Main menu

Background

တီထွင်ဖန်တီးမှု အကျိုးပြု

Tue, 05/07/2024 - 12:42 -- journal_editor

တီထွင်မှုတစ်ခုသည် လူသားတို့၏ ဖန်တီးနိုင်စွမ်း၊ Óဏ်ရည်Óဏ်သွေးနှင့် ပြဿနာ ဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုတို့ကို အသုံးချသည့်ဖန်တီးမှုများဖြစ် သည်။ တီထွင်မှုများသည် လူမှုနယ်ပယ်ရှိ မြင်သာထင်သာရှိသော အရာဝတ္ထုများနှင့် စက်ပစ္စည်းများမှသည် နည်းလမ်းများ သို့မဟုတ် လုပ်ငန်းစဉ်များအထိ အမျိုးမျိုး သောပုံစံများ ဖြစ်ပေါ်လာနိုင်သည်။ တီထွင်ဆန်းသစ်မှုများသည် လူ့ယဉ်ကျေးမှုနှင့် လူနေမှုဘဝမြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။  
မြန်မာနိုင်ငံတွင် တီထွင်မှုမူပိုင်ခွင့်ရရှိသူနှင့် တီထွင်သူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာအကွယ်ပေးခြင်း၊ တီထွင်မှုကို သုံးစွဲသူများနှင့် တီထွင်သူများ အကြား ဟန်ချက်ညီစေရေးနှင့် တီထွင်ဖန်တီးသော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးတို့အတွက် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်း၍ ပံ့ပိုးပေးထားသည်။ ထို့ကြောင့် တီထွင် ဖန်တီးမှုမှန်သမျှကို မြန်မာနိုင်ငံရှိ မူပိုင်ခွင့်ဦးစီးဌာနသို့ တီထွင်မှုနှင့်သက် ဆိုင်သည့် နည်းပညာဆိုင်ရာ အချက်အလက်များကို လျှောက်ထားချက်တွင် ထုတ် ဖော်ပြသ၍ လျှောက်ထားရန်လိုအပ်သည်။  သမိုင်းတစ်လျှောက်တွင် မရေမတွက် နိုင်သော တီထွင်မှုများသည် ကျွန်ုပ်တို့၏ နေထိုင်မှုဘဝပုံစံကို ပြောင်းလဲပေးသည့် နည်းပညာများပါဝင်သည့်အတွက် လူ့အဖွဲ့အစည်းအပေါ် လေးနက်သောအကျိုး သက်ရောက်မှုရှိသည်။ 
တီထွင်ဆန်းသစ်မှုများသည်    လူတစ်ဦးချင်းသာမက  လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းများအပေါ် သိသာထင်ရှားသော သက်ရောက်မှုများရှိနိုင်သော ကြောင့် နည်းလမ်းအမျိုးမျိုးဖြင့် လူအများနှင့် ဆက်စပ်လျက်ရှိသည်။  လူ့အဖွဲ့ အစည်း၏ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဆေးဘက် ဆိုင်ရာ အောင်မြင်မှုများ၊ စွမ်းအင်သက်သာသော နည်းပညာများနှင့် ဆက်သွယ် ရေးဆိုင်ရာနည်းပညာ  တိုးတက်မှုများအစရှိသည့် တီထွင်မှုများသည်  အများ ပြည်သူ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည့်  တီထွင်ဖန်တီးမှုများဖြစ် သည်။ 
အဆိုပါ တီထွင်ဖန်တီးမှုများကြောင့် ထုတ်ကုန်များ သို့မဟုတ် ထုတ်လုပ်မှု နည်းစဉ်များကို ပိုမိုရရှိနိုင်ပြီး တီထွင်ဖန်တီးမှုများသည် အများသူအပေါ် ကျယ် ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိသည်။ လူမှုဘဝ အကျိုးသက်ရောက်မှုအနေဖြင့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး ဆိုင်ရာ တီထွင်မှုများသည် အများပြည်သူ၏ သုခချမ်းသာအပေါ် တိုက်ရိုက်သက် ရောက်မှုရှိနိုင်သည်။ အင်တာနက်နှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကဲ့သို့သော ဆက်သွယ်ရေးနည်းပညာဆိုင်ရာ တီထွင်မှုများသည် လူအချင်းချင်းချိတ်ဆက်မှု၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် အပြန်အလှန် ဆက်ဆံရေးတို့ကို တိုးတက် ပြောင်းလဲစေသည်။ 
အလုပ်အကိုင်ဖန်တီးမှုနှင့် စီးပွားရေးအကျိုးသက်ရောက်မှုဆိုင်ရာ အချို့ သောတီထွင်မှုများသည် စက်မှုလက်မှု လုပ်ငန်းအသစ်များနှင့် အလုပ် အကိုင်အခွင့် အလမ်းများ ဖန်တီးမှုကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ - အင်တာနက် ထွန်းကားလာ မှုကြောင့် နည်းပညာနှင့် အွန်လိုင်းဝန်ဆောင်မှုများနှင့် ပတ်သက်သော အလုပ် မျိုးစုံကို မွေးဖွားပေးခဲ့သည်။ 
ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးဆိုင်ရာ ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဂိမ်း များကဲ့သို့သော ဖျော်ဖြေရေးနယ်ပယ်ရှိ တီထွင်မှုများသည် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများကို ပုံဖော်ရန်နှင့် အများသူငှာ သဘောထားများနှင့် အမြင်များကို လွှမ်းမိုးနိုင်စေရန် အထောက်အကူပြုသည်။ သယ်ယူပို့ဆောင်ရေး၊ အရေးပေါ်တုံ့ပြန် ရေးစနစ် တိုးတက်မှုများကဲ့သို့သော အများသူငါ ဘေးကင်းရေးဆိုင်ရာ တီထွင်မှုများ သည် အများပြည်သူ၏  ထိခိုက်နစ်နာမှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်စေ သည်။  အချုပ်အားဖြင့်ဆိုရသော် တီထွင်ဆန်းသစ်မှုများသည် များစွာသော နည်း ပညာများဖြင့် အများပြည်သူအပေါ် ဆက်နွှယ်နေပြီး နေ့စဉ်လူနေမှုဘဝ၊ လူမှုဖွဲ့ စည်းပုံများနှင့် လူတစ်ဦးချင်း သာမက လူ့အဖွဲ့အစည်းများ၏ အလုံးစုံသော သုခ ချမ်းသာတို့ ကို လွှမ်းမိုးထားသည်။ တီထွင်ဆန်းသစ်မှုများသည်  လူမှုအဖွဲ့အစည်း တိုးတက်မှုဆီသို့ ဦးတည်သွားလေ့ရှိသည်။

မူပိုင်ခွင့်ဦးစီးဌာန၊ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲ