Main menu

Background

လက်ဖက် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့် အကာအကွယ် ရယူကြပါစို့

Tue, 05/07/2024 - 12:45 -- journal_editor

လက်ဖက်ရွက်ကို  မြန်မာနိုင်ငံ  အပါအဝင် အရှေ့ တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသည်။ မြန်မာလူမျိုးများ အနှစ်သက်ဆုံးသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ် သည်။ လက်ဖက်အစိုသည် မြန်မာနိုင်ငံတွင် အဓိက အသုံး ပြုပြီး နိုင်ငံတကာတွင် လက်ဖက်ရည်ကြမ်းဟု ခေါ်သော အခါးရည် (ရေနွေးကြမ်း) Green Tea) အဖြစ် အသုံးများကြ သည်။ ကမ္ဘာတစ်ဝန်းတွင် မသိသူမရှိလောက်အောင် သုံးစွဲ လျက်ရှိသော ကုန်ကြမ်းတစ်မျိုးပင်ဖြစ်သည်။ ထိုလက်ဖက်ကို သီရိလင်္ကာနိုင်ငံတွင် မိရိုးဖလာ ရိုးရာအသိပညာကို တစ်ဆင့် မြှင့်၍  တီထွင်ဖန်တီးပြုလုပ်ကာ  တန်ဖိုးမြှင့်ထုတ် ကုန်ထုတ် လုပ်ပြီး မူပိုင်ခွင့်ယူခဲ့သည်ကို  သိရသည်။
 သီရိလင်္ကာနိုင်ငံ ကျွန်းငယ်လေးသည် နှစ်စဉ်လက်ဖက် ခြောက် ကီလိုဂရမ် သန်း ၃၀ဝ ခန့် ထွက်ရှိသည်။ ထိုသို့စိုက်ပျိုး မှုမှရရှိ‌သော သဘာဝလက်ဖက်ကို စားသုံးသူများ စိတ်ဝင် စားမှုမြင့်တက်ချိန်တွင်   လက်ဖက်သုတေသနဌာန Tea Research Institute-TR) သည် လက်ဖက်ကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန် တီထွင်ဖန်တီးခဲ့သည်။  
TRI    သည် Dimbula ဒေသမှ လိမ္မော်ရောင်Pekoe Black Tea ဖြင့် လက်ဖက်ဝိုင်ကို တီထွင်ဖန်တီးခဲ့သည်။ လက် ဖက်ခြောက်ကို မိရိုးဖလာရိုးရာဝိုင်ပြင်ဆင်မှုနည်းစနစ်နှင့် ကစော်ဖောက် ခြင်းကို အသုံး ပြု၍ လက်ဖက်ဖြင့်ပြုလုပ်သော အနီရောင်ဝိုင်ကို ထုတ်ကုန်အဖြစ် ဖန်တီးထုတ်လုပ်ခဲ့သည်။ ထိုလက်ဖက်ဝိုင်မှာ သကြားပါဝင်မှုအလွန်နည်းပါးပြီး အရက် ၁၂ ရာခိုင်နှုန်းပါဝင်၍ ထူးခြားသော အနံ့အရသာရှိသော ကြောင့် ကျွမ်းကျင်ဝိုင်အရသာရှင်များ၏ နှစ်ခြိုက်မှုကို လက်ခံရရှိခဲ့သည်။ ထိုလက်ဖက်ဝိုင်ထုတ်ကုန်ကို  ၂၀ဝ၅ ခုနှစ် တွင် တီထွင်မှုမူပိုင်ခွင့် ရရှိခဲ့သည်။ 
ထို့ပြင် လက်ဖက်ခြောက်ဖြင့်ပြုလုပ်သည့် ဇီဝမြေသြဇာ ကိုလည်း တီထွင်ခဲ့သည်။ အဆိုပါဇီဝမြေသြဇာကို သက်တမ်း ရှိ လက်ဖက်ပင်များအတွက် အသုံးပြုနိုင်ပြီး၊ အခြားသီးနှံများ တွင် အသုံးပြုနိုင်ရန်အတွက်လည်း စမ်းသပ်ဆောင်ရွက်  လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဇီဝမြေသြဇာကို ၂၀၁၆ ခုနှစ်တွင် တီထွင်မှု မူပိုင်ခွင့်ရရှိခဲ့ပြီး ထုတ်လုပ်မှုမြှင့်တင်ရန် နှင့် စီးပွားဖြစ် စတင်ရန် ပူးပေါင်းဆောင်ရွက်မှုများကို လုပ် ဆောင်နေကြသည်ကိုလည်း သိရသည်။
ထို့ပြင်TRI သည် လက်ဖက်စိမ်းဆော့စ်ကို တီထွင် ဖန်တီးခဲ့ပြီး အနီရောင်အစပ်  လက်ဖက်ခြောက်ဆော့စ်မှာ သီရီလင်္ကာအပါအဝင် အာရှနိုင်ငံအချို့တွင် တွေ့ရသည်။ TRI  တီထွင်သော လက်ဖက်စိမ်း ဆောစ့်မှာ လက်ဆတ်သော လက်ဖက်စိမ်းရွက်ဖြင့် ပြုလုပ်ထားသည်။  ထိုလက်ဖက်စိမ်း ဆော့စ်ကို သီရိလင်္ကာနိုင်ငံတွင် စီးပွားဖြစ် ရောင်းတန်းဝင်လူ ကြိုက်များ ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ပြင် ကုမ္ပဏီကြီးများ၊startup အဖွဲ့များနှင့်SME  လုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များထံမှ အဆိုပါ ထုတ်ကုန်ဈေးကွက် တင်သွင်းရန် တောင်းဆိုမှု  များစွာကို လက်ခံရရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။
ထိုသို့  သီရိလင်္ကာနိုင်ငံတွင် ဒေသတွင်းစိုက်ပျိုးခြင်းမှ မူရင်းထွက်ရှိသည့် လက်ဖက်ကို မိရိုးဖလာ ရိုးရာအသိပညာ ကို တစ်ဆင့်မြှင့်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တီထွင်ဖန်တီး ထုတ်လုပ်ခဲ့ပြီး   မူပိုင်ခွင့်  အကာအကွယ်ရယူထားသဖြင့် တီထွင်ဖန်တီးသူများအနေဖြင့် ကောင်းမွန်သော အကျိုး ရလဒ် များစွာရရှိခဲ့ကြသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား သည့် နိုင်ငံဖြစ်သည်။ သဘာဝမှ ကောင်းစွာပေးသော စိုက် ပျိုးခြင်းနှင့်သက်ဆိုင်သည့် မူရင်းဒေသထွက် ဇီဝအရင်းအမြစ် များကို ရိုးရာအသိပညာဖြင့် ပေါင်းစပ်တီထွင်ဖန်တီးပြီး အရည်အသွေးမြင့်မားသော တန်ဖိုးမြှင့်ထုတ်ကုန်များစွာကို တီထွင်ဖန်တီးထုတ်လုပ်ကာ မူပိုင်ခွင့်အကာအကွယ် ရယူ ဆောင်ရွက်သင့်သည်။
 ထိုသို့ မူပိုင်ခွင့်အကာအကွယ်ရယူထားခြင်းဖြင့် ဒေသ တွင်း စိုက်ပျိုးရေးကဏ္ဍများမှာ ပိုမိုတိုး တက်လာမည်ဖြစ်ပြီး ကုန်ထုတ် လုပ်မှုများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း များအနေဖြင့်လည်း  ပိုမိုအားကောင်းလာမည်ဖြစ်ပြီး မိမိ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက်သာမက နိုင်ငံ တော်၏ အကျိုးစီးပွားကိုလည်း များစွာ အထောက်အကူပြုစေ မည် ဖြစ်ပါသည်။     

 

တီထွင်မှုမူပိုင်ခွင့်ဌာနခွဲ၊ မူပိုင်ခွင့်ဦးစီးဌာန