ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်မှုနှင့် အရည်အသွေး မြင့်မား သော ဆန်များကို ပိုမိုဦးစားပေးလာမှုတို့ကြောင့် ထိုင်းနိုင်ငံသည် ဟောင်ကောင် နှင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ယခုနှစ်တွင် မြင့်တက်လာနိုင်ရန် မျှော်လင့် လျက်ရှိသည်။
ထို့အပြင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ ရှန်ဇန်မြို့တွင် ဆန်ဖြန့်ဖြူးရေး စင်တာထူထောင်ရန် အလိုရှိလျက်ရှိသည်။ ဟောင်ကောင် ဆန်ကုန်သည် အသင်း ဥက္ကဋ္ဌ China Mercbents Godown, Wharf & Transportation Company မှ အလုပ်အမှုဆောင်အဖွဲ့ဝင်တို့နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေး အပြီးတွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ထိုင်း နိုင်ငံတွင် ဆန်ဝယ်ယူမည့် ဖောက်သည်အုပ်စုအားလုံးအတွက် ဆန်များ၏ အရည်အသွေးကို ပိုမိုကောင်းမွန်အောင်ဖန်တီးမည့် မူဝါဒရှိနေပြီး ထိုင်းဆန် သည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ထိန်းသိမ်းနည်း အဆင့်အတန်း လည်း ရှိနေကြောင်း ပြောကြားခဲ့သည်။
ဟောင်ကောင်သည် ယခုနှစ်တွင် ထိုင်းနိုင်ငံမှ စံပါယ်ဆန်မွှေးတန်ချိန် ၁၈၀ဝ၀ဝ ဝယ်ယူရန် စီစဉ်ထားပြီး လွန်ခဲ့သည့် နှစ်ကထက် တန်ချိန် ၃၀ဝ၀ဝ တိုးမြှင့်ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ထိုင်း နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် ထိုင်းစံပါယ်ဆန်မွှေး တင်သွင်းသူများနှင့် တွေ့ဆုံခဲ့ပြီး ရှန်ဇန်မြို့တွင် ဖြန့်ဖြူးရေးစင်တာ တည် ထောင်ရန် စိတ်ဝင်စားမှု ပြသခဲ့သည်။
ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြ ီးဌာနကလည်း စင်တာအတွက် မြေငှားရမ်းရန်ကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအစိုးရနှင့် ဆွေးနွေးပေးသွားရန် အသင့်ဖြစ်နေသည်။
ဟောင်ကောင်သည် ထိုင်းနိုင်ငံအတွက် အမေရိကန်နှင့် တရုတ်နိုင်ငံပြီး နောက် တတိယမြောက် အကြီးမားဆုံး ထိုင်းစံပါယ်ဆန်မွှေး တင်သွင်းသူဖြစ် သည်။ ထိုင်းနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၅ သန်း တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Source : Bangkok Post
မြသူ (DOCA YGN)