်ခဲ့ကြ သည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး  ဦးမင်းမင်းက မြန်မာနိုင်ငံ၏ ပဲမျိုးစုံ  စိုက်ပျိုးထုတ်လုပ်တင်ပို့မှုကို လေ့လာကြည့်မည်ဆိုပါကQuality Market ဖြစ်သော ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများအပြင် အခြားအိမ်နီး ချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုပါ အဓိကထားတင်ပို့လျက်ရှိ ကြောင်း၊ ဂျပန်နိုင်ငံသို့  ပဲမျိုးစုံ တင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ၁၁၆၀၈ ဒသမ ၁၈၃ တန် တင်ပို့နိုင်ခဲ့ရာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ် (ဧပြီလမှ ဇန်နဝါရီလ ၁၂ ရက်အထိ) တွင် ၁၉၃၆၅ ဒသမ ၃၉၅ တန်အထိ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း အဓိကအားဖြင့် ပဲတီစိမ်း၊ ထောပတ်ပဲနှင့် မတ်ပဲတို့ကို အများဆုံး တင်ပို့လျက်ရှိကြောင်း၊ နိုင်ငံအလိုက် နည်း ပညာဆိုင်ရာ လိုအပ်ချက် Technical Requirements)  အမျိုးမျိုးရှိသည့်အတွက်Quality Market  များ အပါ အဝင် ပြည်ပဈေးကွက်များသို့ တင်ပို့ရာတွင် သတ်မှတ် ထားသော  နည်းပညာဆိုင်ရာ  လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဈေးကွက်တည်မြဲရေးကို ထိန်းသိမ်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံမှ   ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့သည့် ထောပတ်ပဲနှင့် ပဲတီစိမ်းအချို့တွင် သိုင်ယာမီသိုဇင် Thiamethoxan ကဲ့သို့သော ပိုးသတ်ဆေးြွကင်းနှင့် သိုလှောင်စဉ် သဘာဝအလျောက် ဖြစ်ပေါ်သော စိုင် ယာနိုက် (Cyanide) ပမာဏသည်  ဂျပန်နိုင်ငံ၏ သတ် မှတ်ချက်ထက်ကျော်လွန်ခဲ့၍ ပို့ကုန်များကို လက်မခံ ခြင်း (သို့မဟုတ် ) ပြန်လည်တင်ပို့ခံရခြင်းများ ကြုံတွေ့  ရလျက်ရှိကြောင်း၊  ထိုသို့သော  ဖြစ်စဉ်များသည် ၂၀၂၁ ခုနှစ်တွင်  ၁၄ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ငါးကြိမ်၊ ၂၀၂၃ ခုနှစ်တွင် နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ ကုမ္ပဏီ၏   ဆုံးရှုံးမှုနှင့်အတူ   မြန်မာ့ပဲအမျိုးမျိုး၏ ဂုဏ်သိက္ခာနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်လျက်ရှိ ကြောင်း၊ ထိုသို့သော ဖြစ်ပေါ်မှုများကို လျှော့ချဖြေရှင်း နိုင်ရန်အတွက် ဂျပန်နိုင်ငံ၏ သွင်းကုန်ဆိုင်ရာ အခြေ အနေများ၊ ပိုးသတ်ဆေးြွကင်းဆိုင်ရာ ကန့်သတ်ချက် များ၊  စံချိန်စံညွှန်းများနှင့်ပတ်သက်၍  နောက်ဆုံး အခြေအနေနှင့် သတ်မှတ်ချက်များကို အချိန်နှင့်တစ် ပြေးညီသိရှိရန် လိုအပ်သော ကြောင့် ဝယ်လက်နိုင်ငံ မှ ပညာရှင်များကို ဖိတ်ခေါ်ပြီး ယခုကဲ့သို့ အသိပညာ မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။ 
ဆက်လက်၍ဂျပန်နိုင်ငံဆိုင်ရာ  မြန်မာသံအမတ် ကြီး ဦးစိုးဟန်က အွန်လိုင်းမှတစ်ဆင့်  ဝမ်းမြောက် ကြောင်း အမှာစကားပြောကြားခဲ့ပြီး အာဆီယံ-ဂျပန် စင်တာမှ  စီမံကိန်းညှိနှိုင်းရေးမှူး Dr Nguyen Tuan Anh  က  အာဆီယံ-ဂျပန်စင်တာ ဦးတည်ချက်များ အနက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများမှ နိုင်ငံသူ၊ နိုင်ငံသားများ၏ လိုအပ်ချက်များ ကိုဖြည့်ဆည်းနိုင်ရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် ကဏ္ဍကြီးငါးရပ်တွင် အားဖြည့်ကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊  စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုတွင် အရည်အသွေးပြည့်မီရေးနှင့် ဘေး အန္တရာယ် ကင်းရှင်းရေးကိစ္စများသည် အပြောလွယ် သော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲ များရှိသည်ကို     နားလည်သဘောပေါက်ကြောင်း၊ ထို့ကြောင့်  နည်းပညာဆိုင်ရာလိုအပ်ချက်များ၊ အတား အဆီးများကို အတူတကွ  ဖယ်ရှားနိုင်ရန် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်က မြန်မာ့ပဲမျိုးစုံထုတ်လုပ်မှုနှင့် ဂျပန်နိုင်ငံသို့ တင်ပို့စဉ် ကြုံတွေ့နေရသည့် စိန်ခေါ်မှု များနှင့်စပ်လျဉ်း၍ ရှင်းလင်တင်ပြခဲ့သည်။ 
ထို့နောက် ဂျပန်ပဲအသင်းရှိ စိုက်ပျိုးရေးနှင့် သုတေသနဌာနမှ ဒါရိုက်တာ Mr. Yamamoto Shinya  က ဂျပန်နိုင်ငံ၏ ပဲစားသုံးမှု၊ ပိုးသတ်ဆေး          အသုံးပြု မှုအခြေအနေများကိုvideo script ၊ Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

CTQM